Tuesday, June 28, 2016

သရုပ်ဆောင် ကင်ဆွန်မင်း ကိုယ်တွင်းအင်္ဂါများကို လှူဒါန်းမည်




ဆိုးလ် ဇွန် ၂၇ 

အသက် ၄၃ နှစ်ရှိ တောင်ကိုရီးယား အမျိုးသားသရုပ်ဆောင် ကင်ဆွန်မင်း၏ဦးနှောက်အလုပ်မလုပ်ဘဲ သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် ၄င်း၏မိသားစုက ကင်၏ ကိုယ်တွင်းအင်္ဂါများကို လှူဒါန်းမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောခဲ့သည်။
သောကြာနေ့က သရုပ်ဆောင်ကင်သည် ၄င်း၏ဇနီးနှင့် စကားများပြီး ၄င်း၏နေအိမ်ရေချိုးခန်း အတွင်း မူးယစ်ဆေးအလွန်အကျွံသုံးစွဲကာ သတ်သေရန်ကြိုးစားခဲ့သည်။ နှလုံး ရပ်တန့်ပြီး သတိမေ့နေသော ကင်အား ဆေးရုံသို့ အရေးပေါ်တင်ခဲ့သော်လည်း နောက် ပိုင်းတွင် ဦးနှောက်အလုပ် မလုပ်တော့ဘဲ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။
ကင်သည် သရုပ်ဆောင်လောကတွင် အမ်ဘီစီ ၂ဝဝ၂ ရေသူမလေး အခန်းဆက် ဇာတ်လမ်းတွဲဖြင့် နာမည်ကြီးခဲ့သူဖြစ်သော်လည်း ၂ဝ၁၁ခုနှစ်တွင် ဆေးမှုဖြင့် နှစ်နှစ်ခွဲထောင်ကျခဲ့သောကြောင့် ၄င်း၏ ပရိသတ်များကို အံ့သြမှင်တက်မှုများဖြစ် ပေါ်စေခဲ့သည်။
(ယွန်ဟပ်)

No comments:

Post a Comment