Wednesday, June 29, 2016

သြဂုတ်လ လူထုဆန္ဒခံယူပွဲရလဒ် မည်သို့ပင်ရှိစေ ရာထူးမှ နုတ်ထွက်ပေးမည်မဟုတ်ဟု ပရာယုဒ်ပြော



The Mirror Daily's photo.


ဗန်ကောက် ဇွန် ၂၈

ထိုင်းနိုင်ငံ၌ သြဂုတ်လတွင်ကျင်းပမည့် ပြည်သူ့ဆန္ဒခံယူပွဲ၌ စစ်ဘက်က ထောက်ခံသောဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအား ပြည်သူများက ပယ်ချသည့်တိုင်အောင် မိမိရာထူးမှ နုတ်ထွက်ပေးမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ၏ပြောကြားချက်ကို ကိုးကားလျက် ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံ၌ ၂ဝ၁၄ ခုနှစ် မေလက အာဏာသိမ်းပွဲ တွင် ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာ ဦးဆောင်သော ရွေးချယ်တင်မြှောက်ခံအစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့သော စစ်ကောင်စီဖြစ်သည့် အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ၏အကြီးအကဲဖြစ်သည့် အမျိုးသားငြိမ်းချမ်းရေး နှင့်တရားဥပဒေစိုးမိုးရေးကောင်စီ၏ အကြီးအကဲအဖြစ် ပရာယုဒ်က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ထိုင်းနိုင်ငံမြို့တော် ဗန်ကောက်၌ လပေါင်းအတန်ကြာမျှ လမ်းပေါ်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်နိုင်ရေးအလို့ငှာ စစ်ဘက်က အာဏာသိမ်းရခြင်းဖြစ်သည်ဟု ပရာယုဒ်က ပြောကြားခဲ့သည်။
မိမိ၏နိုင်ငံအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ချမှတ်ပေးနေရသူ မိမိအနေဖြင့် လူထုဆန္ဒခံယူပွဲရလဒ် မည်သို့ပင် ပေါ်ထွက်လာစေကာမူ ရာထူးမှနုတ်ထွက်ပေး မည်မဟုတ်ကြောင်း ဗန်ကောက်ရှိ အစိုးရအဖွဲ့ အိမ်တော်တွင် ပရာယုဒ်က သတင်းထောက်များအား ပြောကြားသည်။

ထိုင်းပြည်သူများသည် မိမိကို ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် နှိုင်းယှဉ်သမှု မပြုသင့်ကြောင်း ပရာယုဒ်က ပြောကြားသည်။ ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့် ရက်သတ္တပတ်က ကျင်းပသော လူထုဆန္ဒခံယူပွဲတွင် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရန် ပြည်သူများက မဲပေးဆုံးဖြတ်ခဲ့ရာ ဝန်ကြီးချုပ် ကင်မရွန်းက ရာထူးမှ နုတ်ထွက်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အာဏာရ စစ်ကောင်စီသည် ၂ဝ၁၇ ခုနှစ် အထွေ ထွေရွေးကောက်ပွဲမတိုင်မီကာလတွင် နိုင်ငံရေးနှင့်စီးပွား ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပရာယုဒ်က ပြောကြားသည်။
ထိုင်းနိုင်ငံသည် ၂ဝ၁၇ ခုနှစ် ရွေးကောက်ပွဲကို ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေး အသွင်ကူးပြောင်းမှု၏အစ ဖြစ်လိမ့်မည်ဟု ဆိုသည်။
ရိုက်တာ။

No comments:

Post a Comment