Tuesday, June 28, 2016

တောင်သူစက်ပြင်သင်တန်းဖွင့်



The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁) ပင်မစက်ပြင်အလုပ်ရုံ (ကျိုက္ကလို့) မင်္ဂလာဒုံမြို့နယ်တွင် ရက် ၁ဝဝ စီမံချက်အရ အခြေခံလယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှု (တောင်ငူ) သင်တန်းအမှတ်စဉ်(၂/၂ဝ၁၆)ကို ဇွန် ၂၇ ရက် နံနက် ၉ နာရီ က ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာ အဖွဲ့အစည်းများမှ အကြီးအကဲများ၊ သင်တန်းနည်းပြများ၊ ရန်ကုန် တိုင်းဒေသကြီးမှ တောင်သူစက်ပြင်သင်တန်းသား ၂၄ ဦး တက်ရောက်ကြ သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပင်မစက်ပြင်အလုပ်ရုံ (ကျိုက္ကလို့)မှ ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်ဝေက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဦးပေါစံက သင်တန်းအကြောင်းအရာများကို ရှင်းလင်းတင်ပြကြောင်း သိရသည်။
(ဌေးကြိုင်)

No comments:

Post a Comment