Tuesday, June 28, 2016

(၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းစည်းဝေး



 

နေပြည်တော်   ဇွန်   ၂၇

နောင်လာနောက်သားများ လွတ်လပ်ရေး ၏တန်ဖိုးကို သိရှိတန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်နိုင်ရန်နှင့် လွတ်လပ်ရေး မဆုံးရှုံးစေရေး   အသက်ပေးကာကွယ် စောင့်ရှောက်သွားမည်ဟူသည့်   မျိုးချစ် စိတ်ဓာတ်များ     ပိုမိုရှင်သန်တိုးတက် မြင့်မားလာစေရေးအတွက်   ရည်ရွယ်၍ အာဇာနည်နေ့အခမ်းအနားအား ကျင်းပ သွားမည်ဖြစ်ကြောင်း   ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံး၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပ သည့် ၂ဝ၁၆ ခုနှစ် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တွင် ဒုတိယသမ္မတက ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
 ဆက်လက်၍ ဒုတိယသမ္မတက (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်း အနား  အောင်မြင်စွာ  ကျင်းပနိုင်ရေး အတွက် ဝန်ကြီးဌာနများနှင့် ကော်မတီ များအလိုက်      ဆောင်ရွက်သွားရမည့်
လုပ်ငန်းပိုင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

ယင်းနောက် (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး    ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အာဇာ နည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပရေး အတွက် ကော်မတီများဖွဲ့စည်းခြင်းနှင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားသည့် လုပ်ငန်းကိစ္စများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး    လုပ်ငန်းကော်မတီ ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက  လုပ်ငန်းကော်မတီနှင့်  ဆပ် ကော်မတီများအလိုက် ဆောင်ရွက်သွားမည့် အစီ အမံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လုံခြုံရေး ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လုံခြုံရေးဆိုင်ရာ အစီ အမံများကိုလည်းကောင်း၊    နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများထံ ဖိတ်ကြားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 


ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ဝန်ကြီးဌာန အလိုက်   ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေး ကြပြီး   ဒုတိယသမ္မတက  လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။  
(သတင်းစဉ်)

No comments:

Post a Comment