Friday, June 3, 2016

ကယ်လီဖိုးနီးယားတက္ကသိုလ်ပစ်ခတ်မှု လူသတ်သမားနှင့် အခြားတစ်ဦးသေဆုံး

လော့စ်အိန်ဂျလိစ် ဇွန် ၂

လော့စ်အိန်ဂျလိစ်ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်၌ ဗုဒ္ဓဟူးနေ့က အသေခံ လူသတ်သမားတစ်ဦးက အခြားသူတစ်ဦး ကိုပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့သောကြောင့် တက္ကသိုလ် ကျောင်းဝင်းကို နှစ်နာရီကြာ ပိတ်ထားခဲ့ရကြောင်း သိရသည်။
အင်ဂျင်နီယာ အဆောက်အအုံ၌ လူတစ်ဦးသည် အခြားလူတစ်ဦးကို ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့ကြောင်း လော့စ်အိန်ဂျလိစ် ရဲမှူးချာလီဘတ်က ပြောသည်။ ထို့နောက် ရဲမှူးက သေနတ်ကို အခင်း ဖြစ်ပွားရာနေရာ၌ ရှာဖွေသိမ်းဆည်း ခဲ့သည်။
လော့စ်အိန်ဂျလိစ်ရှိ ကယ်လီဖိုး နီးယားတက္ကသိုလ်ကို ဆက်လက် ခြိမ်းခြောက်မှုများ မရှိတော့သလို ယင်းတက္ကသိုလ်အပြင်ဘက်၌ သံသယ ဖြစ်ဖွယ် တစ်စုံတစ်ရာကိုလည်း မတွေ့ရှိ ကြောင်း ၄င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ သေဆုံးသူများနှင့် ပတ်သက်သည့် အခြားအချက်အလက် များကို မသိရသေးပေ။ 

ရဲတပ်ဖွဲ့မှ အသေခံပစ်မှုနှင့် သက် ဆိုင်သည့်မှတ်စုများကို ပြန်လည်ရှာဖွေ ဖော်ထုတ်နေကြောင်း ပြောသည်။ ပစ် ခတ်မှုဖြစ်စဉ်ကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် ရဲတပ်ဖွဲ့ဝင် ၂ဝဝ ခန့် ရဲလုပ်ငန်း များဆောင်ရွက်နေကြောင်း သိရသည်။ သမ္မတ ဘားရက်အိုဘားမားကလည်း ၄င်း၏အဖွဲ့ကို ပစ်ခတ်မှုဖြစ်ပွားခြင်းဆိုင် ရာ နောက်ဆုံးသတင်းအချက်အလက် များကိုပေးရန် တောင်းဆိုထားကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျိုးအားနတ်က ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာ၌ နာရီ အတော်ကြာ တင်းကျပ်ထားပြီးနောက် စာသင်ခန်းများကို ကြာသပတေးနေ့တွင် ပြန်လည်စတင်နိုင်ခဲ့ကြောင်း တက္ကသိုလ် တာဝန်ရှိသူများက ပြောသည်။
(ရိုက်တာ)

No comments:

Post a Comment