Thursday, June 30, 2016

ဆောက်သမ်တန်တိုက်စစ်မှူး ဆာဒီယိုမာနေးအား ပေါင် ၃၄ သန်းဖြင့် လီဗာပူးအသင်းခေါ်ယူ



The Mirror Daily's photo.


ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းသည် ဆောက်သမ်တန်တိုက်စစ်မှူး ဆာဒီယိုမာနေးအား ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက်(၂၄)နှစ်အရွယ်ရှိ တိုက်စစ်မှူးမာနေးသည် လီဗာပူးအသင်းနှင့် ငါးနှစ် သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူခဲ့သည့် ဂျာမနီဂိုးသမား လိုရစ်ကာရီးယပ်နှင့် ကင်မရွန်း နောက်တန်းကစားသမား ဂျိုးလ်မာတစ်တို့ပြီးပါက လီဗာပူးအသင်း၏ တတိယမြောက်ခေါ်ယူခဲ့သည့် ကစားသမား လည်းဖြစ်လာခဲ့သည်။

လက်ရှိတွင် ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းဖြင့် စာချုပ်ချုပ်ဆိုထားသော်လည်း ပေါင် ၃၆ သန်းအထိတိုးမြှင့်ရရှိမည်ဖြစ်သောကြောင့် ၂ဝ၁၁ ခုနှစ်အတွင်း ပေါင် ၃၅ သန်းဖြင့် ခေါ်ယူခဲ့သည့် တိုက်စစ်မှူး အန်ဒီကာရိုးလ်ကိုကျော်ဖြတ်ကာ လီဗာပူးအသင်း၏ ဈေးအကြီးဆုံးကစားသမားလည်းဖြစ်လာမည်ဖြစ်သည်။

တိုက်စစ်မှူးမာနေးသည် ဆောက်သမ်တန်အသင်းနှင့်အတူ ပရီမီယာလိဂ်ပွဲစဉ် ၆၇ ပွဲအထိပါဝင်ကစားပေးထားပြီး သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။ တိုက်စစ်မှူး မာနေးသည် အာဖရိက ကစားသမားများအနက် ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့သည့်အပြင် ဆောက်သမ်တန်အသင်းသည် ကလိုင်း၊ ဒီဂျန်လော့ဗ်ရန်၊ ရစ်ကီ လမ်းဘာ့၊ လယ်လာနာတို့ကိုလည်း လီဗာပူးအသင်းသို့ ရောင်းချထားခဲ့ခြင်းကြောင့် လီဗာပူးအသင်းသို့ ရောက်ရှိလာသည့် ဆောက်သမ်တန်အသင်း၏ ငါးဦးမြောက်ကစားသမားလည်းဖြစ်လာခဲ့သည်။ တိုက်စစ်မှူး မာနေးသည် ဆောက်သမ်တန်အသင်းတွင် ဗဟိုတိုက်စစ်မှူးအဖြစ်သာ ကစားခဲ့ခြင်းကြောင့် လီဗာပူးအသင်းတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရေးအတွက် ဘန်တီကီ၊ ဖာမီနို၊ ဒန်နီအင့်၊ အိုရီဂီ၊ စတားရစ် စသည့်ကစားသမားများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment