Thursday, June 30, 2016

မြန်မာနှင့် လာအိုတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးအားကစားပြိုင်ပွဲယှဉ်ပြိုင်ကစားရန် လာအိုပြည်သူ့တပ်မတော် အားကစားအဖွဲ့ရောက်ရှိ


Myanmaalinn's photo.
 နေပြည်တော် ဇွန် ၂၉

မြန်မာနှင့် လာအိုတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးအားကစားပြိုင်ပွဲ ယှဉ်ပြိုင် ကစားရန်အတွက် လာအိုပြည်သူ့ တပ်မတော်မှ Col. Bountao Thongmanila, Deputy Director General of Training Department, General Staff Department ဦးဆောင်သော အဖွဲ့ဝင် ၄၇ ဦးပါဝင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် လေ ကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ် သို့ ရောက်ရှိလာရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီး များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ အခြေစိုက် လာအိုသံရုံးမှ စစ်သံမှူးနှင့် အဖွဲ့တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာနှင့် လာအို တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများအနေဖြင့် ဘောလုံး၊ ဘော်လီ ဘောနှင့် ပိုက်ကျော်ခြင်းတို့ကို နေပြည် တော်၊ ဇေယျာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံး ပြိုင်ပွဲကို ဇူလိုင် ၁ ရက် ညနေ ၃ နာရီခွဲ တွင်လည်းကောင်း၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၂ ရက် တွင်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

(မြဝတီ)

No comments:

Post a Comment