Wednesday, June 29, 2016

ကူညီထောက်ပံ့မှုမပေးနိုင်ပါက ၂ဝ၃ဝ တွင် ကလေးငယ် ၆၉ သန်း သေဆုံးနိုင်ဖွယ်ရှိ



The Mirror Daily's photo.


နယူးယောက် ဇွန် ၂၈

ကမ္ဘာကြီးအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီထောက်ပံ့မှု များမပေးနိုင်ပါက ၂ဝ၃ဝ ခုနှစ်တွင် အသက်ငါးနှစ်အောက် ကလေးသူငယ် ၆၉ သန်းသည် အသက်ဆုံးရှုံးရနိုင်ဖွယ် ရှိသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)က သတိပေးပြောကြားသည်။

ယူနီဆက်က ၎င်း၏ နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာကို ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာကြီးအနေဖြင့် အတိဒုက္ခရောက်ပြီး ဆင်းရဲနွမ်းပါးလွန်းသည့် ကလေးသူငယ်များကို အလေးထားကူညီစောင့်ရှောက်မှုများမပြုလုပ်နိုင်ပါက ကလေးသူငယ်များသည် ကြိုတင်ကာကွယ်နိုင်သည့်ကိစ္စများဖြင့်ပင် အများဆုံးသေဆုံးရ လိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သေဆုံးနိုင်သည့် အကြောင်းများတွင် ကူးစက်ရောဂါများ၊ ပဋိပက္ခများနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်ရသည့် အကျိုးဆက်များ ပါဝင်သည်။

သေဆုံးနိုင်ဖွယ်ရှိသည့် ကလေးသူငယ်အရေအတွက်၏ထက်ဝက်ခန့်မှာ အာဖရိက ဆာဟာရဒေသခွဲမှဖြစ်သည်။ လက်ရှိအနေအထားအရ ယင်းဒေသရှိ ကလေးငယ် ၁ဝ ဦးတွင် ကိုးဦးသည် ၂ဝ၃ဝ ခုနှစ်တွင် အလွန်ဆင်းရဲ နွမ်းပါးစွာနေထိုင်ရလိမ့်မည်ဟု ဆိုသည်။ အာဖရိက ဆာဟာရဒေသခွဲသည် စီးပွားရေးဖွံ့ဖြိုးမှုရှိသော်လည်း ဆင်းရဲနွမ်းပါးမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့်ဒေသဖြစ်သည်။

ထို့ပြင် မူလတန်းအရွယ်ကလေးငယ် သန်း ၆ဝ ခန့် သည်လည်း ကျောင်းနေနိုင်လိမ့်မည်မဟုတ်ကြောင်း ယူနီဆက်က ခန့်မှန်းထားပြီး ကလေးငယ်တစ်ဝက်ကျော်သည် အာဖရိက ဆာဟာရဒေသခွဲမှပင်ဖြစ်သည်ဟု ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment