Friday, June 3, 2016

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အထက်လွှတ်တော်အမတ်တို့ တွေ့ဆုံ


The Mirror Daily's photo.
နေပြည်တော် ဇွန် ၂
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို အားပေး ထောက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အမေရိကန်ကွန်ဂရက်မှ ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အထက်လွှတ်တော် အမတ် မစ္စတာ ဒန်နီရယ် ဆူလဗန်နှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အမေရိကန် အထက်လွှတ်တော်အမတ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့ အလန် မာရှယ် လည်း တက်ရောက်သည်။
(သတင်းစဉ်)

No comments:

Post a Comment