Thursday, June 30, 2016

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး


 နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြား သည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်အစိုးရအနေ ဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့နှင့် ပြည့်စုံတော်မူသည့် ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် ဗုဒ္ဓဘုရား ရှင်က မိုးရေခံသင်္ကန်း တစ်နည်းအားဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်ရန် ဝိနည်းတော် နှင့်အညီ ခွင့်ပြုပေးတော်မူခဲ့သည်ကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအသီးသီးမှ စနစ်တကျ စီစဉ် ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို တင်ပြ ဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ လုပ် ငန်းများ ဆောင်ရွက်ရာတွင် လစ်ဟင်း မှုမရှိစေရန် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများအလိုက် စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း တို့ကိုဆောင်ရွက်ကြရမည့်အပြင် ကြို တင်ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ပြုလုပ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိ မှုနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု တို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ အခမ်း အနားကျင်းပရေးနှင့် အခမ်းအနားပြင် ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေးဆပ် ကော်မတီ၊ လှူဖွယ်ပစ္စည်းများပြင်ဆင် ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ၊ ဥပ္ပါတသ္တိစေတီတော် စိမ်းလန်းစိုပြည် ရေးနှင့် သာသနာရေးဆိုင်ရာ အခင်း အကျင်းပြင်ဆင်ရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ် ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ နှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ ဆပ် ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ က ကဏ္ဍအလိုက်ပြင်ဆင်ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဦးစီးကော်မ တီ နာယက ဒုတိယသမ္မတက ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment