Thursday, June 30, 2016

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ လွှတ်တော်ဥက္ကဋ္ဌများ၊ ကော်မရှင်နှင့် ကော်မတီဥက္ကဋ္ဌများအား သီးခြားစီတွေ့ဆုံ


Myanmaalinn's photo.
 နေပြည်တော် ဇွန် ၂၉

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီသည် ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လွှတ်တော်ဥက္ကဋ္ဌများ၊ ကော်မရှင်နှင့် ကော်မတီဥက္ကဋ္ဌများအား သီးခြားစီ တွေ့ဆုံခဲ့သည်။
မစ္စယန်ဟီလီသည် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် ယနေ့နံနက် ၉ နာရီတွင် အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး လွှတ်တော်၏ ဥပဒေပြု ရေးဆိုင်ရာကိစ္စရပ်များနှင့် ကော်မတီများဖွဲ့စည်းထားရှိမှုအခြေအနေတို့ကို ဆွေးနွေးသည်။
အလားတူ မစ္စယန်ဟီလီသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ထို့အတူ မစ္စယန်ဟီလီသည် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ယနေ့ နံနက် ၁၁ နာရီတွင် ရေးရာကော်မတီဆောင် (၁)၌ တွေ့ဆုံသည်။
အလားတူ မစ္စယန်ဟီလီသည် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးကော်မတီ ဥက္ကဋ္ဌဦးစောနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးကြွယ်နှင့်အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် အဖွဲ့ဝင်များအား ရေးရာကော်မတီ ဆောင်များ၌ မွန်းလွဲပိုင်းတွင် သီးခြားစီတွေ့ဆုံဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment