Friday, June 3, 2016

စပိန်လီဂါတွင် မအောင်မြင်မှုကြောင့် ရီးရဲအသင်း စိတ်ပျက်နေရမည်ဟု အင်နီယေစတာ ပြောဆို



 


ဘာစီလိုနာအသင်းခေါင်းဆောင်း    အင်နီယေ စတာက ဘာစီလိုနာ၏ အဓိကပြိုင်ဘက်ဖြစ်သည့် ရီးရဲမက်ဒရစ်အသင်းသည် စပိန်လီဂါပြိုင်ပွဲတွင် အောင်မြင်မှုနှင့် ကင်းဝေးနေရခြင်းကြောင့် စိတ် ပျက်နေရလိမ့်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။
ရီးရဲမက်ဒရစ်အသင်းသည်  ပြီးခဲ့သည့် ၂ဝ၁၅-၁၆ ခုနှစ် ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဆုဖလားကို ၁၁ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့ သော်လည်း စပိန်လီဂါပြိုင်ပွဲတွင်မူ အမှတ်ပေး ဇယား၏  အဆင့်နှစ်နေရာတွင်သာ ရပ်တည် နိုင်ခဲ့သည်။ စပိန်လီဂါပြိုင်ပွဲ သမိုင်းကြောင်းတွင် ရီးရဲအသင်းသည် ချန်ပီယံဆု ၃၂ ကြိမ် ရရှိပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော် လည်း စပိန်လီဂါနောက်ဆုံး လေးရာသီတွင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခြင်း မရှိခဲ့ဘဲ အဆိုပါ လေးရာသီအတွင်း ဘာစီလိုနာအသင်းက ချန်ပီယံ ဆု သုံးကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

စပိန်ကစားသမား      အင်နီယေစတာက ''ကျွန်တော်တို့ရဲ့ အောင်မြင်မှုအတွက် ပျော်ရွှင် သလို ရှုံးနိမ့်မှုတွေအတွက်လည်း စိတ်ပျက်မိပါ တယ်။ ရီးရဲမက်ဒရစ်က ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်ခွင့်ရရှိခဲ့တယ်။ ဒါပေမယ့် စပိန်လီဂါ ပြိုင်ပွဲမှာ အောင်မြင်မှုမရတာကတော့ သူတို့ အတွက် စိတ်ပျက်စရာဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာရရှိခဲ့တဲ့   ကျွန်တော်တို့ရဲ့ အောင်မြင်မှုအတွက်   ဘာစီလိုနာ  အသင်း ပရိသတ်တွေ ဂုဏ်ယူနေကြမှာပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကျရှုံးခဲ့ရတာက အရေးပါတဲ့ ကိစ္စဖြစ်ခဲ့ ပေမယ့် လာမယ့်ရာသီမှာတော့  ဘာစီလိုနာ အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိဖို့ ပြန်လည်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်''ဟု ပြောသွားသည်။
၂ဝ၁၅-၁၆  ခုနှစ်ရာသီတွင်  ဘာစီလိုနာ အသင်းသည် စပိန်လာလီဂါချန်ပီယံဆုဖလားအပြင် စပိန်ဘုရင့်ဖလား ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ကွာတားဖိုင် နယ်အဆင့်မှပင် ထွက်ခဲ့ရသည်။

အောင်က

No comments:

Post a Comment