Thursday, June 2, 2016

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်နေ

တွေ့ဆုံမေးမြန်း - မင်းမင်းဇော် 

ပြည်ထောင်စုအစိုးရအဖွဲ့က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကျိုးရှိမည့် စီမံချက်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၏
ဆောင်ရွက်ချက်များကို သိရှိနိုင်ရန် ပြည်နယ်ဝန်ကြီးများအား မေးမြန်းထားသည်များကို ရေးသား
တင်ပြလိုက်ရပါသည်။ 

ဦးအောင်ကျော်ဇံ
ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ရခိုင်ပြည်နယ်ရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဟာ ကျေးလက်ဒေသတွေအထိ ဖြန့်ဖြူးတဲ့အဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်အ္တရာယ် အသိပညာ ပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ စာမျက်နှာ ၈ ကော်လံ ၁ာာ ရှေ့ဖုံးမှ
အန္တရာယ်ကင်းရှင်းဖို့အတွက် ဓာတ်အားလိုင်းတွေနဲ့ ဓာတ်အား အသုံးပြုတဲ့ အဆောက်အအုံတွေကြား စနစ်ကျတဲ့ဓာတ်အား ဆက်သွယ်မှု ရှိ၊ မရှိနဲ့ ဓာတ်အားဆုံးရှုံးမှု ရှိနိုင်တဲ့နေရာတွေကို စစ်ဆေးပြုပြင်သွားမှာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာ ပြည်ထောင်စုအစိုးရက စီမံခန့် ခွဲတဲ့ လမ်းရှစ်ခု(မိုင်ပေါင်း ၅၁၄ မိုင် ၆ ဖာလုံ)နဲ့ ပြည်နယ်အစိုးရ က ခန့်ခွဲတဲ့လမ်း ၄၈ ခု (၇၈၂ မိုင် ၄ ဖာလုံ) ရှိပါတယ်။ ပြည် နယ်လမ်းဦးစီးဌာနအနေနဲ့ အဲဒီလမ်းတွေမှာ မိုးရာသီကာလ ယာဉ်တွေ ဘေးအ္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ဖို့အတွက် လမ်းပခုံးမြေသားတွေကို လမ်းနဲ့ အညီတင်ပေးခြင်း၊ အင်ဂျင် နီယာပုံစံတကျဖြစ်ရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ လမ်းဘေးဝဲ/ ယာမြေသားတာပေါင်တွေကို မူလပုံစံတကျမြေဖို့ပေးခြင်း တွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး အဝေးပြေးလမ်းမကြီးတွေ မှာ လမ်းညွှန်ဆိုင်းဘုတ်တွေ အပြည့်အစုံတပ်ဆင်ခြင်းနဲ့ ဘေးအ္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေမှာ သတိပေးလမ်းညွှန် ဆိုင်းဘုတ်တွေ တပ်ဆင်သွားမှာဖြစ်ပါတယ်။

