Thursday, June 30, 2016

ကျပ်သိန်းပေါင်း ၁၁ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိ

The Mirror Daily's photo.
နေပြည်တော် ဇွန် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်အတွင်း နယ်မြေခံတပ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ကွမ်းလုံမြို့မြောက်ဘက် မီတာ ၁ဝဝဝ အကွာရှိ ကွမ်းလုံ-လောက်ကိုင်သွား ကားလမ်း ၏ မြို့ရှောင်လမ်းပေါ်၌ ရပ်တန့်ထားသော ယာဉ်နှစ်စီး ကို စစ်ဆေးရှာဖွေရာ ယာဉ်မောင်းများကိုမတွေ့ရှိရဘဲ ယာဉ် အမှတ် ၅က/----- လီဖန်းအမျိုးအစားယာဉ်ပေါ်မှ ကဖင်း(အဖြူရောင်အမှုန့်) ကီလို ၄ဝ ခန့်စီပါ ဆာလာအိတ် ၁၆၅ အိတ် စုစုပေါင်းအလေးချိန်ကီလို ၆၆ဝဝ ခန့် (ကာလ တန်ဖိုးကျပ်သိန်း ၄၉၅ဝ ခန့်)၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် အညိုရောင်အရည် ကီလို ၁၄ဝ ခန့်စီပါ စုစုပေါင်းစတီး ပီပါ ၁၃ လုံး (လီတာ ၁၈၂ဝ ခန့်)(ကာလတန်ဖိုး ကျပ် ၁၃၆၅ သိန်းခန့်)နှင့် ဆာလ်ဖြူရစ်အက်ဆစ် အညိုရောင် အရည် လီတာ ၁၄ဝ ခန့်စီပါ အပြာရောင်ပလတ်စတစ်ပီပါ နှစ်ပီပါ (လီတာ၂၈ဝ ခန့်) (ကာလတန်ဖိုး ကျပ် ၂၂၄ဝဝဝ ခန့်)နှင့် ယာဉ်အမှတ် ၄ယ/----- ယာဉ်ပေါ်မှ ကဖင်း (အဖြူရောင်အမှုန့်) ကီလို ၄ဝ ခန့်စီပါ ဆာလာအိတ် ၁၈၃ အိတ်(ကီလို ၇၃၂ဝ ခန့်) (ကာလတန်ဖိုး ကျပ်သိန်း ၅၄၉ဝ ခန့်)ကို သိမ်းဆည်းရမိခဲ့သည်။
ထိုသိမ်းဆည်းရမိယာဉ်နှင့် ပစ္စည်းများကို ကွမ်းလုံ မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
(မြဝတီ)

No comments:

Post a Comment