Tuesday, June 28, 2016

ဇလွန်မြို့နယ်၌ အမျိုးသား အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကျင်းပ




The Mirror Daily's photo.


ဇလွန် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး ဇလွန် မြို့နယ်၏ ပထမအကြိမ် ( TSDP ) အစီအစဉ်အရ အမျိုးသား အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ အခမ်းအနားကို ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးရှေ့ တွင် ဇွန် ၂၇ ရက် နံနက်က ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းက သေနတ် ပစ်ဖောက်၍ ပြိုင်ပွဲအား စတင်တာလွှတ်ပေးလိုက်သည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အမျိုးသား ၂ဝဝ၊ အမျိုးသမီး ၆ဝ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆုကို မောင်တင်ကိုကိုသက်က ၂၁ မိနစ် ၅၆ စက္ကန့်၊ ဒုတိယဆုကို မောင်သစ္စာဥာဏ်က ၂၂ မိနစ် ဝ၇စက္ကန့်၊ တတိယ ဆုကို မောင်ကျော်သူလင်းက ၂၂ မိနစ် ဝ၈ စက္ကန့်ဖြင့် အသီးသီးဆုရရှိခဲ့ကြပြီး ယင်းဆုများကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းက ပေးအပ်ခဲ့သည်။ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုကို မအေးစန္ဒာကျော်က ၂၆ မိနစ် ၂၆ စက္ကန့်၊ ဒုတိယဆုကို မမိုးစုခိုင်က ၂၇ မိနစ် ဝ၈ စက္ကန့်၊ တတိယဆုကို မအေးနန္ဒာက ၂၇ မိနစ် ၅၆ စက္ကန့်ဖြင့် အသီးသီး ဆုရရှိခဲ့ကြပြီး ယင်းဆုများကို ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက ချီးမြှင့်ပေးအပ်သည်။
(ငွေသန်း)

No comments:

Post a Comment