Wednesday, June 1, 2016

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်ရန် ကြိုးပမ်းမှုမအောင်မြင်

ပြုံယမ်း မေ ၃၁

မြောက်ကိုရီးယားသည် အင်္ဂါနေ့အစောပိုင်းက အရှေ့ဘက်ကမ်းရိုးတန်းဘက်မှ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ရာ မအောင်မြင်ခဲ့ကြောင်းသိရသည်။ ယခုအကြိမ်သည် မြောက်ကိုရီးယား၏ စမ်းသပ်ပစ်လွှတ်မှုမအောင်မမြင်ဖြစ်ရခြင်းမှာ နောက်ဆုံးအကြိမ်
ဖြစ်လိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယားဘက်က ပြောသည်။
စမ်းသပ်မှုကိုပြုလုပ်သောအချိန်သည် နံနက်ပိုင်း ၅ နာရီမိနစ် ၂ဝ ဝန်းကျင်ခန့် ကဖြစ်ကြောင်း တောင်ကိုရီးယားဘက်က ပြောဆိုပြီး အသေးစိတ်ကိုမူပြောဆိုခြင်းမရှိပေ။ ဇန်နဝါရီလမှစ၍ မြောက်ကိုရီးယား၏ လေးကြိမ်မြောက် နျူကလီးယားစမ်း သပ်ပစ်လွှတ်မှုများကြောင့် အရှေ့မြောက်အာရှဒေသတွင် တင်းမာမှုများမြင့်တက် လျက်ရှိသည်။
ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ဖွယ်ရာရှိ သည့်အကြောင်းကို တနင်္လာနေ့က စစ်ရေးအရသတိပေးချက်များ ထုတ်ပြန်ခဲ့ သည်။
(ရိုက်တာ)

No comments:

Post a Comment