Tuesday, June 28, 2016

ပြည်ပရောက်မြန်မာလုပ်သားများ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှု အဆင်ပြေစေရန် ဘဏ်ခွဲသွားရောက်ဖွင့်လှစ်ရန် စီစဉ်

ရန်ကုန် ဇွန် ၂၇

ပြည်ပအိမ်နီးချင်းနိုင်ငံအချို့တွင် ရွှေ့ပြောင်းလုပ်သားများ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှု အဆင်ပြေစေရန်နှင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ စီးဆင်းမှုလွယ်ကူစေ ရန်အတွက် ဘဏ်ခွဲများ သွားရောက်ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။
''လက်ရှိမှာ ကျွန်တော်တို့ဆောင်ရွက်ပေးနေတာ အမ်ပီယူ ခရက်ဒစ်ကတ်ပေါ့။ နိုင်ငံတကာကပါ လက်ခံတဲ့အဆင့် ရောက် လာရင် ဒီကတ်တွေ နိုင်ငံတကာအထိ ရောက်လာမယ်။ နိုင်ငံ တကာအထိ သွားလို့မရသေးတဲ့အချိန်မှာ နိုင်ငံတကာကတ်တွေ ကို ခွင့်ပြုချက်ရတယ်ဆိုရင် ဗီဇာ၊ မာစတာကတ်လိုဟာမျိုးကို ပြောင်းပြီး ခရက်ဒစ်ကတ်ပေးပါမယ်။ နောက်ပြီး ကျွန်တော်တို့ အနေနဲ့ ပြည်ပမှာ ဘဏ်ခွဲသွားရောက်ဖွင့်ဖို့ ဆောင်ရွက်နေပါ တယ်။ ဘဏ်ခွဲမရခင်မှာ အနည်းဆုံးတော့ ရုံးခန်းဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။ ပြင်ဆင်ထားတာ သုံးနှစ်လောက်ရှိပါပြီ။ ကျွန်တော် တို့လည်း ဖွင့်လှစ်ဖို့ စောင့်နေတာကြာပါပြီ။ ဦးစားပေးအနေနဲ့ မြန်မာအများ သွားရောက်လုပ်ကိုင်၊ ပညာဆည်းပူးပြီး နှစ်နိုင်ငံ စီးပွားရေးပေါင်းဖော်မှုတွေများတဲ့ အိမ်နီးချင်း ထိုင်း၊ စင်ကာပူ ကနဦးဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ သူတို့နိုင်ငံရဲ့ စည်းမျဉ်း၊ စည်း ကမ်းအတိုင်းတွေရှိတဲ့အတွက် ဒီအပေါ်မှာ ခွင့်ပြုချက်ရဖို့ ဆောင် ရွက်နေတာပါ။ စင်ကာပူကတော့ စည်းမျဉ်း၊ စည်းကမ်းပိုကျပ် တယ်။ ထိုင်းက အရင်ရဖို့များပါတယ်''ဟု ပြည်တွင်းဧရာဝတီ ပုဂ္ဂလိကဘဏ် IT & Banking Operations ဌာနမှ Deputy Managing Director ဦးမင်းဝင့်ဦးက ပြောကြား သည်။
ဧရာဝတီဘဏ်သည် ၂ဝ၁၆ ခုနှစ် ဧပြီလမှ ၂ဝ၁၇ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ပြည်တွင်း၌ ထပ်မံ၍ ဘဏ်ခွဲပေါင်း ၁ဝဝ နှင့် အေတီအမ်စက်များ တိုးချဲ့သွားမည် ဖြစ်ပြီး ပြည်ပတွင်လည်း ဘဏ်ခွဲဖွင့်လှစ်ရန် ဆောင်ရွက်လျက် ရှိကြောင်း ဧရာဝတီဘဏ်မှ သိရှိရသည်။ လက်ရှိတွင် ပြည်တွင်း ၌ ဘဏ်ခွဲပေါင်း ၁၅၅ ခုကျော် ဖွင့်လှစ်ခဲ့ပြီး ထပ်မံ၍ တစ်နှစ် အတွင်းတွင် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနှံ့ ဘဏ်ခွဲပေါင်း၁ဝဝဖွင့်လှစ်သွားရန် ဆောင်ရွက်နေပြီဖြစ်သည်။ ယင်းအပြင် အေတီအမ်စက်များကိုလည်း တစ်နှစ်တာကာလ အတွင်း စုစုပေါင်း စက်အရေအတွက် ၅၅ဝမှ ၆ဝဝ ခန့်အထိ ထားရှိရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ 

