Wednesday, June 29, 2016

မလေးရှားအရက်ဆိုင်၌ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ ရှစ်ဦးဒဏ်ရာရ


ကွာလာလမ်ပူ ဇွန် ၂၈

မလေးရှားရှိ ဘားတစ်ခု၌ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် လူရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်္ဂါနေ့က ရဲတပ်ဖွဲ့မှပြောခဲ့ပြီး အဆိုပါဖြစ်စဉ်ကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်လိုက်သည်။

တိုက်ခိုက်မှုမှာ ကွာလာလမ်ပူမြို့ပြင်ရပ်ကွက် ပူချောင်၌ အင်္ဂါနေ့နံနက်အစောပိုင်းက ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မိုဒီဘာဘားရှိ လာရောက်စားသောက်သူများ ယူရိုဘောလုံးပွဲ ကြည့်ရှုနေချိန်ဖြစ်ကြောင်း သိရသည်။ သံသယဖြစ်ဖွယ်တိုက်ခိုက်မှုမှာ စီးပွားရေးအရ လက်စားချေလိုမှုကြောင့် ဖြစ်နိုင်ဖွယ် ရာရှိကြောင်း ဆီလန်ဂေါပြည်နယ်ရဲအရာရှိ အဗ္ဗဒူရာဟင်ဂျက်ဖာက သတင်းထောက်များကို ပြောသည်။ သံသယရှိသူများကို စုံစမ်းဆဲဖြစ်ကြောင်း ပစ်မှတ်ထားခံရသူများမှာ တစ်ဦး သို့မဟုတ် တစ်ဦးထက် ပိုနိုင်ကြောင်း ၄င်းကပြောသည်။
၂ဝ၁၄ ခုနှစ်ကလည်း ကွာလာလမ်ပူရှိ အရက်ဆိုင်တစ်ဆိုင်အပြင်ဘက်၌ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့်အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
(ရိုက်တာ)

No comments:

Post a Comment