Tuesday, June 28, 2016

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး



 
 
 
 
နေပြည်တော် ဇွန် ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက် ၁ဝ နာရီတွင် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနSIBAT(Israel MOD International Defense Cooperation Dire-ctorate) ၏Director ဖြစ်သူ Brigadier General (Ret.) Mishel Ben Baruch အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းတွင် လျှောက်လှမ်းနေမှုအခြေအနေနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် များ၊ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံးနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ၊ ဆက်လက်ပူးပေါင်းလုပ်ဆောင်မည့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ‘ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှ Brigadier General (Ret.) Mishel Ben Baruch နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးလည်း တက်ရောက်သည်။
(မြဝတီ)







No comments:

Post a Comment