''ကျွန်တော်တို့ ဘဏ်အနေနဲ့က ၂ဝ၁၆ ခုနှစ် မတ်လ ၃၁ ရက် မှာ ဘဏ်ခွဲပေါင်း ၁၅ဝ ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် ဧပြီလကနေ ၂ဝ၁၇ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း ဘဏ်ခွဲပေါင်း ၁ဝဝ ထပ်မံတိုးချဲ့ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်။ ၂ဝ၁၇ ခုနှစ် မတ်လမှာ ဆိုရင်တော့ ဘဏ်ခွဲပေါင်း ၂၅ဝ ဖြစ်သွား ပါမယ်။ မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြားပါပဲ။ လုံးဝမဖွင့် ရသေးတဲ့ မြို့တွေမှာလည်း ဖွင့်သွားဖို့စီစဉ်ထားရှိပါတယ်''ဟု ဦးမင်းဝင့်ဦးက ဆိုသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ဧရာဝတီဘဏ် အနေဖြင့် ဗဟိုဘဏ်မှ ခွင့်ပြုချက်ရရှိထားသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယခု လက်ရှိတွင် အကြွေးဝယ်ကတ်စနစ်ကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိရာ အသုံးပြုသူပေါင်း နှစ်ထောင်နီးပါးခန့် ရှိပြီဖြစ်ကြောင်း သိရ သည်။ အဆိုပါ အြေ<ွကးဝယ်ကတ်ကိုလည်း သတ်မှတ်ခွင့်ပြုချက် နှင့်အညီ ကတ်အရေအတွက် သန်းနဲ့ချီ ထုတ်ပေးသွားမည်ဖြစ် ကြောင်းနှင့် အြေ<ွကးဝယ်ကတ်စနစ် ဆောင်ရွက်နေခြင်းအပြင် ပြည်ပတွင်လည်း ဘဏ်ခွဲဖွင့်လှစ်ရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဧရာဝတီဘဏ်အနေဖြင့် ဘဏ်၌ စုငွေလက်ခံခြင်းနှင့် အတိုးပေးခြင်း၊ စီးပွားရေးလုပ်ငန်းများကို ဘဏ်ချေးငွေပြန်ချ ပေးခြင်းတို့အပြင် ယခုနောက်ပိုင်းတွင် ကတ်စနစ်သုံး ဘဏ်စနစ်၊nternet Banking, Mobile Banking, International Banking များကို ဆောင်ရွက်လျက်ရှိပြီး ဗဟိုဘဏ်၏ သတ် မှတ်ချက်အတိုင်း ခွင့်ပြုချက်ပေးသည့်အပေါ် ထုတ်ကုန် အသစ် များကိုလည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီဘဏ်အနေဖြင့် နည်းပညာပိုင်းဆိုင်ရာများကို အဓိက ထား ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပြီး ဘဏ်နှင့် လက်တွဲဆောင်ရွက်နေသော အများပြည်သူများအပေါ် အလေးထားသည့် ဝန်ဆောင်မှုစနစ်ကို ဘဏ်ဝန်ထမ်းအားလုံး က တစ်နေရာတည်းတွင် အဆင်ပြေချောမွေ့စေရန် အပြီးအစီး ဝန်ဆောင်မှုပေးသည့် စနစ်တို့ကိုလည်း ပြောင်းလဲသုံးစွဲလျက် ရှိသည်ဟု သိရသည်။ 

လက်ရှိတွင် ဧရာဝတီဘဏ်သည် ရန်ကုန်ရုံးချုပ်အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးပေါင်း ၆၃ မြို့တွင် ဘဏ်ခွဲပေါင်း ၁၅၉ ဘဏ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ဘဏ်နှင့်ချိတ်ဆက်ထားသည့် စတော့အိတ်ချိန်းဝန်ဆောင်မှုဖြစ်သောSecurities Account ဖွင့်လှစ်ခြင်းနှင့် အာမခံဝန်ဆောင်မှုပေးခြင်းတို့ကိုလည်း ဆောင် ရွက်လျက်ရှိကာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲပေါင်း ၁ဝဝ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မင်းခေတ်၊ ဓာတ်ပုံ - မိုးမခ

No comments:

Post a Comment