Tuesday, June 28, 2016

ဒလမြို့နယ်အား လျှပ်စစ်ရှုပ်ထွေးဆားဗစ်များကင်းစင်ရာ 'စံ' မြို့နယ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိ



The Mirror Daily's photo.


ဒလ ဇွန် ၂၇

ဒလမြို့နယ်အတွင်း ရှုပ်ထွေးလျှပ်စစ်ဆားဗစ်ကြိုးများအား ဇွန် ၂၅ ရက်က ရှင်းလင်းဆောင်ရွက်ရာ ဘေးအန္တရာယ်ကင်းဝေးစေရေး ဂရုစိုက်ကြရန်၊ ရှုပ်ထွေး ဆားဗစ်ကြိုးများ ကင်းစင်ရာ ''စံ'' မြို့နယ်ဖြစ်ရေး ကြိုးစားဆောင်ရွက်ကြရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဘုတ်အဖွဲ့ဝင်(၄) ဦးအောင်ကျော်ဦးက လုပ်ငန်းများကွင်းဆင်းဆောင်ရွက်စဉ် လျှပ်စစ်ဝန်ထမ်းများအား ပြောကြားခဲ့သည်။

တောင်ပိုင်းခရိုင်အတွင်း မြို့နယ်များအနက် ဒလမြို့နယ်အား ရှုပ်ထွေးလျှပ်စစ်ဆားဗစ်ကြိုးများကင်းစင်ရာ စံပြမြို့နယ်အဖြစ်သတ်မှတ်၍ ရပ်ကွက် များအတွင်းရှိ ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းခြင်းကို စီမံချက်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရှုပ်ထွေးဆားဗစ်ကြိုးများရှင်းလင်းရာတွင် ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် တို့မှ လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း၍ ရပ်ကွက် ခုနစ်ရပ်ကွက်ရှိ အဓိကနေရာ ၄၁ နေရာတွင် ကွန်ကရစ်လျှပ်စစ်ဓာတ်တိုင် ၈ဝ၊ ၃၅ မီလီမီတာ လျှပ်တားပါ အလူမီနီယံကြိုး လေးချောင်းတွဲ ၈ဝဝ ကျော် သွယ်တန်းပေးလျက်ရှိကြောင်း သိရသည်။

လုပ်ငန်းများဆောင်ရွက်ရာသို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဘုတ်အဖွဲ့ဝင်(၄) ဦးအောင်ကျော်ဦး၊ တောင်ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ ဦးစံထွန်းအောင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်ယာဉ်ဦး(ဒလ)

No comments:

Post a Comment