Tuesday, June 28, 2016

ကိုပါအမေရိကပြိုင်ပွဲ ချီလီအသင်းအနိုင်ရရှိပြီး နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့


သီဟ
၂ဝ၁၆   ကိုပါအမေရိကပြိုင်ပွဲကြီးကို  အိမ်ရှင်အမေရိကန်က တာဝန်ယူခဲ့ပြီး ဗိုလ်လုပွဲစဉ်အဖြစ် အာဂျင်တီးနားနှင့် ချီလီတို့ ဇွန် ၂၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ  ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ချီလီအသင်းအနိုင်ရရှိပြီး နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သည်။ နှစ် ၁ဝဝ ပြည့်ပြိုင်ပွဲကြီးကို မက်လိုက်ဖ်ကွင်း တွင်ကျင်းပခဲ့ပြီး ပရိသတ်ပေါင်း ရှစ်သောင်းနှစ်ထောင်ကျော် လာရောက်အားပေးခဲ့သည်။
ဗိုလ်လုပွဲနှင့်အညီ    ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည့်ပွဲကို ကွင်းလယ်ဒိုင်အဖြစ်  ဘရာဇီးနိုင်ငံသား  ဟီဘာလိုပက်စ်က တာဝန်ယူကိုင်တွယ်ခဲ့သည်။  ယင်းပွဲတွင်  နှစ်သင်းစလုံးသည် တိုက်စစ်အသားပေးကစားကွက် ၄-၃-၃ ပုံစံဖြင့် ပွဲထွက်ခဲ့သည်။ ပွဲချိန်၂၈ မိနစ်တွင်  ချီလီကွင်းလယ်ကစားသမား  မာဆယ်လို ဒီယက်ဇ် နှစ်ဝါတန်နီဖြင့် ထုတ်ပယ်ခံရပြီး ပထမပိုင်းပြီးခါနီး ၄၃ မိနစ်တွင်   အာဂျင်တီးနား  နောက်တန်းကစားသမား  မားကို့စ်ရိုဂျိုကို  တိုက်ရိုက်အနီဖြင့်  ထုတ်ပယ်ခဲ့သည်။  ယင်းပွဲ ၌ နှစ်သင်းစလုံးတွင် က္ဘာကျော်ဘောလုံးသမား  အများ အပြားရှိနေပြီး  ယမန်နှစ်က  တွေ့ဆုံမှုရလဒ်၏  မကျေပွဲနှင့် အတူ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ကွင်းလယ်ဒိုင်လိုပက်စ်က တင်းတင်းကျပ်ကျပ်ဖြင့်  အနီကတ်များ  အသုံးပြုခဲ့သလို အဝါကတ်များလည်း ပလူပျံခဲ့သည်။ မိနစ် ၉ဝ ထိ ဂိုးမသွင်း နိုင်၍ အချိန်ပို ထပ်မံကစားခဲ့ရာ ရလဒ်မပေါ်ဘဲ ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့သည်။
ပယ်နယ်တီတွင်  ချီလီအသင်းမှ ဗီဒယ်  စတင်ကန်သွင်း ခဲ့ရာ   အာဂျင်တီးနားဂိုးသမား  ရိုမီယို ပုတ်ထုတ်ကာကွယ် ခဲ့သည်။  အာဂျင်တီးနားမှ  အသင်းခေါင်းဆောင်   မက်ဆီ ကန်သွင်းရာတွင်လည်း ဂိုးမဝင်ဘဲ ဘေးထွက်ခဲ့သည်။ အာဂျင် တီးနားမှ  လူးကပ်စ်ဘစ်လီယာ၏  သွင်းဂိုး  ထပ်မံမဝင်ခဲ့မှု ကြောင့်   ချီလီအသင်း ရာပြည့်ဖလားနှင့်အတူ နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သည်။

နာမည်ကျော်ကစားသမား မက်ဆီ သည် ကလပ်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း       နိုင်ငံပွဲများတွင်မူ အောင်မြင်မှုရလဒ်      မကောင်းခဲ့ပေ။ မက်ဆီသည်   အာဂျင်တီးနားအသင်းနှင့် အတူ ဗိုလ်လုပွဲကို သုံးနှစ်ဆက်တိုက်ကျ ရှုံးခဲ့သည်။ ၂ဝ၁၄ က္ဘာ့ဖလားဗိုလ်လု ပွဲတွင်  ဂျာမနီအသင်းကို   ကျရှုံးခဲ့သလို ၂ဝ၁၅-၂ဝ၁၆ ကိုပါအမေရိကဖလားတွင် ချီလီအသင်းကို  ကျရှုံးခဲ့သည်။  အာဂျင် တီးနားအသင်းသည်  ယခုပွဲသာ  အနိုင် ရရှိခဲ့မည်ဆိုလျှင်    အအောင်မြင်ဆုံး အသင်းဖြစ်သော  ဥရုဂွေးအသင်းနှင့် ဖလားရရှိမှု ၁၅ ကြိမ် တူညီနိုင်မည်ဖြစ်ရာ နှစ် ၁ဝဝ ပြည့်  ဖလားကြီးအား   ဆုံးရှုံး လိုက်ရသည်။
ချီလီသည် ကိုပါအမေရိက ရွှေရောင် ဖလားကြီးကို   နှစ်နှစ်ဆက်တိုက်ရရှိခဲ့ သလို   ချီလီအသင်းသား  သုံးဦးလည်း အကောင်းဆုံးဆုများ ရရှိခဲ့သည်။ ဂိုးသွင်း အများဆုံးဆုကို ခြောက်ဂိုးသွင်းယူထား သော တိုက်စစ်မှူး ဗားဂတ်စ်၊ အကောင်း ဆုံး  ကစားသမား  ရွှေဘောလုံးဆုကို ဆန်ချက်ဇ်နှင့်   ရွှေလက်အိတ်ဆုအဖြစ်  ဂိုးသမား ဘရာဗိုက ရရှိခဲ့ပြီး  အသန့်ရှင်း ဆုံး အသင်းဆုအဖြစ် အာဂျင်တီးနားကို ပေးအပ်ခဲ့သည်။
ယခု   ကိုပါပွဲအပြီးတွင်   မက်ဆီ အနေဖြင့်  နိုင်ငံလက်ရွေးစင်  ကစား သမားအဖြစ်မှ အနားယူပြီဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

No comments:

Post a Comment