Wednesday, June 1, 2016

ငြိမ်းချမ်းရေးအတွက် နေတန်ယာဟု ပါလက်စတိုင်းနှင့်ဆွေးနွေးလို



ဂျေရုဆလင် မေ ၃၁

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ၂ဝဝ၂ ခုနှစ်က အာရပ်ငြိမ်းချမ်းရေး ကနဦးအဖွဲ့ကို ပြန်လည်အသက်သွင်းရေး တနင်္လာနေ့က ဆွေးနွေးခဲ့ရာ ပါလက်စတိုင်း နိုင်ငံသားများနှင့် အာရပ်တိုင်းပြည်များမှ အစ္စရေးကို သံတမန်ရေးအရ အသိအမှတ်ပြုမှု ကို ကမ်းလှမ်းခဲ့သည်။
နေတန်ယာဟု၏ ပြောဆိုချက်များသည် ပြီးခဲ့သောသီတင်းပတ်က အီဂျစ်သမ္မတ အယ်လ်စီစီနှင့်တွေ့ဆုံဆွေးနွေးစဉ် တရားဝင်တုံ့ပြန်ခြင်းဖြစ်ပြီး စီစီသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်စတင်ရေး ကြိုးပမ်းအားထုတ်မှုကို အစ္စရေးကလက်ခံခဲ့လျှင် အစ္စရေးနှင့် ဆက်ဆံရေးနွေးထွေးမည်ဟု ကတိကဝတ်ပြုခဲ့သည်။

အာရပ်ငြိမ်းချမ်းရေး ကနဦးလုပ်ဆောင်ချက်များတွင် ပါလက်စတိုင်းနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်တည်ဆောက်ရန် အကူအညီဖြစ်စေမည့် အပြု သဘောဆောင်သည့် အချက်အလက်များပါဝင်ကြောင်း နေတန်ယာဟုက ပြီးခဲ့သော တစ်နှစ်ကျော်က အစ္စရေးသတင်းထောက်များကို ပြောဆိုခဲ့သည့်အတိုင်း ပြောကြား ခဲ့သည်။
အာရပ်နိုင်ငံများနှင့် ကနဦးဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လိုကြောင်း၊ ယင်း ဆွေးနွေးချက်များသည် ၂ဝဝ၂ ခုနှစ်ကတည်းက ဒေသတွင်း၌ မယုံနိုင်ဖွယ်ရာ ပြောင်း လဲမှုများရောင်ပြန်ဟပ်စေခဲ့ကြောင်း သို့သော်လည်း နှစ်နိုင်ငံသဘောတူညီထား သည့် ရည်မှန်းချက်ကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ၄င်းကထပ်လောင်းပြော ဆိုခဲ့သည်။

နေတန်ယာဟုသည် တွေ့ဆုံဆွေးနွေးမှုအတွင်း အင်္ဂလိပ်ဘာသာကို အသုံး ပြုခဲ့သည်။ ၄င်းသည် ဟီဘရူးဘာသာစကားကို အများဆုံးပြောဆိုလေ့ရှိပြီး နိုင်ငံ တကာအသိုင်းအဝိုင်းသို့ သတင်းစကားဖော်ပြလိုသောအခါမှသာ အင်္ဂလိပ်ဘာသာ ကို သုံးခြင်းဖြစ်သည်။
(ရိုက်တာ)

No comments:

Post a Comment