Wednesday, June 1, 2016

အီရတ်တပ်ဖွဲ့များ ဖလူဂျာမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိသေး


The Mirror Daily's photo.
ဖလူဂျာ မေ ၃၁
အီရတ်တပ်ဖွဲ့များသည် အိုင်အက်စ်စစ်သွေးကြွ များ အခိုင်အမာခြေကုပ်ယူထားသည့် ဖလူဂျာ မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်သွေးကြွ များ၏ အပြင်းအထန်ခုခံတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။
အမေရိကန်ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုအကူအညီများဖြင့် စတင်ချီတက် တိုက်ခိုက်ခဲ့ကြောင်း အီရတ်အစိုးရတပ်ဖွဲ့က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသည်။ ဖလူဂျာမြို့သိမ်းတိုက်ပွဲကို အီရတ်အထူး တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့ များလည်း ပူးပေါင်းပါဝင်၍ အရပ်လေးမျက်နှာ မှ ဝိုင်း၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
အီရတ်တပ်ဖွဲ့များသည် ဖလူဂျာမြို့ အဝင်ပေါက်အနီးတွင် တိုက်ခိုက်နေဆဲဖြစ် သည်ဟု ရှေ့တန်းစစ်မျက်နှာမှ တပ်မှူးတစ်ဦး ၏ ပြောကြားချက်ကို ကိုကား၍ နိုင်ငံပိုင် ရုပ်သံသတင်းဌာနာက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသည်။
အိုင်အက်စ်စစ်သွေးကြွများက မြို့အဝင် ပေါက်အနီးအနားအပါအဝင် နေရာအနှံ့ အပြားတွင် ဗုံးထောင်ထားမည်ဟု ယူဆရ သည့်အတွက် အီရတ်တပ်ဖွဲ့များသည် သတိထားလှုပ်ရှား ဆောင်ရွက်နေရသည်။ ထို့ပြင် အရပ်သားများ ထိခိုက်သေဆုံးနိုင် သည့်အတွက်လည်း စိုးရိမ်နေရသည်။ ဖလူဂျာ မြို့ထဲတွင် အရပ်သားထောင်ပေါင်းများစွာ ပိတ်မိနေဆဲဖြစ်မည်ဟု ယူဆရသည်။
စစ်သွေးကြွများသည် အရပ်သားများကို အကာအကွယ်ယူ တိုက်ခိုက်နိုင်သကဲ့သို့ အရပ်သားဟန်ဆောင်ကာ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ဖွယ်ရှိမှုအတွက်လည်း စိုးရိမ်ရ သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment