Friday, June 3, 2016

အိန္ဒိယဝိညာဉ်ဇာတ်ကား 1920 London


The Mirror Daily's photo.
1920 London ဇာတ်ကားသည် ၁၉၂ဝ စီးရီးဇာတ်လမ်းတွဲများ၏ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်ပြီး တစ်ကမ္ဘာလုံးရှိရုပ်ရှင်ရုံများသို့ မေ ၆ ရက်က စတင်ဖြန့်ချိ ခဲ့သည်။
1920 London ဇာတ်ကား၏ဇာတ်လမ်းအကျဉ်းအနေဖြင့် လန်ဒန်မြို့ကြီးတွင် ရှီဗာဂီ ဆိုသူသည် ခင်ပွန်းဖြစ်သူနဲ့ အတူနေထိုင်ကြပြီး တစ်နေ့မှာ ခင်ပွန်းဖြစ်သူ ဗီယာဆင်းန်သည် ၄င်း၏မိတ်ဆွေဆီက လက်ဆောင်တစ်ခုရရှိခဲ့ပါတယ်။ အဲဒီ လက်ဆောင်ကို လက်ခံရရှိပြီးကတည်းက ခင်ပွန်းဖြစ်သူ ဗီယာဆင်းန်သည် သာမန် လူများကဲ့သို့မဟုတ်တော့ဘဲ မူမမှန်တဲ့ပုံစံနဲ့ အခြေအနေတဖြည်းဖြည်းဆိုးဝါးလာပါသည်။
ခင်ပွန်းဖြစ်သူ ယခုကဲ့သို့ဖြစ်နေခြင်းကို ၄င်း၏မိတ်ဆွေထံမှ ရရှိသည့် လက်ဆောင်ကြောင့် မကောင်းဆိုးဝါး ပြုစားခံနေရတယ်လို့ ရှီဗာဂီက သံသယ ရှိလာသည်။ ထို့ကြောင့် အစွဲချွတ်တဲ့ ဆရာကြီး 'ဂျိုင်'ဆီသွားပြီး အကူအညီ တောင်းခံသည်။ အစွဲချွတ်ဆရာကြီးJai သည် မကောင်းဆိုးဝါးပူးဝင်နေပြီး ပြုစား ခံနေရသည့် ဗီယာကို အင်မတန်ဖြေရှင်းရခက်တဲ့ ခက်ခဲတဲ့အနေအထားကနေ ကယ်တင်ခဲ့ရပုံကို လျှို့ဝှက်သည်းဖိုရိုက်ကူးတင်ဆက်ထားသည့် အိန္ဒိယဝိညာဉ် ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကားကို ယနေ့(ဇွန် ၃ ရက်)တွင် ရန်ကုန် မြို့ရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
၁၉၂ဝ ရုပ်ရှင်စီးရီး၏ ဒုတိယမြောက်ဇာတ်ကားအဖြစ် ဘောလိဝုဒ် သည်းထိတ်ရင်ဖိုဇာတ်ကား1920: The Evil Returns ကို ၂ဝ၁၂ ခုနှစ်က ရုံတင် ပြသခဲ့ပြီးဖြစ်သည်။
[မျိုးစန္ဒာမောင်]

No comments:

Post a Comment