Thursday, June 30, 2016

ဖီနာဘာချီတောင်ပံကစားသမား နာနီ ဗလင်စီယာအသင်းသို့ ပြောင်းရွှေ့မည်




The Mirror Daily's photo.


မန်ယူအသင်း၏ တောင်ပံကစားသမားဟောင်းနာနီသည် လာမည့်ဘောလုံးရာသီတွင် စပိန်လာလီဂါကလပ် ဗလင်စီ ယာအသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း ဖီနာဘာချီအသင်းဥက္ကဋ္ဌ ယီလ်ဒီရင်က အခိုင်အမာပြောကြားခဲ့သည်။
ဗလင်စီယာအသင်းသည် တောင်ပံကစားသမားနာနီအား စာချုပ်ချုပ်ဆိုခေါ်ယူကြောင်း လူသိရှင်ကြား ကြေညာတော့မည်ဖြစ်သော်လည်း ပြောင်းရွှေ့ကြေး ယူရို ၈ ဒသမ ၅ သန်းသာပေးမည်ဖြစ်ကြောင်း သိရသည်။ အသက်(၂၉)နှစ်အရွယ်ရှိ တောင်ပံကစားသမားနာနီသည် လက်ရှိတွင် ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်အတူ ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင် ပါဝင်ကစားလျက်ရှိသည်။

တောင်ပံကစားသမားနာနီသည် လက်ရှိတွင် ပေါ်တူဂီအသင်းနှင့် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ပိုလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရန်ပြင်ဆင်လျက်ရှိပြီး မန်ယူအသင်းတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ သော်လည်း ဖီနာဘာချီအသင်းတွင်မူ အကောင်းဆုံးခြေစွမ်းပြန်လည်ရရှိနေပြီဖြစ်ကြောင်းသိရသည်။

တောင်ပံကစားသမား နာနီသည် ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီတွင် ဖီနာဘာချီအသင်းနှင့်အတူ လိဂ်ပွဲစဉ် ၂၈ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုး ၁၂ ဂိုးသွင်းယူနိုင်ခဲ့သည့်အပြင် ဖီနာဘာချီအသင်းကိုလည်း လိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ရပ်တည်နိုင်ရေးစွမ်းဆောင်ပေးနိုင်ခဲ့သည်။
(အလင်းသစ်)

No comments:

Post a Comment