Thursday, June 2, 2016

အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးတံတားအဖြစ် ဆက်သွယ်ဆောင်ရွက်ပေးမည့် ပြန်ကြားရေးဝန်ကြီးဌာန



 ပြန်ကြားရေးဝန်ကြီးဌာန ရက် ၁ဝဝ စီမံချက်

တွေ့ဆုံမေးမြန်း-မော်စီ

အစိုးရသစ်အနေဖြင့် ပြည်သူကိုမျက်နှာမူပြီး မီဒီယာကဏ္ဍမှ ပြည်သူကို သတင်းအချက်အလက်၊ ဖျော်ဖြေမှုနှင့် အသိပညာ ပေးခြင်းလုပ်ငန်းများဆောင်ရွက်သည့်အခါ ပြည်သူနှင့် အစိုးရ ကြား ပေါင်းကူးဆက်သွယ်ပေးမည့်ပြုပြင်ပြောင်းလဲမှုများကို '' ပြည်သူ့အတွက် ပထမ ရက် ၁ဝဝ '' အစီအစဉ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက အထူးကဏ္ဍတစ်ရပ်အဖြစ် ဖော်ဆောင်တင်ပြလျက်ရှိသည်။

ထို့ပြင် စာကြည့်တိုက်များကိုလည်း အများပြည်သူနှင့် နှီးနှော ဖလှယ်ရာ၊ အများပြည်သူတို့ဆုံတွေ့ရာ၊ အများပြည်သူတို့ ရပ်ရွာအကြောင်းကိစ္စများ ဆွေးနွေးတိုင်ပင်ရာ Community
Centre နေရာများအဖြစ် ပြောင်းလဲရန်လည်း စီစဉ်ဆောင်ရွက် လျက်ရှိသည်။ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့မှုများကို ပြန်လည်စုစည်းရေးသားတင်ပြ လိုက်ရပါသည်။

ဒေါက်တာဖေမြင့်
ပြည်ထောင်စုဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
မေး ။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောင်းလဲကျင့်သုံးသွား
မယ့် မူဝါဒတွေနဲ့ပတ်သက်ပြီး သိလိုပါတယ် ခင်ဗျာ။
ဖြေ ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြန်ကြားရေးဆိုတဲ့
ဌာနများရဲ့ လုပ်ငန်းတာဝန်တွေ မိဘပြည်သူကို အသိ ပညာပေးဖို့၊ သတင်းအချက်အလက်ပေးဖို့၊ ပြည်သူကို ဖျော်ဖြေဖို့ဆိုတဲ့ ပြန်ကြားရေး မီဒီယာတွေရဲ့ လုပ်ငန်းတာဝန် တွေပါ။ အဲဒီ လုပ်ငန်း တာဝန်တွေကိုပဲ ဆက်လက်ဆောင်ရွက် သွားဖို့ရှိပါတယ်။ သို့သော် အဲဒီလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်တဲ့နေရာမှာ ထားရှိတဲ့သဘောထားကတော့ ပြောင်းလဲသွားတယ်။ တစ်နည်းပြောရရင် မူဝါဒကတော့ ပြည်သူနဲ့ဆက်စပ်တယ်။ အစိုးရအနေနဲ့ ပြည်သူကို မျက်နှာမူတဲ့ သဘောထားကို လက်ခံပြီးတော့ ဒါကို ပြောင်းလဲသွားဖို့ရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ မီဒီယာများအနေနဲ့ ပြည်သူကို သတင်းအချက် အလက်ပေးရာ၊ ဖျော်ဖြေမှုပေးရာ၊
အသိပညာပေးရာ၊ ဒီလိုလုပ်ငန်း တာဝန်တွေဆောင်ရွက်တဲ့အခါ ပြည်သူကိုမျက်နှာမူတဲ့ သဘောထားနဲ့အညီ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အတွက်ကြောင့် ပြည်သူကိုသတင်း အချက်အလက်တွေပေးတယ်၊ အသိပညာပေးတယ်ဆိုတဲ့နေရာမျိုး မှာလည်း အစိုးရဘက်ကနေ တစ်ဖက်သတ် သတင်းအချက်အလက် ပေးတယ်၊ အသိပညာပေးတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ အများ ပြည်သူဘက်က ပြန်လည်ပြောဆိုတဲ့ အသံတွေ၊ အထင်အမြင်တွေ ရေးသားချက်တွေကို ကျွန်တော်တို့ရဲ့ ရုပ်သံမီဒီယာတွေရော၊ ပုံနှိပ် မီဒီယာတွေမှာပါ ဖော်ပြပေးဖို့ရှိပါတယ်။

မေး ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့အတွက် ပထမ
ခြေလှမ်း ရက် ၁ဝဝ အတွင်းမှာ ဘာတွေကိုဦးစားပေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူနဲ့ဆက်
သွယ်ပေါင်းကူးတဲ့ လုပ်ငန်းတွေ၊ စောစောကမီဒီယာ တွေရှိပါတယ်။ ပြီးတဲ့နောက် ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့တဲ့ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ရုံးတွေ၊ စာကြည့် တိုက်တွေ ရှိပါတယ်။ အဲဒီဟာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်။ ပြည်သူကို မျက်နှာမူတဲ့ ပြောင်းလဲမှုတွေလုပ်မယ်။ မီဒီယာတွေနဲ့ပတ်သက်လို့ရှိရင် ပထမဆုံး ပုံနှိပ်မီဒီယာမှာတော့ ပထမဦးဆုံးရက် ၁ဝဝ ရဲ့ အစပိုင်းလို့ဆိုရမှာပေါ့။

အစိုးရအဖွဲ့လွှဲ ပြောင်းလက်ခံတဲ့ ရက်ပိုင်းမှာတင်ပဲ ကြေးမုံနဲ့ မြန်မာ့အလင်းသတင်း စာတွေကို အသွင်အပြင်ရော၊ အတွင်းထဲမှာပါဝင်တဲ့ အကြောင်း အရာတွေကိုပါ ပြောင်းလဲမှုတွေလုပ်ပါတယ်။ အဲ့ဒါကတော့ သိသာ မြင်သာရှိတယ်ဆိုတာ ပြည်သူတွေဆီက အသံဗလံတွေလည်း ကြားရပါတယ်။ ရုပ်သံမီဒီယာပိုင်းမှာလည်း ပြောင်းလဲမှုတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါတွေဟာလည်း လာမယ့် ရက်ပိုင်း ရက်သတ္တပတ်အတွင်းလောက်မှာ မြင်သာထင်သာ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ပြီးတဲ့နောက် အများပြည်သူနဲ့တိုက်ရိုက်ဆက်ဆံလို့ရတဲ့ ဆက်ဆံမှုရှိနေတယ်။ စောစောကပြောခဲ့တဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဌာနတွေ၊ စာကြည့်တိုက်တွေ၊ ဒါတွေကိုလည်း အများပြည်သူနဲ့ နှီးနှောဖလှယ်ရာ၊ အများပြည်သူ ဆုံတွေ့ ရာ၊ အများပြည်သူတို့ သူတို့ရပ်ရွာအကြောင်းကိစ္စတွေကို ဆွေးနွေးတိုင်ပင်ရာ Community
Centre နေရာတွေ အဖြစ် ပြောင်းလဲဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်။ အဲဒါတွေနဲ့ပတ် သက်လို့ ကနဦးအနေနဲ့ တချို့နေရာ မြို့နယ်၊ ခရိုင်ရုံးတွေနဲ့ စာကြည့် တိုက်တွေမှာ စတင်ပြီးတော့ ပြောင်းလဲမှုတွေ ဆောင်ရွက် နေပြီဖြစ် ပါတယ်။

မေး ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့
ကိုက်ညီတဲ့ သတင်းလွတ်လပ်ခွင့်တွေအတွက် ဘယ်လို ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူနဲ့ဆက်သွယ်
ပေါင်းကူးတဲ့ အလုပ်အပြင် ကျွန်တော်တို့ နိုင်ငံတွင်းမှာရှိတဲ့ သတင်းမီဒီယာတွေဖွံ့ဖြိုးတိုးတက်ဖို့၊ စာပေဖွံ့ဖြိုးတိုးတက်ဖို့၊ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ဖို့၊ ဒါကိုလည်းပဲဆောင်ရွက်ဖို့ တာဝန် ရှိပါတယ်။ ဒါကိုလည်း ဆောင်ရွက်နေပါတယ်။ သတင်းမီဒီယာပိုင်း မှာဆိုရင် သတင်းမီဒီယာ လွတ်လပ်ခွင့်အပိုင်းလည်းရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သတင်းမီဒီယာများကို ကန့်သတ်ရာ ရောက်နေတဲ့ တည်ဆဲဥပဒေအချို့ကို သုံးသပ်ပြီးတော့ ပြန်လည် ပြုပြင်ဖို့ စသဖြင့် လိုအပ်တဲ့ဥပဒေတွေပြဋ္ဌာန်းပေးစရာရှိပါတယ်။
သတင်းရရှိမှုနဲ့ ပတ်သက်လို့ပြုပြင်ဆောင်ရွက်သွားဖို့တွေလည်း ရှိပါတယ်။ ဒါတွေကျတော့ နိုင်ငံထဲမှာရှိတဲ့ သတင်းမီဒီယာအဖွဲ့ အစည်းတွေ သတင်းမီဒီယာကိစ္စ၊ သတင်းမီဒီယာ လွတ်လပ်ခွင့် နဲ့ပတ်သက်လို့ စိတ်ဝင်စားတဲ့တစ်ဦးချင်းသော ပုဂ္ဂိုလ်တွေ အသင်း အဖွဲ့တွေကိုပါ ဖိတ်ကြားပြီးတော့ ဆွေးနွေးပြီးညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။
သတင်းမီဒီယာကနေဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ရှိရင် တစ်လက်စထဲပြောလို့ ရတာတစ်ခုကတော့ ရုပ်သံမီဒီယာဖွံ့ဖြိုးတိုး တက်ရေး ဖြစ်ပါတယ်။ ရုပ်သံမီဒီယာကဏ္ဍမှာ ပါဝင်ဆောင်ရွက် ချင်နေတဲ့ မီဒီယာသမားတွေရှိပါတယ်။ ရုပ်သံမီဒီယာဖွံ့ဖြိုး တိုးတက်ဖို့ကိုလည်း ကျွန်တော်တို့စဉ်းစားဆောင်ရွက်နေပါတယ်။ ဒီရက်ပိုင်းမှာ ရုပ်သံမီဒီယာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများ၊ ပါဝင်ပတ်သက်သူများ တက်ရောက်တဲ့ ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုးတိုး တက်ရေး ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရုပ်သံဥပဒေကလည်း အစိုးရ ပြောင်းလဲလာတဲ့ အနေအထားမှာ နည်းနည်း မဆီလျော်တဲ့ အချက်တွေရှိနေတဲ့အတွက်ကြောင့် ဒါတွေ ပြန်လည်သုံးသပ် ဆွေးနွေးပြီးတော့ ဘယ်လိုပြင်ဆင်မလဲ၊ ဒီဥပဒေနဲ့အညီ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

တစ်ချိန်တည်းမှာ လက်ရှိ ရှိနေတဲ့ရုပ်သံလောက အနေအထားကိုလည်း သုံးသပ် ပြီးတော့ ရုပ်သံလုပ်ငန်းထဲမှာ အများပါဝင်ဆောင်ရွက်နိုင်ဖို့၊ တစ်နည်းပြောရင် ရုပ်သံမီဒီယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲက ကနဦးဆွေးနွေးပွဲဖြစ်ပါတယ်။ နောက်ထပ်ဆွေးနွေးပွဲတွေက နေပြီးတော့ ရုပ်သံမီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် တိကျတဲ့၊ မှန်ကန်တဲ့ အစီအစဉ်တွေချမှတ် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မေး ။ ။ နိုင်ငံပိုင်မီဒီယာတွေအပေါ် ပြည်သူတွေ စိတ်ဝင်စားမှု
အားနည်းနေမှုနဲ့ပတ်သက်လို့ အဓိကဘာတွေကို ပြုပြင် ပြောင်းလဲဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံပိုင်မီဒီယာတွေဆောင်ရွက်တဲ့အခါမှာ အထူးသဖြင့်
တစ်ချိန်တုန်းက အကန့်အသတ်တွေရှိပါတယ်။ အကန့် အသတ်တွေထဲမှာ အလုပ်လုပ်ရတဲ့အတွက်ကြောင့် အများ ပြည်သူစိတ်ဝင်စားမှု အားနည်းတဲ့အပိုင်းတွေရှိပါတယ်။ ကျွန်တော် တို့ကတော့ မီဒီယာပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ မီဒီယာ များမှာ အစိုးရဘက်က အများပြည်သူကို မိမိသိစေချင်တဲ့ အကြောင်းအရာအချက်အလက်တွေကိုပဲ အသိပေးတယ်၊ အစိုးရ မူဝါဒတွေကိုပဲ ပြောကြားတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ အများ ပြည်သူရဲ့ အသံတွေ၊ အများပြည်သူတွေဘက်က ပြောဆိုတဲ့ စကားတွေ၊ ရေးသားချက်တွေ ဒါတွေကို ဖော်ပြပေးသွားပါမယ်။
အများပြည်သူကြားထဲမှာရှိတဲ့ အတွေးအခေါ်အသိအမြင်များတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောလို့ရတဲ့သူတွေရဲ့ အယူအဆ၊ အတွေးအမြင် အမျိုးမျိုးရှိပါလိမ့်မယ်။ အစိုးရရဲ့ မူဝါဒတွေနဲ့ တူညီတာလည်းရှိ မယ်။ မတူညီတာလည်းရှိမယ်။ သို့သော် အဲဒီလိုအမျိုးမျိုးရှိသော အယူအဆတွေ၊ အရေးအသားတွေ၊ အပြောအဆိုတွေ ဒါတွေကိုပါ ဖော်ပြပေးနိုင်ရင် မီဒီယာတွေသည် ပြင်ပမီဒီယာများကဲ့သို့ စိတ်ဝင်စားဖွယ်ရာ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါလည်း ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေပါတယ်။

မေး ။ ။ ဝန်ကြီးဌာနတွေမှာ ပြောရေးဆိုခွင့်ရှိသူတွေ ထားရှိမှု အပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။
ဖြေ ။ ။ လက်ရှိအစိုးရသည် ပွင့်လင်းမြင်သာမှုရှိတယ်၊ တာဝန်
ယူမှု၊ တာဝန်ခံမှုရှိတယ် ဆိုတာမျိုး အများပြည်သူလည်း သိမြင်လက်ခံနိုင်အောင် တကယ်လည်းပဲ အဲဒီအတိုင်းဖြစ်လာ နိုင်အောင်ဆိုရင် အများပြည်သူနဲ့ဆက်ဆံမှုရှိရမယ်။ ဆက်ဆံမှု ရှိတယ်ဆိုရာမှာ အများပြည်သူကို မိမိတို့ ပြောစရာရှိတာတွေကို ထုတ်ပြန်ပြောဆိုဖို့ရှိသလို သိချင်တဲ့အတွက်ကြောင့် မေးမြန်း လာသမျှကိုလည်း ဖြေကြားဖို့ရှိပါတယ်။ အဲဒီလိုပြောဆိုဖြေကြား နိုင်ဖို့အတွက် အစိုးရဝန်ကြီးဌာနအသီးသီးမှာ ခုနက ပြောတဲ့ ပြောရေးဆိုရေးရှိသူဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ ပုံမှန်ထားရှိဖို့လိုပါတယ်။

အဲဒီပုဂ္ဂိုလ်မျိုးသည် မီဒီယာများနဲ့ရင်းရင်းနှီးနှီး ဆက်သွယ်မှုရှိနေဖို့ လိုပါတယ်။ အဲဒီအတွက်ကိုလည်း ကျွန်တော်တို့က ပြန်ကြားရေးဝန်ကြီးဌာနဖြစ်တာကြောင့်၊ ဒီလုပ်ငန်းသည် ကျွန်တော်တို့နဲ့လည်း ပိုမိုသက်ဆိုင်တဲ့အတွက် ဝန်ကြီးဌာနအသီးသီးက ပြောရေး ဆိုရေးရှိသူဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီးတော့ ပြောရေးဆို ရေးရှိသူရဲ့ အလုပ်တွေကို အောင်အောင်မြင်မြင်ရှိအောင် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတဲ့ ဆွေးနွေးညှိနှိုင်းပွဲလည်း မကြာခင်ကလုပ် ခဲ့ပါတယ်။ ပြောရေးဆိုရေးရှိသူတွေကို တကယ်သွက်လက် ထက်မြက်တဲ့ ပြောရေးဆိုရေးရှိသူပုဂ္ဂိုလ်တွေဖြစ်စေဖို့ သူတို့ လုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့ နိုင်ငံတကာ မီဒီယာပညာရှင်တွေနဲ့ ပြည်တွင်းက မီဒီယာပညာရှင်တွေလည်း ပါဝင်ပြီးတော့ ဦးဆောင်ပြီး သင်တန်းသဘောမျိုး ရက်တိုလေ့ကျင့်မှု တွေလည်းလုပ်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။

မေး ။ ။ သတင်းမီဒီယာကဏ္ဍနဲ့ စာပေလောကဖွံ့ဖြိုးဖို့ ဘာတွေလို
အပ်ပါသလဲ။ လိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်း သွားမယ်ဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ဖြည့်စွက်ပြောချင်တာကတော့ ဝန်ကြီးဌာနအနေနဲ့
တိုင်းပြည် စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တာဝန်ရှိတယ်လို့ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း တစ်ဖက်ကလုပ်နေတာလည်းရှိပါတယ်။ ဥပမာ ရန်ကုန်မြို့မှာ အများပြည်သူသွားလာရန် လွယ်ကူတဲ့ မြို့လယ်ကောင်မှာရှိတဲ့ စာပေဗိမာန်အဆောက်အအုံရှိပါတယ်။ လောလောဆယ် စာပေ ဗိမာန်အဆောက်အအုံရဲ့ မြေညီထပ်မှာ စာအုပ်ဆိုင်တစ်ဆိုင်ရှိ ပါတယ်။

ဒီစာအုပ်ဆိုင်ကို ပိုပြီးတော့ ကျယ်ဝန်းတဲ့စာအုပ်ဆိုင် တစ်ဆိုင်ဖြစ်လာအောင် ပြုပြင်ပြောင်းလဲဖို့ ညှိနှိုင်းဆောင်ရွက် နေတာရှိပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပြီးခဲ့တဲ့လကတည်းက ဆောင်ရွက်မှုတွေစပြီးတော့ လုပ်နေပါပြီ။ မကြာမီ အကောင် အထည်ဖော် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နောက်တစ်ခုက စာပေဗိမာန်အဆောက်အအုံဟာလည်း နဂိုမူလစာကြည့်တိုက် တစ်ခုရှိခဲ့ပါတယ်။ ဒီစာကြည့်တိုက်ကိုလည်း ရန်ကုန်မြို့လယ် သွားရေးလာရေးလွယ်ကူတဲ့နေရာမှာရှိတာဖြစ်တဲ့အတွက်ကြောင့်၊ အများပြည်သူ စာအုပ်စာပေသမားတွေလည်း ဝင်ထွက်ဖို့လွယ်ကူတာဖြစ်တဲ့အတွက်ကြောင့် သူတို့အတွက် ဒီစာကြည့်တိုက်ကြီးကို မြို့လယ်စာကြည့်တိုက်တစ်ခုအနေနဲ့ ဖြစ်လာအောင် ပိုမိုပြည့်စုံတဲ့စာကြည့်တိုက်ဖြစ်လာအောင်၊ ခေတ်မီတဲ့စာကြည့်တိုက်ဖြစ်လာအောင်လုပ်ဖို့လည်း စာကြည့် တိုက် ပညာရှင်တွေ၊ စာကြည့်တိုက်ကိစ္စမှာ စိတ်ဝင်စားတဲ့ တခြား ပုဂ္ဂိုလ်တွေနဲ့ ပူးတွဲပြီးတော့ စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ နောက်တစ်ခုက စာပေဖွံ့ဖြိုးတိုးတက်ရေး၊ စာအုပ်စာပေလှုပ်ရှားမှု အနေနဲ့ အခုစပြီးလုပ်နေတာရှိပါတယ်။ တကယ်ကျင်းပမှာကတော့ ဇူလိုင်လမှာလုပ်ဖြစ်မယ်။

အဲဒါကတော့ ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာရှိတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန အဆောက်အအုံမှာပဲ စာပေဆွေးနွေးနှီးနှောဖလှယ်ပွဲ တစ်ခု ကျင်းပပါမယ်။ ခေါင်းစဉ်ကတော့ ''မြန်မာနိုင်ငံရေး စာပေဆိုင်ရာဆွေးနွေးနှီးနှောဖလှယ်ပွဲ''အဲဒီခေါင်းစဉ်နဲ့ စာပေဆွေးနွေးပွဲ တစ်ရပ်ကျင်းပပါမယ်။ အဲဒီစာပေဆွေးနွေးပွဲက နှစ်ရက် သုံးရက် ကြာ ကျင်းပဖို့ ရှိပါတယ်။ အဲဒီရက်ပိုင်းအတွင်းမှာ အဲဒီအဆောက် အအုံဝင်းထဲမှာပဲ စာအုပ်ဈေးရောင်းပွဲတော် အလွယ်တကူ ပြောမယ်ဆိုရင် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်တစ်ခုကို ရန်ကုန်မြို့မှ စာအုပ်လုပ်ငန်းသမားတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ကျင်းပဖို့ ရှိပါတယ်။ စာအုပ်ပွဲတော်မျိုး၊ စာပေဆွေးနွေးပွဲမျိုးတွေ အခါအားလျော်စွာ လုပ်သွားကြ ပြီး စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီးအထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ဦးတင့်ဆွေ
အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန

မေး ။ ။ ရက်ပေါင်း ၁ဝဝ အတွင်း ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့
ကဏ္ဍဘယ်နှခုနဲ့ လုပ်ငန်းစဉ်ဘယ်မျိုးကို ဆောင်ရွက် သွားမယ်ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်သူ့အတွက် ပထမရက်
၁ဝဝ အတွင်းမှာ လုပ်ဆောင်မှာက အပိုင်းနှစ်ပိုင်း ရှိပါတယ်။
ပထမအပိုင်းအနေနဲ့ ပြောရရင် သတင်းအချက်အလက်ရယူ ခွင့် (Access to Information) နဲ့ပတ်သက်ရင် မီဒီယာ တွေမှာရော၊ လူထုမှာရော သိချင်တဲ့ အနေအထားရှိပါတယ်။ သတင်းရယူခွင့်ကို မီဒီယာတွေရအောင် ဆောင်ရွက်ဖို့ရှိပါတယ်။ သတင်းမီဒီယာ ဥပဒေမှာလည်းပါပါတယ်။ ပုဒ်မ ၆၊ ၇၊ ၈ မှာ ပြဋ္ဌာန်း ထားပါတယ်။ နည်းဥပဒေ အခန်း ၉ မှာ ပုဒ်မ ၃ဝ၊ ၃၁မှာ ပြဋ္ဌာန်း ထားပါတယ်။ တကယ်တမ်းကျတော့ ဌာနဆိုင်ရာတွေကရော၊ မီဒီယာတွေကရော သေချာဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ဒီအတွက် အထူးကဏ္ဍတစ်ခုအနေနဲ့ ရက် ၁ဝဝ အတွင်းမှာ ဆောင်ရွက်ဖို့ရှိပါတယ်။

ဌာနဆိုင်ရာတွေမှာ ပြောရေးဆိုခွင့်ရှိသူ(spokespersons) တွေဖွဲ့ပါတယ်။ မနေ့ကအထိ ဝန်ကြီးဌာန ၂၁ ခု က ပြောရေး ဆိုခွင့်ရှိသူ ၆၇ ဦး ရှိပါတယ်။ သူတို့နဲ့လည်း ကြိုတင် ညှိနှိုင်းအစည်း အဝေးလုပ်ပြီးပါပြီ။ ပြီးရင်တော့ ပြောရေးဆိုခွင့်ရှိသူတွေကို ဇွန်လ ၇ ရက်၊ ၈ ရက်မှာExperts တွေနဲ့Short Course Training တွေပေးပါမယ်။ ဇွန် ၂ဝ၊ ၂၁ ရက်မှာ UNESCO ကInternational
Expert နဲ့ ထပ်ပြီး သင်တန်းပေးပါမယ်။

ဒီလိုသင်တန်းတွေ ပြီးသွားရင် ပြောရေးဆိုခွင့်ရှိသူတွေဟာ မီဒီယာတွေကို သတင်းတွေပေးနိုင်မယ်လို့ မြင်ပါတယ်။ တစ်ခါ မီဒီယာကနေတစ်ဆင့် လူထုဆီကို အစိုးရဆီက သတင်းတွေ ပြန်ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါက ဆောင်ရွက် ချင်တဲ့ အပိုင်းပေါ့။
ဒုတိယအပိုင်းက ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ် ပါတယ်။ ရုပ်သံလွှင့်မီဒီယာနဲ့ပတ်သက်ရင် ဥပဒေနဲ့ မြေပြင်အနေ အထားဆိုပြီး နှစ်ချက်ရှိပါတယ်။ ဥပဒေက ၂ဝ၁၅ခုနှစ် သြဂုတ်လက ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေက တချို့အချက် အလက်တွေကို သက်ဆိုင်ရာ နယ်ပယ်တွေက ပြန်ပြီး Review လုပ်ချင်တာရှိပါတယ်။
ဒီလို ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့Law တစ်ခုတည်းကို လုပ်ရင် အချိန်ကြာနိုင်ပါတယ်။ ခြောက်လ ကြာမလား၊ တစ်နှစ် ကြာမလား မသိနိုင်တော့ ဒီကာလအတွင်းမှာလည်း ဖွံ့ဖြိုးတိုး တက်ဖို့ ဘယ်လိုလုပ်သွားမယ်ဆိုတာကို ဝိုင်းပြီးစဉ်းစားကြရမှာပါ။

ဒီအတွက်ကျွန်တော်တို့နဲ့International Media Development
Partner တွေရှိပါတယ်။ ပြည်တွင်းမှာလည်း Private
Partner တွေရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရှိပါတယ်။ ဒါ့ကြောင့် ဒီအတွက်Dialouge တစ်ခုလုပ်ပါတယ်။ ဒီက ထွက်လာတဲ့ Out comes တွေကို ပြန်စုစည်းပြီးရင် ရက် ၁ဝဝ အတွင်းမှာပဲ နိုင်ငံပိုင် ရုပ်သံလွှင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုသွားမလဲဆိုတာ ဆောင်ရွက်နေတာရှိပါတယ်။

ဦးမြင့်ထွေး
ညွှန်ကြားရေးမှူးချုပ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား

မေး ။ ။ ပထမခြေလှမ်း ရက် ၁ဝဝ အတွင်း ရုပ်သံမီဒီယာဖွံ့ဖြိုး
တိုးတက်အောင် ဘယ်ကဏ္ဍတွေကို ဦးစားပေးအကောင် အထည်ဖော်သွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟာ
အစိုးရသစ်တက်ပြီးမကြာမီ ဧပြီလ ၈ ရက်နဲ့ ၂၁ ရက် နေ့တွေမှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို ရောက်ရှိလာပြီးတော့ ဝန်ထမ်းတွေနဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလို တွေ့ဆုံတဲ့အခါမှာ ဝန်ထမ်းတွေကို ပြန်ကြားရေးဝန်ကြီးက လမ်းညွှန်မှာကြားတာ သုံးချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ထုတ်လွှင့်တဲ့ အစီ အစဉ်အားလုံးဟာ ပြည်သူကိုမျက်နှာမူတဲ့မူဝါဒနဲ့ ဦးတည်စဉ်း စားဆောင်ရွက်ဖို့၊ ဒုတိယအချက်ကတော့ သတင်းအစီအစဉ် တွေကို အရည်အသွေးရှိရှိ ထုတ်လွှင့်နိုင်ဖို့အတွက်ကို ကျွမ်းကျင် သူတွေ၊ ပညာရှင်တွေဖိတ်ခေါ်ပြီး ဝန်ထမ်းတွေကြားထဲမှာ အဖွဲ့ငယ်တွေဖွဲ့ပြီးတော့ ဆွေးနွေးဆောင်ရွက်ဖို့၊ နံပါတ်သုံး အချက်ကတော့ သတင်းနဲ့အစီအစဉ်တွေဟာ ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်ပေါ်လွင်စေဖို့ဆိုပြီးတော့ အချက် သုံးချက်ကို မှာကြားခဲ့ပါတယ်။
အဲဒီမှာကြားချက်နဲ့အညီ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားရဲ့ ရက် ၁ဝဝ အတွင်းဆောင်ရွက်ရမယ့် လုပ်ငန်းကတော့ သုံးခုရှိ ပါတယ်။ နံပါတ်(၁)ကတော့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို အများပြည်သူဝန်ဆောင်မှု ရုပ်သံလွှင့်လုပ်ငန်း PSB အဖြစ် ပြောင်းလဲဆောင်ရွက်ဖို့ဖြစ်ပါတယ်။ နံပါတ်(၂)ကတော့ hChannel
Rebranding ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နံပါတ်(၃)အချက် ကတော့ မြန်မာနိုင်ငံမှာ ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အတွက် ရုပ်သံလုပ်ငန်းလုပ်ကိုင်လိုသူNew Broadcaster တွေကို ပါဝင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။
ပထမလုပ်ငန်းဖြစ်တဲ့ PSB ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး နှစ်ပိုင်းရှိပါတယ်။ အဲ့ဒါကတော့Human Resources အပိုင်းနဲ့ Content အပိုင်းဖြစ်ပါတယ်။Human Resources အပိုင်း မှာတော့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားအနေနဲ့ ၂ဝ၁၃ ခုနှစ် ကစပြီးတော့ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ PSB ပြောင်းလဲရေးအတွက်ကို ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြား ဆောင်ရွက်ပေးခဲ့ပါတယ်။
ရုပ်သံအစီအစဉ်တွေ ကောင်းမွန်ဖို့အတွက်လည်း ဌာနတွင်းမှာ ဝန်ထမ်းတွေနဲ့ အပြန်အလှန် ဆွေးနွေးပွဲတွေ ပြုလုပ်ပြီးတော့ ပြင်ပက နားလည်တတ်ကျွမ်းတဲ့ မီဒီယာတတ်ကျွမ်းသူတွေ၊ စိတ်ပါဝင်စားသူတွေ၊ ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ဆွေးနွေး ပွဲတွေလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။
နောက် Content ပိုင်းမှာတော့ Public interest
reporting ၊ အများပြည်သူအကျိုးစီးပွား၊ အများပြည်သူသိချင် တဲ့ သိသင့်တဲ့အချက်တွေကို အခြေခံပြီးတော့ Publicနဲ့ YJ interactive ဖြစ်တဲ့ Program တွေကို ပိုမိုထုတ်လုပ်သွားဖို့ အတွက်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တစ်ခုက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအနေနဲ့ကတော့ အစိုးရရဲ့မူဝါဒတွေ အစိုးရကနေ ပြည်သူအတွက် ဆောင်ရွက်ပေး နေမှုတွေကို ဖော်ပြပေးနေတဲ့အပြင် ပြည်သူတွေရဲ့အသံ။ ပြည်သူ တွေရဲ့ လိုအပ်ချက်ဆန္ဒ။ နောက်တစ်ခါ ပြည်သူတွေကနေပြီးတော့ အစိုးရကို တင်ပြလိုတဲ့ သတင်းစကားတွေကိုလည်း ကျွန်တော်တို့က ပြည်သူ့ကိုယ်စား ထုတ်လွှင့်ပေးဖို့အတွက်ကို ကြိုးစားဆောင်ရွက် သွားမှာဖြစ်ပါတယ်။

နောက် ဒုတိယအချက်ဖြစ်တဲ့ Channel Rebrandingလုပ်ဖို့အတွက်Logo ၊ နောက်Main Title တွေအပါအဝင်Software တွေကို ဗစ်ဆာတီကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးပြီး တော့ဂရပ်ဖစ်ဒီဇိုင်းတွေကို အသစ်ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။
နောက်တတိယလုပ်ငန်းဖြစ်တဲ့ ရုပ်သံမီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက်ကိုလည်း မီဒီယာသမားတွေ၊ ဥပဒေပညာ ရှင်တွေ၊ နောက်သတင်းစာနဲ့ ဂျာနယ်ကနေပြီးတော့ တာဝန်ရှိတဲ့ သူတွေ၊ ပြင်ပပညာရှင်တွေ၊ Broadcasterတွေ၊ နောက်ရုပ်သံ လွှင့်လုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေတဲ့သူတွေပါဝင်တဲ့ ဆွေးနွေးပွဲတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ သူတို့ရဲ့အကြံပြုချက်၊ အမြင်တွေအပေါ်မှာ သုံးသပ်ပြီးတော့ လိုအပ်သလို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကနေ ဥပဒေအမှတ် ၅၃ နဲ့ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အဲ့ဒီဥပဒေမှာ ပါတဲ့ ကောင်စီဖွဲ့စည်းနိုင်ဖို့အတွက်ကို ဥပဒေပါအချက်အချို့ကို ပြင်ဆင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

