Wednesday, June 29, 2016

နောင်မျိုးဆက်များအတွက် ထားခဲ့ရမည့် အကောင်းဆုံးအမွေအနှစ်ဆိုသည်မှာ ငြိမ်းချမ်းရေးဖြစ် မငြိမ်းချမ်းသည့်နိုင်ငံ တိုးတက်ဖို့ဆိုသည်မှာ မည်သို့မှမဖြစ်နိုင်၊ ညီညွတ်မှ ငြိမ်းချမ်းနိုင်မည်



 
 
 
 
နေပြည်တော် ဇွန် ၂၈


''နောင်မျိုးဆက်တွေအတွက် ထားခဲ့ရမယ့် အကောင်းဆုံးအမွေအနှစ်ဆိုတာ ငြိမ်းချမ်းရေးပါပဲ။ ကျွန်မတို့နိုင်ငံဟာ ငြိမ်းချမ်းမှ တိုးတက်နိုင်မှာပါ။ မငြိမ်းချမ်းတဲ့နိုင်ငံဟာ တိုးတက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ညီညွတ်မှ ငြိမ်းချမ်းနိုင်မှာပါ။ ဒါ့ကြောင့် ကျွန်မတို့က ညီညွတ်ရေးကို ရှာဖွေရမယ်။ ညီညွတ်ရေးကိုအခြေခံတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်''ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ Horizon
Lake View ဟိုတယ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြစဉ် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တန်ဖိုးရှိသည့်အရာများ သည် အလွယ်တကူမရနိုင်ပါကြောင်း၊ အခက်အခဲများရှိနိုင် ပါကြောင်း၊ မိမိတို့တန်ဖိုးထားတတ်ရန် အရေးကြီးပါကြောင်း၊မိမိတို့တန်ဖိုးထားရသည့်အရာများရရှိရန် မည်မျှပင် ခက်ခဲစေ ကာမူ မိမိတို့သည် ကြိုးစားဆောင်ရွက်မည်၊ ပူးပေါင်းဆောင် ရွက်မည်ဆိုသည့် သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်လျှင်ရရှိမည် ဖြစ်ပါ ကြောင်း။

တိုင်းရင်းသားများအားလုံး လုံခြုံမှုနှင့် လွတ်လပ်မှုကို အာမခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ရန် ဝိုင်းဝန်းကူညီကြပါရန် မိမိတို့အနေဖြင့် မေတ္တာ ရပ်ခံပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် တစ်ဖက်တည်း၊ တစ်ကြိမ် တည်းဖြင့် ဆောင်ရွက်၍မရပါကြောင်း၊ သို့သော် ငြိမ်းချမ်းရေး ရရှိရန် အမြန်ဆုံးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
လွတ်လပ်ရေးရရှိသည်မှာ နှစ် ၇ဝ နီးပါးရှိပြီဖြစ်ပါကြောင်း၊ ရာစုနှစ်၏ လေးပုံသုံးပုံဖြစ်ပါကြောင်း၊ ထိုအချိန်အတွင်း မိမိတို့ သည် ပြည်ထောင်စုတစ်ခုကို ခိုင်ခိုင်မာမာ မထူထောင်နိုင်ပါက မည်မျှကြာဦးမည်ဆိုသည်မှာ စဉ်းစားစရာဖြစ်ပါကြောင်း။

