Tuesday, June 28, 2016

အီးယူမှ နုတ်ထွက်ပြီးနောက် ဝရုန်းသုန်းကားဖြစ်နေသည့် ဗြိတိန်နိုင်ငံရေး

The Mirror Daily's photo.



လန်ဒန် ဇွန် ၂၇

ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရန် မဲပေးရွေးချယ်ခဲ့ပြီး နောက် ဗြိတိန်နိုင်ငံရေးသည် ဝရုန်းသုန်းကားဖြစ်ကာ အခြေအနေဆိုးရွား လျက်ရှိသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က အီးယူတွင် ဗြိတိန်နိုင်ငံအဖွဲ့ဝင် အဖြစ်ဆက်လက်ပါဝင်ရေး မဲဆွယ်စည်းရုံးမှု မအောင်မြင်ပါက အောက်တိုဘာလတွင် ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာထားသည့်အတွက် ၎င်းနေရာ ဆက်ခံမည့်သူကိုလည်း ရွေးကောက်တင်မြှောက်ကြရဦးမည်ဖြစ်သည်။

အီးယူမှ ဗြိတိန်နုတ်ထွက်ရေး အဓိကလှုံ့ဆော်ခဲ့သူ လန်ဒန်မြို့တော် ဝန်ဟောင်း ဘော့ရစ်ဂျွန်ဆင်သည် ဝန်ကြီးချုပ်ရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။ သို့သော် အီးယူအဖွဲ့ဝင်အဖြစ်ဆက်လက်ပါဝင်ရေး ထောက်ခံမဲများကို ရုတ်တရက် လျော့နည်းသွားအောင် စွမ်းဆောင်ခဲ့သည့်သူ့ကို ကွန်ဆာဗေးတစ်များက ပြစ်တင်ဝေဖန်လျက်ရှိကြသည်။ ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ယှဉ် ပြိုင် ရွေးချယ်ခံမည့် အခြားသူများသည်လည်း ပါတီတွင်း၌ အီးယူအဖွဲ့နှင့် ခွဲရေး၊ တွဲရေး နှစ်ခြမ်းကွဲနေမှုကြောင့် မည်သူမျှထောက်ခံမှု အခိုင်အမာမရရှိကြပေ။

အီးယူမှ ခွဲထွက်ရေးမဲရလဒ်ကို မကျေနပ်သူများကလည်း ဒုတိယအကြိမ်ဆန္ဒခံယူပွဲ ကျင်းပပေးရန် တောင်းဆိုနေကြသကဲ့သို့ မြောက်အိုင်ယာလန်ကလည်း ဗြိတိန်နိုင်ငံမှ ခွဲထွက်ပြီး အီးယူနှင့်ပူးပေါင်းရန် ဆန္ဒခံယူပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားလာသည်။ ထို့ပြင် ဗြိတိန် သုံး ပေါင်ငွေတန်ဖိုးသည်လည်း နှစ် ပေါင်း ၃ဝ အတွင်း အနိမ့်ဆုံးအခြေ အနေထိ ကျဆင်းသွားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment