Tuesday, June 28, 2016

ပနားမားတူးမြောင်းမှ ကန်ဒေါ်လာ နှစ်ဘီလီယံရရှိနိုင်


 




ပနားမားစီးတီး ဇွန် ၂၇

တိုးချဲ့ထားသော ပနားမားတူးမြောင်းမှ ၂ဝ၂၁ အထိ နှစ်စဉ်ဘဏ္ဍာငွေ အမေ ရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရရှိရန် ပနားမားအာဏာပိုင် အဖွဲ့အစည်းက မျှော်လင့်ထားကြောင်း နိုင်ငံပိုင် ပနား မားသတင်းအေဂျင်စီက ဇွန် ၂၆ ရက် တွင် ဖော်ပြခဲ့သည်။
ဧရာမကုန်သင်္ဘောကြီးများ သွား လာနိုင်သည့် အသစ်တိုးချဲ့ထားသော တူးမြောင်း လမ်းကြောင်းသစ်ကို ဇွန် ၂၆ရက်က အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပြီး ချဲ့ထွင်လိုက်သော ရေလမ်းကြောင်းတွင် ပထမဆုံးသမိုင်းဝင် စတင်ခုတ်မောင်း မည့်တရုတ်ပင်လယ်ကူးသင်္ဘောကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် ပနားမား ပြည်သူထောင်ပေါင်းများစွာတို့ တက် ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပနားမား သမ္မတ ယွန်ကာလို့စ်ဗာရီလာက တရုတ် ပင်လယ်ကူးသင်္ဘော ကုမ္ပဏီကို သမိုင်းဝင်အထိမ်းအမှတ်အဖြစ် ဆု ချီးမြှင့်ခဲ့ပြီး တရုတ်ရေယာဉ် ပုံစံငယ် တစ်ခုကို ပြန်လည်လက်ခံခဲ့သည်။
၂ဝဝ၆ခုနှစ်တွင် တူးမြောင်းတိုးချဲ့ ခြင်းကို စတင်ခဲ့သော်လည်း ဘဏ္ဍာရေး အခက်အခဲများကြောင့် ၂ဝဝ၈ခုနှစ်အထိ နှစ်နှစ်ကျော်ကြာမြင့်ခဲ့သည်။ တိုးချဲ့တူး မြောင်း၏ စုစုပေါင်းကုန်ကျစရိတ်မှာ အနည်းဆုံး ၅ ဒသမ ၅ဘီလီယံဒေါ်လာ ကုန်ကျခဲ့ကြောင်း သက်ဆိုင်ရာ အာဏာ ပိုင်များက ပြောခဲ့သည်။
(ဆင်ဟွာ)

No comments:

Post a Comment