အစကောင်းမှ အနှောင်းသေချာမည် ဖြစ်သောကြောင့် အစကောင်းစေရန် အားလုံးက ညီညွတ်သည့်စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ရည်ရွယ်ချက်အောင်မြင်ရန် အားလုံးက ဝိုင်းဝန်းကူညီ ပေးကြရန် လိုအပ်ပါကြောင်း။
အားလုံးကပါဝင်မှ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် အားလုံးပါဝင်ရန် ဖိတ်ခေါ်ပါကြောင်း၊ ပြည်ထောင်စုတစ်ခုတွင် ပြည်ထောင်စုတိုင်းရင်းသားအားလုံးက လိုလိုလားလား လက်ခံ မှသာ၊ လိုလိုလားလား ဝိုင်းဝန်းတည်ဆောက်ရန် ဆန္ဒရှိမှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မိမိတို့၏စိုးရိမ် မှုများအား တင်ပြကြမည်ကို သဘောပေါက် နားလည်ပါကြောင်း၊ အပြောင်းအလဲနှင့် ရင်ဆိုင်ရလျှင် စိုးရိမ်မှုများ ဖြစ်ပေါ်နိုင် ပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် လျှို့ဝှက်ရည်မှန်းချက်များလည်း မရှိကြောင်း၊ စစ်မှန်သည့် မိမိတို့၏ ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများအားလုံး ချမ်းချမ်းသာသာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရန်ဆိုသည့် ရည်ရွယ်ချက်သာရှိကြောင်း၊ လက်ရှိအစိုးရဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကြောင့် အပြောင်းအလဲများနှင့် ကြုံတွေ့လာပါကလည်း စိုးရိမ်ပူပန်ခြင်းမရှိကြရန် တိုင်းရင်းသား များကို မှာကြားလိုကြောင်း၊ တိုင်းရင်းသားများ ခံစားနေရသည့် စိုးရိမ်ပူပန်မှုများကိုလည်း ယခုဆွေးနွေးပွဲတွင် တင်ပြကြရန်နှင့် စိုးရိမ်ပူပန်မှုများကို ယုံကြည်မှုနှင့် ကျော်လွှားကြရန် လိုအပ်မည် ဖြစ်ကြောင်း။

လူများအနေဖြင့် အပြောင်းအလဲနှင့် ရင်ဆိုင်ရပြီဆိုပါက စိုးရိမ်တတ်ကြကြောင်း၊ ဤသည်မှာလည်း သဘာဝကျပါကြောင်း၊ ယခင်က မတွေ့မကြုံဖူးသည့်ကိစ္စများ၊ ယခင်က အလေ့အကျင့် မရှိဖူးသည့်အရာများနှင့် မျက်နှာချင်းဆိုင်ရပြီဆိုပါက စိုးရိမ်မှု ရှိသည်ဆိုသည်မှာ သဘာဝကျပါကြောင်း၊ စိုးရိမ်မှုကို ကျော်ဖြတ် နိုင်သည့်အရာမှာ ယုံကြည်မှုပင်ဖြစ်ပါကြောင်း၊ ယုံကြည်မှုမရှိ၍ စိုးရိမ်မှုဟူသည် ဖြစ်ပေါ်ခြင်းဖြစ်ပြီး ယုံကြည်မှုရှိလျှင် စိုးရိမ်မှုကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုများသည် အောင်မြင်မည်ဟု ယုံကြည်ပြီး စိတ်ဓာတ် တက်တက်ကြွကြွဖြင့် ဆောင်ရွက်သွားမည်ဆိုပါက စိုးရိမ်မှုများ ကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ငြိမ်းချမ်းရေးမှတစ်ဆင့် မိမိတို့လိုလားသည့် ချမ်းသာြ<ွကယ်ဝသည့် နိုင်ငံတစ်နိုင်ငံကို ထူထောင်နိုင်မည်ဖြစ်ပါ ကြောင်း၊ နောင်မျိုးဆက်သစ်များကို တစ်ဆင့်ပြီးတစ်ဆင့် ကောင်းမွန်သည့်အမွေနှင့်အတူ တာဝန်များကိုလည်း လက်ဆင့် ကမ်းပေးသွားရမည် ဖြစ်ပါကြောင်း။

လူငယ်များသည် တာဝန်ကိုထမ်းဆောင်လိုသည့် စိတ်ဓာတ် နှင့် ထမ်းဆောင်ရဲသည့်သတ္တိရှိရန် လိုအပ်ပါကြောင်း၊ လူငယ်များ သည် သတ္တိရှိရှိ တာဝန်သိသိဖြင့် မိမိတို့ ထမ်းဆောင်ရမည့် တာဝန်ကို ထမ်းဆောင်ရန် အသင့်ဖြစ်အောင် မိမိတို့က ဆောင် ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ လူကြီးများအနေဖြင့် ကောင်းမွန်သည့်အမွေကို ချန်ထားပေးနိုင်ရန် ကြိုးစားသွားရမည် ဖြစ်ပါကြောင်း။

ကောင်းမွန်သည့်အမွေကို ချန်ထားမပေးနိုင်ခဲ့လျှင် မိမိတို့ လူကြီးများ၏ ချို့ယွင်းချက်ဖြစ်သကဲ့သို့ ချန်ထားပေးခဲ့သော ကောင်းမွန်သည့်အမွေများကို မထိန်းသိမ်းနိုင်လျှင် လူငယ်များ ၏ ချို့ယွင်းချက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မျိုးဆက်တိုင်းတွင် တာဝန်ရှိပါကြောင်း။

နိုင်ငံတစ်နိုင်ငံထူထောင်ရန် အခြေခံအကျဆုံး လိုအပ်ချက် သည် တာဝန်သိစိတ်ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်း တစ်ခု၊ လုပ်ငန်းတစ်ခု အောင်မြင်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည်လည်း တာဝန်သိစိတ်ပင် ဖြစ်ပါကြောင်း၊ တာဝန်သိစိတ်မရှိဘဲ မိမိရနိုင်သည့် အခွင့်အရေးကိုသာ ကြည့်နေ ပါက မည်သည့်လုပ်ငန်းမျှ အောင်မြင်မည် မဟုတ်သကဲ့သို့ မည်သည့်အဖွဲ့အစည်းမျှ ရေရှည်ရပ်တည်နိုင်မည် မဟုတ်ပါ ကြောင်း။

ထို့ကြောင့် တာဝန်သိစိတ်ဖြင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသွားကြရန် မေတ္တာရပ်ခံလိုပါကြောင်း။ မိမိတို့ အားလုံး သည် ဖက်ဒရယ်ပြည်ထောင်စုတစ်ခုဖြစ်ပေါ်ရန် မိမိတို့ ဘာပေး နိုင်မလဲဆိုသည့် စေတနာအပြည့်အဝဖြင့် ယခုအစည်းအဝေးကို အောင်အောင်မြင်မြင်ဖြင့် ဆောင်ရွက်နိုင်ပါစေဟု မိမိအနေဖြင့် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် များဖြစ်ကြသော စိုင်းဘောင်ခေး၊ ခွန်ဥက္ကာ၊ ပူးဇင်ကျုံး၊ ခိုင်စိုး နိုင်အောင်၊ ဒေါက်တာ နော်ကပေါ်ထူး၊ ဦးသံခဲနှင့် စောမိုရှေး တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ¤င်းတို့၏ မူဝါဒများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီဝင်များကNCA လက်မှတ် ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ဆွေးနွေးညှိနှိုင်းနေမှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကျင်းပ နိုင်ရေး အကြိုဆောင်ရွက်နေမှုအခြေအနေများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ပါ အကောင်အထည်ဖော်ရမည့် အချက်များနှင့် ချိတ်ဆက်ဆောင် ရွက်နေမှုများကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်ဖက် ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ပြီး ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေး တိုင်းရင်းသား ခေါင်းဆောင်များက ဝိုင်းဝန်းပံ့ပိုးကူညီကြရန် တိုက်တွန်း ပြောကြားသည်။

ယခုအစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့် အစိုးရအဖွဲ့တို့အကြား ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှုဖြစ်ပြီး မကြာမီကျင်းပမည့် ''ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ''အတွက် အထောက် အကူဖြစ်စေမည် ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကို လာမည့် သြဂုတ်လနောက်ဆုံးပတ်ထက် နောက်မကျစေဘဲ ကျင်းပနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ယခုအစည်းအဝေး တွင် တက်ရောက်လာကြသူများအားလုံးက သဘောတူညီခဲ့ ကြသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ညီလာခံကြိုတင်ပြင်ဆင်ရေး ကော်မတီ ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
ပြီးခဲ့သည့် မတ်လအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပ ခဲ့သည့်NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့၏ ထိပ်သီးခေါင်းဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment