Thursday, June 30, 2016

ယူ ၂ဝ နည်းပြ ဆော့ဂိတ်အား ယာယီနည်းပြအဖြစ် ခန့်အပ်ရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ပြင်ဆင်




The Mirror Daily's photo.


အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် နည်းပြရွိုင်းဟော့ဂ်ဆန် အသင်းနည်းပြအဖြစ်မှ နုတ်ထွက်သွားပြီးနောက် အသက် (၂၁)နှစ်အောက် အင်္ဂလန်နည်းပြဖြစ်သည့် ဆော့ဂိတ်အား ယာယီနည်းပြအဖြစ်ခန့်အပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
နည်းပြရွိုင်းဟော့ဂ်ဆန်သည် အိုက်စလန်အသင်း အား နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲ ၏ ၁၆ သင်းအဆင့်ပွဲစဉ်အပြီး အင်္ဂလန်နည်းပြဘဝကို လေးနှစ်တာဖြတ်သန်းခဲ့ပြီးနောက် လက်ရွေးစင်နည်းပြ အဖြစ်မှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ အမှုဆောင် အရာရှိချုပ်မာတင်ဂလန်းက စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမည့် အင်္ဂလန်အသင်းနှင့် ဆလိုဗက်ကီးယားအသင်းတို့ပွဲစဉ်တွင် အသက်(၂၁)နှစ်အောက် အင်္ဂလန်နည်းပြဖြစ်သူ ဆော့ဂိတ်အား တာဝန်ယူ ကိုင်တွယ်စေလိုကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် နည်းပြသစ်ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်လုပ်ဆောင်လျက်ရှိပြီး အမှုဆောင်အရာရှိချုပ် မာတင်ဂလန်း၊ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် အဖွဲ့ဝင်ဒေးဗစ်ဂီးလ်နှင့် နည်းစနစ်ဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်တို့က ဦးစီးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အင်္ဂလန်အသင်းအတွက် နည်းပြသစ်ရှာဖွေ လျက်ရှိရာတွင် အင်္ဂလန်နည်းပြများကိုရွေးချယ်ရန် မာတင်ဂလန်းက ငြင်းဆိုခဲ့ပြီး နိုင်ငံခြားသားနည်းပြတစ်ဦးကိုသာ ရွေးချယ်မည်ဟုဆိုခဲ့သည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် အသက်(၂၁)နှစ်အောက်နည်းပြ ဆော့ဂိတ်အပြင် ဂယ်ရီနဗီးလ်၊ အာစင်ဝင်းဂါး၊ ဘရန်ဒန်ရော့ဂျာနှင့် မော်ရင်ဟိုတို့ကိုလည်း အင်္ဂလန်နည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
(ငွေကြယ်)

No comments:

Post a Comment