အဲ့ဒီလို ပြင်ဆင်ပြီးလို့ ကောင်စီပေါ်ပေါက်လာပြီဆိုရင် အဲ့ဒီ ကောင်စီကနေ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်ပြန်ပေးရင်တော့ ရုပ်သံလုပ်ငန်းကို လုပ်ကိုင်လိုတဲ့ New Broadcaster တွေ အနေနဲ့ကတော့ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနဲ့အညီ လိုင်စင်များလျှောက် ထားပြီး ရုပ်သံလွှင့်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ Broadcasting
Industry တစ်ခုလုံးဟာ အများကြီး တိုးတက်ပြောင်းလဲလာ တော့မှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ရက် ၁ဝဝ အတွင်း ဆောင်ရွက်မယ့် လုပ်ငန်းစဉ် သုံးခုကို တင်ပြခဲ့တာဖြစ်ပါတယ်။
အဲဒါအပြင် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအနေနဲ့ကတော့ မိမိတို့ဌာနရဲ့ ရက် ၁ဝဝ အတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်း တွေအပြင် ကျွန်တော်တို့က အစိုးရသစ်ရဲ့ ရက်ပေါင်း ၁ဝဝ ကာလအတွင်းမှာ အခြားဌာနများရဲ့ လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိဖို့အတွက် ပြည်သူ့ အတွက် ပထမ ရက် ၁ဝဝ ဆိုတဲ့ အစီအစဉ်ကို မေလ ၁၄ ရက် နေ့ကနေစပြီးတော့ ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါတယ်။
အဲ့ဒီရက်ပေါင်း ၁ဝဝ ပြည့်ပြီးသွားလို့ ၁ဝ၁ ရက် နေစပြီး တော့ ဝန်ကြီးဌာနတွေအနေနဲ့ ရက်ပေါင်း ၁ဝဝ ကာလအတွင်း မှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့မှုတွေအပြင် အားနည်းချက်၊ အားသာချက်များကိုလည်း ကျွန်တော်တို့က ဆက်လက်ပြီး ရိုက်ကူးထုတ်လွှင့်ဖို့အတွက် စဉ်းစားထားပါ တယ်။
အချုပ်အားဖြင့် တင်ပြရရင် ကျွန်တော်တို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTVအနေနဲ့ ပြည်သူ့အကျိုးပြု ပြီးတော့ အရည်အသွေးရှိတဲ့ ရုပ်မြင်သံကြား Channel တစ်ခုဖြစ်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားပါမယ်လို့ ပြောကြား လိုပါတယ်။
ဦးအောင်မျိုးမြင့်
ညွှန်ကြားရေးမှူးချုပ်
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
မေး ။ ။ အစိုးရကဆောင်ရွက်နေတဲ့ ပြည်သူ့အတွက် ရက် ၁ဝဝ
စီံမံချက်မှာ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဦးစီးဌာနအနေနဲ့ ဘာတွေကို ဆောင်ရွက်သွားမှာပါလဲ။
ဖြေ ။ ။ ပုံနှိပ်ရေးနဲ့ထုတ်ဝေရေး ဦးစီးဌာနအနေနဲ့ ပထမရက်
၁ဝဝ အတွင်း ဆောင်ရွက်မယ့်လုပ်ငန်းတွေကို အကောင် အထည်ဖော်ရာမှာ စာပေဌာနခွဲ(စာပေဗိမာန်)က ဆောင်ရွက် နေတဲ့ စာပေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ ပုံနှိပ်စက်ရုံများရဲ့ ပုံနှိပ် ထုတ်လုပ်ခြင်းလုပ်ငန်းကဏ္ဍဆိုတဲ့ ကဏ္ဍနှစ်ရပ်နဲ့ အကောင် အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စာပေဗိမာန်က ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍကိုပြောရ ရင် လက်ရှိဆောင်ရွက်နေတဲ့ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန် စာမူဆုတွေ စိစစ်ရွေးချယ်ရာမှာ စိစစ်ရွေးချယ်ရေးအဖွဲ့တွေမှာ စာပေနယ်ကထင်ရှားကျော်ကြားတဲ့ စာပေပညာရှင်တွေ ပိုမိုပူး ပေါင်းပါဝင်လာစေဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုစာပေ ဆုများ စိစစ်ရွေးချယ်ရာမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိစွာ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ စာတမ်းဖတ်ပွဲ၊ စာအုပ်ဈေးပွဲတော်၊ စာပေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲစတဲ့ လှုပ်ရှားမှုတွေနဲ့ အခမ်းအနားတွေမှာ စာပေ ဗိမာန်က ပြည်သူတွေ ပိုမိုတက်ြ<ွကစွာပါဝင်ရေး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာပေလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ မိတ်ဖက်စာပေအဖွဲ့အစည်းတွေနဲ့လည်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပြည်သူတွေ ပညာမျက်စိပွင့်လင်းပြီး ဗဟုသုတများ ရရှိစေဖို့နဲ့ နှလုံးသားနူးညံ့စေမယ့် ရသတွေခံစားနိုင်ဖို့ စာပေကို ဖတ်ရှုလေ့လာမှတ်သားကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သုတ၊ ရသ စာပေတွေကို ဖြန့်ဖြူးပေးနေတဲ့ စာအုပ်ဆိုင်တွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ စာပေဗိမာန်ဟာ ရန်ကုန်မြို့ရဲ့ အချက် အချာနေရာမှာရှိတာကြောင့် လက်ရှိဖွင့်လှစ်နေတဲ့ စာပေဗိမာန် စာအုပ်အရောင်းဆိုင်မှာ သုတ၊ ရသ စာအုပ်စာတမ်းတွေ ပိုမိုစုံလင်အောင် ရောင်းချပေးနိုင်ဖို့၊ စာအုပ်ဆိုင်ကို လာကြတဲ့ စာပေစိတ်ဝင်စားသူများ သက်သောင့်သက်သာနဲ့ စာမြည်းပြီး နှစ်သက်ရာစာအုပ်တွေကို ဝယ်ယူနိုင်ဖို့၊ စာပေ စိတ်ဝင်စားသူများ ကို ဆွဲဆောင်နိုင်မယ့် အပြင်အဆင်တွေ ပြင်ဆင်နိုင်ဖို့စတဲ့ စာအုပ်ဆိုင်အဆင့်မြှင့်တင်နိုင်ရေးလုပ်ငန်းတွေကို ဆောင်ရွက် နိုင်အောင် အကောင်အထည်ဖော်လျက်ရှိပါတယ်။

ဒါ့အပြင် စာဖတ်ရှိန်မြှင့်တင်နိုင်အောင်၊ ပြည်သူတွေ သုတ၊ ရသ စာပေတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရနိုင်အောင် လက်ရှိဖွင့်လှစ်ထားတဲ့ စာပေဗိမာန်စာအုပ်ဆိုင်အပြင် စာပေ ဗိမာန်မှာပဲ အဆင့်မီစာပေဗိမာန်စာအုပ်ဆိုင်တစ်ဆိုင် အသစ်ဖွင့် လှစ်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။

စာပေဗိမာန်ဟာ စာပေဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ဆောင်ရွက် ရုံသာမက ပြည်သူများ သုတ၊ ရသစာပေများ ဖတ်ရှုလေ့လာ ခံစားနိုင်အောင် ရန်ကုန်နဲ့ မ္တလေးတို့မှာ စာပေဗိမာန် ပြည်သူ့ စာကြည့်တိုက်တွေ တည်ထောင်ဖွင့်လှစ်ပြီး ပြည်သူကိုဝန်ဆောင် မှုပေးနေပါတယ်။ ရန်ကုန်မှာရှိတဲ့ စာပေဗိမာန်ပြည်သူ့စာကြည့် တိုက်မှာ ပြည်သူတွေဖတ်ရှုနိုင်အောင် စာအုပ်စာပေတွေကို ဖြည့်ဆည်းပေးထားတဲ့အပြင် e-Book တွေကို e-catalogue နဲ့ အလွယ်တကူ ရှာဖွေနိုင်အောင်၊ ခွင့်ပြုထားတဲ့ စာအုပ်တွေကိုDownload ဆွဲနိုင်အောင်၊ Wi-Fiအသုံးပြုနိုင်အောင်၊ PDLSစက်အသုံးပြုပြီး စာအုပ်တွေဖတ်ရှုနိုင်အောင်၊Download ဆွဲနိုင်အောင် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ပြည်သူ တွေကို မျက်နှာမူပြီး ဒီထက်ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ဝန်ဆောင်မှု တွေပေးနိုင်အောင် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ကို နိုင်ငံ တကာ အဆင့်မီစာကြည့်တိုက်ဖြစ်အောင် မွမ်းမံပြင်ဆင်ဖို့ စီမံ ဆောင်ရွက်လျက်ရှိပါတယ်။

ပုံနှိပ်စက်ရုံတွေ အခန်းကဏ္ဍအနေနဲ့ ရန်ကုန်မြို့မှာ ပုံနှိပ် စက်ရုံ ငါးရုံ၊ မ္တလေးမြို့မှာ ပုံနှိပ်စက်ရုံ တစ်ရုံ၊ နေပြည်တော်မှာ ပုံနှိပ်စက်ရုံ တစ်ရုံ စုစုပေါင်း ပုံနှိပ်စက်ရုံ ခုနစ်ရုံနဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အရင်က ပညာရေးဝန်ကြီးဌာနက အပ်နှံတဲ့ ကျောင်းသုံးစာအုပ်တွေကို အဓိကပုံနှိပ်ပေးပြီး နိုင်ငံ တော်ရဲ့ အရေးကြီးပုံနှိပ်လုပ်ငန်းတွေနဲ့ အခြားပုံနှိပ်လုပ်ငန်းတွေ ကိုလည်းဆောင်ရွက်ပေးပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအင်းစိန် မြို့နယ် အောင်ဆန်းဒေသမှာရှိတဲ့ ပုံနှိပ်စက်ရုံသုံးရုံမှာ အဆင့်မီ ပုံနှိပ်သင်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးပြီး ပုံနှိပ် လုပ်ငန်း အရည်အသွေး မြင့်မားလာအောင် ဆောင်ရွက်သွားမှာဖြစ် ပါတယ်။

ဦးမောင်ဖေ
ခေတတညွှန်ကြားရေးမှူးချုပ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

မေး ။ ။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေ နဲ့ လတ်တလောအကောင်အထည်ဖော်နေတဲ့ ပြည်သူ့ အတွက် ရက် ၁ဝဝ စီမံချက်မှာ ဘယ်ကဏ္ဍတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်တာဆိုတာကို သိချင်ပါတယ်။

ဖြေ ။ ။ ကျွန်တော်တို့ဌာနရဲ့ ရက်ပေါင်း ၁ဝဝ အတွင်းမှာ
ဆောင်ရွက်မယ့်လုပ်ငန်းတွေထဲကနေပြီးတော့ အဓိက ဆောင်ရွက်မယ့်လုပ်ငန်းနှစ်ခုပေါ့။ ပထမလုပ်ငန်းကတော့ ကျွန်တော်တို့ရုံးတွေရဲ့ စာကြည့်တိုက်တွေကို ဝန်ဆောင်မှု အဆင့်မြှင့်တင်တဲ့အနေနဲ့Innovative Service တွေကို ဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါတယ်။ အဲ့ဒါတွေကို ၂ဝ၁၃ ခုနှစ်က ကော့မှူးမြို့နယ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး Community Library အဖြစ်ဆောင်ရွက်ခဲ့ ပါတယ်။ အဲ့ဒီကမှ Community Centre အဖြစ်တိုးမြှင့် ဆောင်ရွက်သွားဖို့ရှိပါတယ်။ လက်ရှိဆောင်ရွက်ခဲ့တဲ့ ကော့မှူးမြို့နယ်က အောင်မြင်မှုတွေကိုယူပြီးတော့ ကျန်တဲ့ နတ်မောက်ရယ်၊ ကလောရယ်၊ မြောင်းမြရယ်၊ နေပြည်တော်ရယ် အဲ့ဒီလေးမြို့ကို ဒီရက် ၁ဝဝ အတွင်းမှာ အဆင့်မြှင့်တင် ဆောင်ရွက်သွားဖို့ရှိပါတယ်။
အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ဌာနက ဒုညွှန်ချုပ်ဦးစီးတဲ့အဖွဲ့ရယ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်ကဖွဲ့ ထားတဲ့ အင်ဂျင်နီယာအဖွဲ့တွေ ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့လရဲ့ ပထမအပတ်မှာSurvey လုပ်ပြီး ဆောင်ရွက်နေတာရှိပါတယ်။ မကြာခင်မှာ MoUထိုးပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ အဲဒီဟာတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ဆိုရင် နောက်ဆက်ပြီးတော့လည်း တိုင်း ဒေသကြီးနဲ့ ခရိုင်တွေမှာရှိတဲ့ ခရိုင်ရုံးကြီးတွေကို ထပ်မံတိုးချဲ့ ပြီး စီမံချက်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တစ်ခါတည်း တစ်ပြိုင်တည်းမှာပဲ ရန်ကုန်နဲ့ မ္တလေး မှာလည်း ရန်ကုန်မှာဆို ငါးနေရာ၊ မ္တလေးမှာ သုံးနေရာ Community Centre အဖြစ်ရွေးချယ်ပြီးတော့ ဆောင်ရွက် သွားမှာပါ။ မေလ ၁၄ ရက်နေ့ကလည်း ဝန်ကြီးကိုယ်တိုင် ပန်းဆိုး တန်းရုံးမှာရှိတဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပညာအလင်း ခေတ်မီစာကြည့်တိုက်ကို သွားရောက်စစ်ဆေးပြီးတော့ အဲဒီ စာကြည့်တိုက်တွေကို Community Library အဖြစ် ဆောင်ရွက်ဖို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ လမ်းညွှန်မှုပြုပြီး ဖြစ်ပါတယ်။ အဲဒီလိုပဲ မ္တလေးမှာလည်း သုံးခုဆောင်ရွက်သွားဖို့အစီအစဉ် ရှိပါတယ်။ ဒါကတော့ စာကြည့်တိုက်တွေကို အဆင့်တိုးမြှင့် ဝန်ဆောင်မှု ပေးမယ့်စနစ်ပဲ ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ ကျွန်တော်တို့ အဓိကလုပ်မယ့် လုပ်ငန်း ကတော့ သတင်းဝန်ဆောင်မှုပေးမယ့်လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနမှာ ရှိတဲ့ ရုံးတွေက များသောအားဖြင့် မြို့နယ်၊ မြို့နယ်ခွဲအထိ တစ်နိုင်ငံလုံးမှာ ၄၁၄ ရုံးအထိ စာကြည့်တိုက် တွေ ဖွင့်လှစ်ပြီး ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ဝန်ထမ်းတွေက အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အတွက်ကြောင့်မိုလို့ ပြည်သူတွေထဲကို နိုင်ငံတော်အစိုးရရဲ့ မူဝါဒလေးရပ်အရ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ် တွေကို ပြည်သူတွေသိအောင် ထဲထဲဝင်ဝင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့ လုပ်နေတဲ့ ဟောပြောပွဲတွေ၊ လက်ကမ်းစာစောင်တွေ၊ နံရံကပ် ဘုတ်တွေနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ဝန်ထမ်းတွေက ပြည်သူ တွေထဲကနေပြီးတော့ ပြည်သူတွေရဲ့အသံတွေ၊ ပြည်သူတွေရဲ့ ခံစားချက်တွေ၊ အကြံပြုချက်တွေ၊ ပြည်သူတွေရဲ့ သိရှိစေချင်တဲ့ အချက်တွေကို ပြန်လည်ရယူပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ဝန်ကြီးရုံးနဲ့ ဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ သိအောင် ကျွန်တော်တို့က ပြန်လည်တင်ပြ ဆောင်ရွက်သွား မှာဖြစ်ပါတယ်။

ဦးကျော်စိုး
ဦးဆောင်ညွှန်ကြားရေးမှူး
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မေး ။ ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေနဲ့ သတင်းမီဒီယာ
ကဏ္ဍ ဖွံ့ဖြိုးအောင် ရက် ၁ဝဝ အတွင်း ဘယ်လိုမူဝါဒ တွေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ ။ ။ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအနေနဲ့ နေ့စဉ်ထုတ်
သတင်းစာ သုံးစောင်ကို ပုံနှိပ်ထုတ်ဝေလျက်ရှိပါတယ်။ အဲ့ဒီလိုထုတ်ဝေရာမှာ နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာ နှစ်စောင်နဲ့ ပုဂ္ဂလိကနဲ့ အကျိုးတူJoint
Venture စနစ်ဖြင့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့Global
New Light of Myanmar ပြညောမေ သတင်းစာတို့ပဲဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့သစ်ရဲ့ ပြည်သူ့အတွက် ပထမ ရက် ၁ဝဝ ဆောင်ရွက်မှုအစီအစဉ်မှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေနဲ့ နေ့စဉ်ထုတ်သတင်းစာ တွေကို အသွင်သ္ဌာန်နဲ့ အနှစ်သာရပိုင်း ပြုပြင်ပြောင်းလဲမှု အမြတ်အစွန်းကို ဦးစားမပေးဘဲ ပြည်သူ့အတွက် ဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မှုဆိုတဲ့ အပိုင်းနှစ်ပိုင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

အဲဒီလို သတင်းစာတွေ အသွင်သ္ဌာန်နဲ့ အနှစ်သာရပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှုအပိုင်းမှာ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေရဲ့ သတင်းစာအမည်၊ လိုဂိုနဲ့ ဒီဇိုင်းတွေကို အဲဒီသတင်းစာတွေရဲ့ မူလအမှတ်တံဆိပ် ထိန်းသိမ်းမှုနဲ့ပြောင်း လဲဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းစာမှာ စာလုံးပုံစံ၊ စာဖောင်ပြင်ဆင်စုဖွဲ့မှုနဲ့ ဒီဇိုင်းများဆန်းသစ်တီထွင်မှုတွေကို လည်း ပြောင်းလဲဆောင်ရွက်နေပါတယ်။ သတင်းရေးသားရာ မှာလည်း သတင်းခေါင်းစဉ်တပ်တဲ့ပုံစံကစပြီး သတင်းအရေး အသားပုံစံတွေကို ပြောင်းလဲဆောင်ရွက်နေပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ဝါဒဖြန့်ချိမှုမျိုးမဟုတ်ဘဲ နိုင်ငံတော် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ အစီရင်ခံ တဲ့ပုံစံဖော်ပြပေးဖို့နဲ့ တစ်ချိန်တည်းမှာ နိုင်ငံရဲ့ကဏ္ဍစုံမှာ လစ်ဟာ ချက်၊ ချို့ယွင်းအားနည်းချက်များ ရှိနေမှုအပေါ် ထောက်ပြမှု၊ ဝေဖန်သုံးသပ်မှုနဲ့ အကြံပြုချက်ပုံစံများနဲ့ ပြည်သူ့ဆန္ဒများ၊ လိုလားချက်များကို တာဝန်ရှိသူတွေ သိရှိဆောင်ရွက်နိုင်ဖို့ ဖော်ပြပေးတဲ့ ''အသွားအပြန်ရှိတဲ့ ပေါင်းကူးတံတားပုံစံမျိုး ''ကြိုးပမ်းဆောင်ရွက်နေပါတယ်။
ဒါ့အပြင် ထိလွယ်ရှလွယ်ရှိနိုင်ပြီး အကဲဆတ်တဲ့သတင်း အချက်အလက်များကို ဂရုပြုပြီး စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ စိစစ်ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်သလို လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုရေးသားဖော်ပြခွင့် တိုးတက်စေဖို့အတွက်လည်း အားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဲဒီလို မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေကို စာမျက်နှာ(၃၂)မျက်နှာနဲ့ ထုတ်ဝေ လျက်ရှိရာမှာ ကြော်ငြာစာမျက်နှာတွေကို လျှော့ချပြီး ပြည်သူ့ အကျိုးပြုသတင်းစာမျက်နှာတွေ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါ တယ်၊ အခြားတစ်ဖက်မှာလည်း ကြော်ငြာလုပ်ငန်းနဲ့ ပြည်သူကို ဝန်ဆောင်မှုပေးဖို့ တာဝန်ရှိတာကြောင့် ကြော်ငြာဝင်ရောက်မှု အပေါ်မူတည်ပြီး ပြည်သူ့လိုအပ်ချက်ကိုလည်း ဖြည့်ဆည်း ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
ကြော်ငြာများလျှော့ချရာမှာလာမယ့် ဇွန်လ ၁ ရက်နေ့က စပြီး ပြင်ပကြားညှပ်ကြော်ငြာများကို လျှော့ချထားပါတယ်။ အဲဒီလိုလျှော့ချလိုက်ခြင်းအားဖြင့် ပြင်ပကြားညှပ် ကြော်ငြာ စာမျက်နှာတွေမှာ ပါဝင်မယ့် ကြော်ငြာတွေဟာ အခြား သတင်းစာနဲ့ ဂျာနယ်တွေဆီကို ခွဲဝေရောက်ရှိသွားမယ်ဆိုရင် သူတို့အတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်လိမ့်မယ်လို့ ထင်မြင်ပါတယ်။

ဒီလိုဆောင်ရွက်မှုကြောင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း မှာ ပြင်ပ ကြားညှပ်ကြော်ငြာလုပ်ငန်းများမှ ရရှိနေတဲ့ ဝင်ငွေ လျော့နည်းသွားမှာ ဖြစ်သော်လည်း သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအနေနဲ့ အမြတ်အစွန်းကို ဦးစားမပေးဘဲ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းကို အဓိကထားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးစေရန်အတွက်သာ ချိန်ဆပြီး ဂရုပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် သတင်းစာဖြန့်ချိရေး လုပ်ငန်းတွေကိုလည်း ပြည် သူ့ထံ အချိန်စောစီးစွာ ဖြန့်ချိနိုင်ဖို့အပြင် လက်လှမ်းမီတဲ့ကျေး ရွာတွေအထိ သတင်းစာများ ရောက်ရှိနိုင်ဖို့ကိုလည်း ရည်မှန်း ချက်ထားပြီး ပို့ဆောင်မှုနည်းလမ်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိပါတယ်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေနဲ့ နိုင်ငံပိုင်သတင်းစာ များကို အသွင်သ္ဌာန်နဲ့ အနှစ်သာရတိုးတက်ပြောင်းလဲရေး၊ အမြတ်အစွန်းကို ဦးစားမပေးဘဲ ပြည်သူတွေကို အကျိုးပြုတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ရေး မျှော်မှန်းချက်တွေနဲ့အညီ ပြည်သူ့အတွက် ပထမရက် ၁ဝဝ အစီအမံမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။

No comments:

Post a Comment