Tuesday, June 28, 2016

အသက်အရွယ်ရလာသည်အထိ သရုပ်ဆောင်လုပ်သွားမည့် ဆောင်ဂျွန်ကီ




The Mirror Daily's photo.


တောင်ကိုရီးယားအနုပညာရှင် ဆောင်ဂျွန်ကီက ၎င်း၏ ငယ်စဉ်ကတည်း က အိပ်မက်သည် သရုပ်ဆောင်တစ်ဦးဖြစ်လာရန်ပင်ဖြစ်ကြောင်း ဇွန် ၂၅ ရက်က တိုင်ပေတွင်ကျင်းပခဲ့သည့် ၎င်း၏ပရိသတ်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။
ဆောင်ဂျွန်ကီအနေဖြင့် သရုပ်ဆောင်တစ်ဦးဖြစ်လာရန် စိတ်ကူးရှိခဲ့သော်လည်း ကင်မရာရှေ့တွင်ခံစားရသည့် စိတ်လှုပ်ရှားမှုများကို လွန်စွာစိုးရိမ်ခဲ့ပါကြောင်း၊ ကျင်းပခဲ့ပြီးသည့် ပရိသတ်တွေ့ဆုံပွဲ ကိုးပွဲတွင် ပရိသတ်များနှင့် မျက်နှာချင်းဆိုင်မိတ်ဆက်ခဲ့ခြင်းမှလည်း အတွေ့အကြုံများ ပိုမိုရရှိလာခဲ့ပါကြောင်းဖြင့် ပြောကြားသည်။ ထို့အပြင် ဆောင်ဂျွန်ကီအနေဖြင့် အသက်အရွယ်ရလာသည့်တိုင်အောင် သရုပ်ဆောင်လောကတွင် ရပ်တည်သွားလိုကြောင်း ထပ်မံထည့်သွင်းပြောကြားခဲ့သည်။

''နောက် ကျွန်တော် အသက်(၃ဝ)လောက်ဖြစ်တဲ့ထိတိုင်အောင် သင့်တော်တဲ့ ဇာတ်ကောင်အချို့မှာ ပါဝင်သရုပ်ဆောင်ချင်ပါသေးတယ်။ အဲဒီအခါ လူကြိုက်များမှု လျော့ကျသွားပြီး ပါဝင်ရတဲ့အခန်းတွေ နည်းသွားမယ်ထင်ပါတယ်။ ဒါပေမယ့် အသက်အရွယ်က အခွင့်အရေးပေးနေသလောက် သရုပ်ဆောင်လုပ်သွားမှာပါ။ အနာဂတ်မှာလည်း သရုပ်ဆောင်လုပ်ငန်းကို အားတက်သရော ပါဝင်ဆောင်ရွက်သွားမှာပါ''ဟုဆောင်ဂျွန်ကီကဆိုသည်။ ၎င်းအပြင် ဆောင်ဂျွန်ကီသည် တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး ဆောင်းဟေကိုနှင့် ချစ်ကြိုက်နေသည်ဟူသော သတင်းစကားများထွက်ပေါ်နေခဲ့ပြီး သရုပ်ဆောင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ''သူ့ဘက်က အဆင်ပြေမယ်ဆိုရင် အနုပညာပိုင်းဆိုင်ရာလုပ်ငန်းတွေမှာ လက်တွဲချင်ပါတယ်။ အသက် (၃ဝ)လောက်ထိပေါ့''ဟု ၎င်းက ပြောသည်။
မျိုးစန္ဒာမောင် - စုစည်းသည်

No comments:

Post a Comment