Tuesday, June 28, 2016

အယ်လ်ဘမ်သစ် မထွက်ခင်ကတည်းက ကြိုတင်မှာယူမှု အချပ်ရေ တစ်သိန်းကျော်ရရှိခဲ့သည့် တေးယွန်




The Mirror Daily's photo.


ကေပေါ့ပ်အဖွဲ့ Girls' Generation မှ တေးသံရှင် တေးယွန်၏ Why အမည်ရှိ မီနီ အယ်လ်ဘမ်သည် ဇွန် ၂၇ ရက် နံနက်ပိုင်းကမှ ထွက်ရှိခဲ့သော်လည်း ၎င်းအယ်လ်ဘမ်အား ကြိုတင်မှာယူထားသောအချပ်ရေပေါင်းမှာ တစ်သိန်းနှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

Title သီချင်း Why ပါဝင်သည့် အဆိုပါမီနီအယ်လ်ဘမ်အတွက် ကြိုတင်အမြည်းအဖြစ် Starlight သီချင်းကို ဖြန့်ချိခဲ့ပြီးဖြစ်ကာ ယင်းသီချင်းသည် မြောက်မြားစွာသော ဂီတဇယားများတွင် ထိပ်ဆုံးမှရပ်တည်ခဲ့ကာ မြူးကြွလှသည့် တီးလုံးတီးကွက်များနှင့် ကချင်သူများအတွက် သင့်တော်လှသည့် Up & Down သီချင်းသည်လည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်းသိရသည်။

တေးယွန်၏ Butterfly Kiss အမည်ရှိ တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို ဇူလိုင် ၉ ရက်နှင့် ၁ဝ ရက်မှ စတင်ကာ တောင်ကိုရီးယားနိုင်ငံရှိ မြို့အနှံ့အပြားတွင် သြဂုတ်လဆန်းပိုင်းအထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မျိုးစန္ဒာမောင် - စုစည်းသည်

No comments:

Post a Comment