Thursday, June 30, 2016

ထင်သာမြင်သာပြုပြင်စရာ



ဘီလူး-အုန်းစံဆိုင်-နန့်မွန်း ကားလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၉/၃)တွင်
ခရီးသွားများအ္တရာယ်ရှိနိုင် သတိပေးဆိုင်းဘုတ်များတပ်ဆင်ပေးရန်လိုအပ်
Myanmaalinn's photo.

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဘီလူး-အုန်းစံဆိုင်-နန့်မွန်း ကားလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၉/၃)တွင်လမ်းဘေး ချောင်းကမ်းပါးအနီး အက်ကွဲကြောင်း များကြောင့် ခရီးသွားမော်တော်ယာဉ် များအ္တရာယ်ရှိနိုင်သဖြင့် လမ်းပိုင်း ပြုပြင်ခြင်းများ၊ အန္တရာယ်ရှိအသိပညာ ပေးဆိုင်းဘုတ်များ စိုက်ထူပေးရန် လို အပ်လျက်ရှိကြောင်း သိရသည်။
ဘီလူး-အုန်းစံဆိုင်-နန့်မွန်း မော် တော်ကားလမ်းပိုင်းသည် လမ်းအရှည် ၁၄ မိုင်၊ အကျယ်၂၄ ပေရှိသော ကျောက်ခင်းကားလမ်းမကြီးဖြစ်ပြီး အဆိုပါလမ်းပိုင်းကို ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၈ ရက်မှစတင်ကာ ကချင်ပြည်နယ် အစိုးရဘတ်ဂျက် ရန်ပုံငွေဖြင့် ဆောင် ရွက်ခဲ့ပြီး အဆိုပါလမ်းပိုင်းမှာ ယခုနှစ် မတ်လပိုင်းတွင် ကျောက်ချောလမ်း အဖြစ် ပြီးစီးခဲ့၍ ဒေသအတွင်းဆက် သွယ်ရေးလျင်မြန်ချောမွေ့ လွယ်ကူစွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါမော်တော်ကားလမ်းပိုင်း မှာ မိုးဦးရာသီတွင် မိုးအဆက်မပြတ် ရွာသွန်းသဖြင့် အုန်းစံဆိုင်မှ နန့်မွန်း ကျေးရွာအထိ ကားလမ်းအတက် အဆင်း ၁ဝ မိုင်ခန့်မှာ တောင်တက် တောင်ဆင်းနှင့် မတ်စောက်သော ကမ်းပါးယံကွေ့များ ပေါများသည့် အတွက် မိုးရွာသွန်းမှုကြောင့် တောင် ကမ်းပါးယံမှ မြေလွှာလျော့ကျခြင်း၊ ချောင်းကမ်းပါးတစ်လျှောက် ဖို့မြေများ ပြိုကျခြင်းနှင့် လမ်းမြေသားအက်ကွဲ ကြောင်းများဖြစ်ပေါ်လာပြီး အထူးသဖြင့် မိုင်တိုင် အမှတ် (၉/၃)တွင် အရှည်ပေ ၅ဝ ကျော်ခန့် အက်ကွဲကြောင်းများ ရှိလာသောကြောင့် ယာဉ်ကြီးများ၊ ယာဉ်ငယ်များနှင့် ဆိုင်ကယ်များအတက် အဆင်းများပြုရာ၌ အန္တရာယ်ရှိနိုင် ကြောင်း မိုးညှင်း-နန့်မွန်းမော်တော် ယာဉ်မောင်းတစ်ဦးက ပြောသည်။

နီတိုး

No comments:

Post a Comment