Tuesday, June 28, 2016

နေပြည်တော် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်




The Mirror Daily's photo.


နေပြည်တော် ဇွန် ၂၇

နေပြည်တော် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) ကို ယနေ့ နံနက် ၈ နာရီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိနယ်မြေ မီးသတ်စခန်း သင်တန်းခန်းမ၌ ကျင်းပရာ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။

သင်တန်းဖွင့် အခမ်းအနားသို့ နေပြည်တော် မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်၊ ခရိုင်မြို့နယ် မီးသတ် ဦးစီးမှူးများနှင့် စခန်းတာဝန်ခံများ တက်ရောက်ပြီး ယခုဖွင့်လှစ်သည့် သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်မှ မီးသတ် တပ်ဖွဲ့ဝင် ၇ဝ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန် ၂၇ ရက်မှ ဇူလိုင် ၈ ရက်အထိ ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုရူပ(နေပြည်တော်)

No comments:

Post a Comment