နောက်ထပ် တံတားအဝင်၊ အထွက် အခက်အခဲဖြစ်တဲ့ နေရာတွေမှာ မြေမျက်နှာပြင်တွေညှိခြင်းနဲ့ ယိုယွင်းပျက်စီး နေတဲ့ တံတားတွေကို ပြင်ဆင်ခြင်း၊Guard Post များ စိုက်ထူခြင်း၊ ဆင်ခြေလျှောများကို မြေသားကပ်ပြီး ဆည်ဖို့ ခြင်းနဲ့ ကြမ်းခင်းများ လွတ်ထွက်ပြီး ကြမ်းပြင်ညီညာမှုမရှိတဲ့ ဘေလီတံတားတွေကို အသစ်ပြန်လည်ခင်းပေးခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပြည်နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာတော့ မာန် အောင်၊ မြေပုံ၊ ကျိန္တလီ၊ စစ်တွေ၊ ငပလီနဲ့ သံတွဲမြို့တွေမှာ အိတ်ချိန်းလိုင်းအစား အိတ်ချိန်းလိုင်းအားများတဲ့ စက်တွေနဲ့ အစားထိုးပြောင်းလဲသွားမှာဖြစ်ပါတယ်။ ကျောင်းကုန်း၊ ဂွ၊ သံတွဲ ဖိုင်ဘာဆက်ကြောင်းတွေကိုလည်း အပြီးသတ်ဆောင် ရွက်သွားမှာဖြစ်ပြီး GSM မိုဘိုင်း စခန်းသစ်ငါးခုကိုလည်း တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
စစ်တွေ-ဘူးသီးတောင်၊ စစ်တွေ-မြောက်ဦး ရေကြောင်း လမ်းတွေမှာ ပြေးဆွဲနေတဲ့ ရေယာဉ်တွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးခြင်း၊ ခရီးစဉ်နဲ့ရေယာဉ်လုပ်သားတွေကို အသိပညာ ပေးဟောပြောပွဲတွေ၊ သရုပ်ပြပွဲတွေ ပြုလုပ်ပြသခြင်း၊ ရေယာဉ် တွေပေါ်မှာ လုံခြုံရေးဆိုင်ရာပစ္စည်းတွေ လုံလောက်စွာထား ရှိခြင်းရှိ၊ မရှိနဲ့ ရေယာဉ်တွေပေါ်မှာ သတ်မှတ်ထားတဲ့ကုန်ချိန်၊ သတ်မှတ်ထားတဲ့ခရီးသည် အရေအတွက်ဖြင့်သာ ပြေးဆွဲခြင်း ရှိ/ မရှိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နဲ့ သယ်ယူပို့ဆောင်ရေးကြီးကြပ်ဆောင်ရွက် မှုဌာနကလည်း ယာဉ်လိုင်းတွေ စည်းကမ်းနဲ့အညီ သွား လာနိုင်ရေးနဲ့ ကုန်တင်ကားဝင်းဆောက်လုပ်ဖို့ မြေနေရာရရှိ ရေးတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်နယ်ရေအရင်းအမြစ် နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း မြစ် ကြောင်းတွေထဲမှာ လှေနဲ့ သင်္ဘောတွေ လမ်းမှန်သွားလာနိုင် ဖို့အတွက် ရေကြောင်းလမ်းညွှန် အမှတ်အသားတွေနဲ့ မြစ် ချောင်းကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းတွေကို
ဆောင်ရွက် သွားမှာဖြစ်ပါတယ်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရခိုင်ပြည်နယ်ဆိပ်ကမ်းရုံး (စစ်တွေမြို့)ကလည်း စစ်တွေဆိပ်ကမ်းမှာ ရေစူး ၂၄ ပေနဲ့ တန် ၁၅ဝဝဝ ရှိ သင်္ဘောတွေဆိုက်ကပ်နိုင်ဖို့နဲ့ ရေစူး ၁၅ ပေ၊ အလျား ပေ ၃ဝဝ ရှိတဲ့ ရေယာဉ်တွေ ဖောင်တော်ကြီး ဆိပ်ခံ တံတားမှာ အလှည့်ကျတန်းစီစနစ်နဲ့ ကုန်တင်/ကုန်ချနိုင်ဖို့၊ အလျားပေ ၂၅ဝ၊ ရေစူး ၁၂ ပေရှိတဲ့ ကမ်းရိုးတန်းရေယာဉ်တွေ ကို မင်းဂံကုန်တံတားပေါ်မှာ အလှည့်ကျ ဆိုက်ကပ်ကုန်တင်/ ကုန်ချပြုလုပ်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်နယ်စက်မှု ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကလည်း လုပ်ငန်းသစ်တွေ မှတ်ပုံတင်ခြင်းနဲ့ လုပ်ငန်းသက်တမ်းတိုးမြှင့်ခြင်းတွေကို ဆောင် ရွက်သွားမှာဖြစ်ပါတယ်။
ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ ယာဉ်တွေမှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်တွေ ထုတ်ပေးခြင်းလုပ်ငန်းတွေကို ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူမြို့တွေမှာ ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။

ဦးကျော်အေးသိန်း
ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး
ပြည်နယ်ငွေရေးကြေးရေး စစ်ဆေးရေးဦးစီးဌာနက မြို့ နယ် ငါးမြို့နယ်မှာ တောင်သူတွေကို ချေးငွေထပ်မံထုတ်ချေး နိုင်ဖို့ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အသေးစားစက်မှု လက်မှုဦးစီးဌာနအနေနဲ့ သစ်သီးဝလံအခြေခံစားသောက် ကုန်ထုတ်လုပ်နည်းနဲ့ လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင် တန်းတွေကို ကျောက်တော်မြို့နယ်မှာ ဖွင့်လှစ်ခဲ့ပြီး အခြေခံ အပ်ချုပ်စက်သင်တန်းကို ရက်ကန်းနဲ့ သက်မွေးပညာသင်တန်း ကျောင်းမှာ ဖွင့်လှစ်နိုင်ခဲ့တယ်။
ပြည်နယ်သမဝါယမဦးစီးဌာနကတော့ စိုက်ပျိုးစရိတ် ချေး ငွေနဲ့ မွေးမြူရေးစရိတ် ချေးငွေတွေကို ထုတ်ချေးခဲ့ပြီး ပင်စင် ဦးစီးဌာနအနေနဲ့ သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ နာမကျန်း ပင်စင်၊ မိသားစုပင်စင်နဲ့ လျှော့ပေါ့ပင်စင် စုစုပေါင်း ၁၂ဝ ကို ဆောင်ရွက်ခဲ့တယ်။
လူထုအခြေပြုခရီးစဉ်တွေအဖြစ် ဝါဘိုကျေးရွာနဲ့ ကျိန္တလီ မြို့ကိုဖော်ဆောင်သွားဖို့ စီစဉ်ထားရှိပါတယ်။ နောက်ပြီး ပြည် နယ် အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနတွေကလည်း ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းတွေ ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

ဦးကျော်လွင်
ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး
ရခိုင်ပြည်နယ်အတွင်းမှာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးခြင်း၊ တောင်သူပညာပေးစံပြကွက် တွေ ပြုလုပ်ပြ
သခြင်း၊ ကျေးရွာမျိုးစေ့ဘဏ်တွေ ထူထောင် ခြင်း၊ အရန်မျိုးစပါး စုဆောင်းထားရှိခြင်းနဲ့ တောင်သူ အသိ ပညာပေး ပိုစတာစိုက်ထူခြင်းတွေဆောင်ရွက်သွားမှာဖြစ်ပြီး ဆည်မြောင်းနဲ့ ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနကတော့ ကန်တော်ကြီးဆည်ဖို့ခြင်းလုပ်ငန်းကိုဆောင်ရွက်သွားမှာဖြစ် ပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငွေလုံးငွေရင်းနဲ့တည် ဆောက်မယ့်လုပ်ငန်းတွေကို တင်ဒါခေါ်ယူပြီး စံချိန်စံညွှန်းမီ အမြန်ဆုံး တည်ဆောက်နိုင်ဖို့နဲ့ ရေချိုငါးလုပ်ငန်း ဥပဒေနဲ့ ဆက်နွှယ်တဲ့ နည်းဥပဒေကို ရေးဆွဲတင်ပြသွားမှာဖြစ်ပါတယ်။ ထို့အတူ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နဲ့ သတ္တုတွင်းဦးစီးဌာနတွေကလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ 

ဒေါက်တာချမ်းသာ
ပြည်နယ်လူမှုရေးဝန်ကြီး
ပြည်နယ်ထဲက ကျောက်ကြီးတိုက်နယ်ဆေးရုံ၊ အလယ် ချောင်းတိုက်နယ်ဆေးရုံ၊ ကူတောင်တိုက်နယ်ဆေးရုံနဲ့ တပ် တောင်တိုက်နယ်ဆေးရုံသစ်တွေကို ဖွင့်လှစ်ပေးပြီး ဆေးရုံ လုပ်ငန်းတွေလည်ပတ်နိုင်ဖို့ စီမံဆောင်ရွက်သွားမယ်။
ပြည်နယ်ဗဟိုပြုဆေးခန်းတွေကို ကျေးလက်ကျန်းမာရေး ဆေးခန်းအားလုံးမှာ ဆောင်ရွက်နိုင်ဖို့ စီစဉ်ပေးခြင်း၊ သွေး လွန်တုပ်ကွေးရောဂါနှိမ်နင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးခြင်းနဲ့ ကျောင်းကျန်းမာရေးလုပ်ငန်းတွေ ကို ကျောင်းဖွင့်ချိန်ကစပြီး ဆောင်ရွက်သွားပါမယ်။ သဘာဝ ဘေးအ္တရာယ်ကြိုတင်ကာကွယ်ရေးစီမံချက်နဲ့ ကျန်းမာရေး ကြီးကြပ်(၂)တွေကို သင်တန်းတွေပေးသွားမယ်။ တိုင်းရင်း ဆေးကုသရေးဦးစီးဌာနကလည်း စီမံချက်ဝင် မြို့နယ်တွေမှာ ရှိတဲ့ ကျေးရွာတွေကို ဆေးသေတ္တာတွေ ထောက်ပံ့ပေးခြင်း တွေနဲ့အတူ နယ်လှည့်ကွင်းဆင်းဆေးကုသရေး လုပ်ငန်းတွေကို ကုသရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

ပညာရေးဌာနမှာဆိုရင်လည်း မေးခွန်းပုံစံများ ပြောင်းလဲ ပြုပြင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးခြင်း၊ ပညာရေးစွမ်းရည်မြှင့်တင်သင်တန်းများဖွင့်လှစ်ခြင်း၊ ကျောင်း ဖွင့်အမီ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းသုံးပရိဘောဂတွေ ကို ပြည့်စုံအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
နောက်ထပ် ပြည်နယ်အဆင့်တွေဖြစ်တဲ့ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာနနဲ့ လူမှုဝန်ထမ်းဦးစီးဌာနတွေ ကလည်း သက်ဆိုင်ရာကဏ္ဍတွေအလိုက် ဒေသဖွံ့ဖြိုးရေး လုပ် ငန်းတွေ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။

ဦးမင်းအောင်
ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး
ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနအနေနဲ့ ရခိုင်ပြည် နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေနဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တွေမှာရှိတဲ့ ကျေးရွာ ပေါင်း ၁၁ဝ မှာ ကျေးလက်ရေပေးရေးလုပ်ငန်း ၁၁၇ ခုကို လုပ်ဆောင်သွားပါမယ်။ နောက်ထပ် အဲဒီဦးစီးဌာနရဲ့ မွမ်းမံ ရန်ပုံငွေနဲ့ပဲ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တွေထဲက သတ်မှတ်ထားတဲ့ကျေးရွာ တွေမှာလည်း ကျေးလက်ရေပေးရေးလုပ်ငန်းတွေကို ဆောင် ရွက်သွားမယ်။

No comments:

Post a Comment