Wednesday, June 29, 2016

ယူကေဆန္ဒခံယူပွဲအတွက် ဆွေးနွေးရန် ဘရပ်ဆဲလ်သို့ ကယ်ရီလာရောက်



 
 
ဘရပ်ဆဲလ် ဇွန် ၂၈

ဗြိတိန်၏ အီးယူအဖွဲ့ဝင် ဆန္ဒခံယူပွဲနှင့်စပ်လျဉ်း၍ ဥရောပအရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် အမေရိကန်-အီးယူပူးပေါင်းမှုတွင် ဒေသတွင်းနှင့် က္ဘာလုံးဆိုင်ရာအခက်အခဲများကို ဖြေရှင်းရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် တနင်္လာနေ့က ဘရပ်ဆဲလ်သို့ လာရောက်ခဲ့ သည်။

အီးယူနိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ဖက်ဒရီကာမိုဂါရီနီနှင့် ကယ်ရီတို့၏ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ကယ်ရီက အီးယူမှ ဗြိတိန်ခွဲထွက်မှုဆန္ဒမဲများသည် သမ္မတအိုဘားမားနှင့် အခြားသူများ ထင်သကဲ့သို့ ရလဒ်မဟုတ်ကြောင်း၊ သို့သော်လည်း ဒီမိုကရေစီနည်းကျဖြစ်သည့် အတွက် မဲပေးသူများ ၏ အခွင့်အရေးများနှင့် နည်းစနစ်ကို လေးစားရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လာမည့် ရက်ပိုင်းအတွင်း အီးယူအဖွဲ့ ခိုင်မာအားကောင်းရန် အရေးကြီးသည်ကို နားလည် ရမည်ဖြစ်ကြောင်း၊ အမေရိကန်သည် အီးယူခိုင်မာအားကောင်းစေရန် ဂရုပြုသတိထားနေကြောင်း ကယ်ရီကပြောသည်။
ကယ်ရီသည် ဇွန် ၂၈ ရက်တွင် လန်ဒန်သို့သွားမည်ဟုသိရပြီး အီးယူသည် ယခင်ကနည်းတူ နောင်အနာဂတ်တွင်လည်း ခိုင်မာအားကောင်းမည်ဟု ယုံကြည်ကြောင်း၊ ဆက်လက်၍ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မိုဂါရီနီက ပြောသည်။
(ဆင်ဟွာ)


No comments:

Post a Comment