Thursday, June 30, 2016

အမရပူရမြို့နယ် တောင်သမန်တွင် ဆောင်ရွက်နေသည့် စီမံကိန်းများမှမြေသယ်ယာဉ်များ အမြန်လမ်းပေါ်ဖြတ်သန်းနေမှုကို ကုမ္ပဏီများမှ တာဝန်ရှိသူများအား အသိပေး

The Mirror Daily's photo.
မန္တလေး ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် တောင်သမန်တွင် ဆောင်ရွက် နေသည့် စီမံကိန်းများမှ မြေသယ် ယာဉ်များ အမြန်လမ်းပေါ်ဖြတ်သန်း နေသည့် ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီ များမှ တာဝန်ရှိသူများအားဖိတ်ကြား၍ အသိပေးပြောကြားခြင်းကို ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
တောင်သမန် ဒေသတစ်ဝိုက်တွင် ဆောင်ရွက်နေသော တည်ဆောက် ရေးလုပ်ငန်းများအတွက် မြေသယ် ယာဉ်များအနေဖြင့် သတ်မှတ် စည်းကမ်းဥပဒေများကို ချိုးဖောက်နေ သဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ရာ နောက်ဆက်တွဲအဖြစ် လုပ်ငန်းများကို တာဝန်ယူထားသည့် ကုမ္ပဏီများကိုပါ ထိခိုက်လိမ့်မည် ဖြစ်ကြောင်း၊ မြေသယ် ယာဉ်များကြောင့် လမ်းသွားလမ်း လာများ၊ ကျောင်းသား ကျောင်းသူများ ထိခိုက်မည့်အန္တရာယ်ကို ကြိုတင် ကာကွယ်ရန် လိုအပ်လာကြောင်း၊ စည်းကမ်းမဲ့၊ ဥပဒေမဲ့လုပ်ရပ်များ ဖြစ်ပါက လက်မခံနိုင်ကြောင်း မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။
''မြေသယ်ယာဉ်တွေနဲ့ မြေဖို့နေတာ လည်း တောင်သမန်အင်းထဲမှာ တွေ့နေပါတယ်။ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်တာ ပါနဲ။ အရင်က ဒီနေရာတွေဟာ ရေဝပ်တဲ့ ဧရိယာတွေဖြစ်နေတယ်။ ရေကြီးရင် ရေဝင်ပြီး ရွာတွေ ပြောင်းလာတာလည်း အများကြီးပဲ။ ဒီမြေဖို့လိုက်တဲ့အတွက် တောင်သမန် အင်းထဲကို ရေဝင်တာ နည်းသွား မှာလားဆိုတာကအစ သဘာဝ ပတ်ဝန်းကျင်က အဖွဲ့တွေ တိုင်ကြ တာတွေရှိတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာန၊ တရားဝင်အဖွဲ့တွေရဲ့ စုံစမ်းချက်တွေ ကို လိုအပ်လာမယ်။ EIA, SIA , HIA ဆိုပြီး တချို့လုပ်နေတာ တွေကိုလည်း မသိပါဘူး။ ဘာပဲ လုပ်လုပ် အခြေခံကျတဲ့ပြည်သူလူထု ဘက်က စဉ်းစားရမှာပါ။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက် စေချင်တယ်''ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
အသိပေးပြောကြားရာသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေး မှူး၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးများ၊ ခရိုင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများ၊ လမ်း ဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများနှင့် ကုမ္ပဏီများဘက်မှ တောင်သမန် သစ္စာ၊ ချမ်းဟိန်း၊Same Sky၊ အေးအေးခိုင်၊ တက်လမ်း၊ မန်းအမရ၊ Alpha Leo နှင့် အခြားကုမ္ပဏီတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကုမ္ပဏီများမှ တာဝန်ရှိသူများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တောင်သမန် ပတ်ဝန်းကျင်တွင်မြေဖို့ ခြင်း၊ မြေသယ်ယာဉ်လုပ်ငန်းများ၊ တစ်ဆင့် ငှားရမ်းဆောင်ရွက်ခြင်း၊ မြေယာ အသုံးပြုမှုဆိုင်ရာများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။
ကုမ္ပဏီများမှ လုပ်ငန်းများဆောင် ရွက်နေမှုများနှင့်ပတ်သက်၍ အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များနှင့် ဌာနဆိုင် ရာများကလည်း မြို့ပြဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် တည်ဆဲဥပဒေ များကိုလေးစားလိုက်နာရေး၊ စာချုပ် ပါအချက်များ၊ ကတိကဝတ်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတ်မှတ် ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်နိုင်မှုရှိ၊ မရှိ သုံးသပ်ချက်များ၊ ထောက်ခံချက်များ တင်ပြစေရေး၊ မြေသယ်ယာဉ်လုပ်ငန်း ရှင်များအနေဖြင့် အုပ်ချုပ်ရေးနည်း လမ်းအရ ဆောင်ရွက်ချက်များကို လိုက်နာရေးနှင့် အမြန်လမ်းများပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းအချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(အောင်စေပိုင်စေ)

No comments:

Post a Comment