Tuesday, June 28, 2016

တူရကီနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် သဘောတူညီချက် အစ္စရေး စီးပွားရေးကို မြှင့်တင်နိုင်မည်ဆို



The Mirror Daily's photo.



ဂျေရုဆလင် ဇွန် ၂၇

အစ္စရေးနှင့် တူရကီနိုင်ငံအကြား ဆက်ဆံရေးပုံမှန် ပြန်လည်ထူထောင်ရန် သဘောတူညီချက်ရရှိခြင်းသည် အစ္စရေးနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ဇွန် ၂၇ ရက်တွင် ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

အစ္စရေးနိုင်ငံသည် တူရကီနိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ရရှိခဲ့ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက အတည်ပြုပြောကြားသည်။

ဝန်ကြီးချုပ် နေတန်ယာဟုသည် အီတလီနိုင်ငံ ရောမမြို့၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်လည်းကောင်း၊ အီတလီဝန်ကြီးချုပ် မာတီယိုရန်ဇီနှင့်လည်းကောင်း ဇွန် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အစ္စရေးနှင့် တူရကီနိုင်ငံတို့သည် ၂ဝ၁ဝ ပြည့်နှစ်က ဆက်ဆံရေး ထိခိုက်ခဲ့ရပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးကို ပုံမှန်ပြန်လည် ပြုလုပ်သွားရန် ဇွန် ၂၆ ရက်က သဘောတူညီမှုရရှိခဲ့ကြောင်း အစ္စရေးတာဝန် ရှိသူတစ်ဦးက အစောပိုင်းတွင် ပြောကြားခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်က ဂါဇာကမ်းမြောင်ဒေသသို့ ဦးတည်မောင်းနှင်နေသော တူရကီ အကူအညီပေးရေး ရေယာဉ်တစ်စင်းကို အစ္စရေးရေတပ် တပ်ဖွဲ့ဝင်များက စီးနင်းဖမ်းဆီးခဲ့သည့် ဖြစ်ရပ်အပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်တွင် ပါလက်စတိုင်းလိုလားသော တူရကီနိုင်ငံရေး လှုပ်ရှားသူ ၁ဝ ဦး သေဆုံးခဲ့ရသည်။ အဆိုပါ ရေယာဉ်သည် အစ္စရေး၏ ပိတ်ဆို့မှုကို ခံထားရသော ဂါဇာကမ်းမြောင် ဒေသသို့ ဦးတည်ခုတ်မောင်းနေစဉ် အစ္စရေးရေတပ်၏ စီးနင်းဖမ်းဆီးမှုနှင့် တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်း ဒေသ၌ ဆီးရီးယားပြည်တွင်းစစ်အပေါ် အကြောင်းပြု၍ နိုင်ငံများအကြား ခါးခါးသီးသီး သဘောကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရပြီး အိုင်အက်စ်အဖွဲ့ကို အကြောင်းပြု၍ လုံခြုံရေးအန္တရာယ်များ တိုးပွားလာနေချိန်တွင် ကြုံတောင့်ကြုံခဲ ပြန်လည်သင့်မြတ်မှုအဖြစ် အစ္စရေးနှင့်တူရကီတို့၏ ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရောမမြို့၌ တွေ့ဆုံ ဆွေးနွေးပြီးနောက် သတင်းထောက်များအား ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment