Wednesday, June 1, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး တက်ရောက်


The Mirror Daily's photo.
နေပြည်တော် မေ ၃၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မလေးရှားနိုင်ငံ Selangor မြို့ Sunway Resort Hotel ၌ မေ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပသော (၉)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး၊ တတိယအကြိမ် အာဆီယံ +၃ ပညာရေးဝန်ကြီးများ အစည်းအဝေး၊ တတိယအကြိမ် အရှေ့ အာရှပညာရေးဝန်ကြီးများ အစည်းအဝေးများကို တက်ရောက်ခဲ့သည်။
အစည်းအဝေးများတွင် အာဆီယံ ပညာရေးဝန်ကြီးများသည် ''အာဆီယံ ပညာသင်ယူသူများ အသိုက်အဝန်း ထူထောင်ကာ ပညာရေးဖြင့် လူမှုဘဝ များကို မြှင့်တင်ကြပါစို့ '' ဟူသော ဆောင်ပုဒ်ကို သဘောတူ သတ်မှတ် ခဲ့ကြသည်။
ပညာရေးကဏ္ဍ အာဆီယံလုပ်ငန်း အစီအစဉ်(၂ဝ၁၆-၂ဝ၂ဝ)ကို သဘောတူညီနိုင်ခဲ့ပြီး လုပ်ငန်းအစီ အစဉ်တွင်ပါဝင်သော လုပ်ငန်းစဉ် (၈)ရပ်ဖြစ်သည့် အရှေ့တောင်အာရှ သမိုင်းနှင့် ဒေသဆိုင်ရာအသိပညာကို အားပေးမြှင့်တင်ခြင်းဖြင့် အာဆီယံအကြောင်း သိရှိနားလည်မှုကို မြှင့်တင်ခြင်း၊ အပစ်ပယ်ခံများအပါ အဝင် လူတိုင်းအတွက်ပညာရေး သင်ယူခွင့် အခြေခံအခွင့်အလမ်း များနှင့် အရည်အသွေး မြှင့်တင်ခြင်း၊ ပညာရေးတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြုခြင်း၊ နည်းပညာ သက်မွေးပညာရေး၊ လေ့ကျင့်ရေးနှင့် ဘဝတစ်သက်တာ သင်ယူလေ့လာရေး၊ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် ပညာရေး၊ အဆင့်မြင့်ပညာ တိုးတက်ရေးနှင့် အရည်အသွေးအာမခံချက် ယန္တရားများ၊ တက္ကသိုလ်နှင့် အလုပ်ရုံမိတ်ဖက် ပူးပေါင်းခြင်းနှင့် ဆရာများနှင့် ပညာရေး ဝန်ထမ်းများအတွက် အရည်အသွေးမြှင့်တင်ခြင်းတို့ဖြစ်သည်။
ထို့အပြင် တတိယအကြိမ် အာဆီယံ +၃ ပညာရေးဝန်ကြီးများ အစည်းအဝေးကို အလှည့်ကျ ကျင်းပ ရေးမူအရ ၂ဝ၁၈ ခုနှစ်တွင် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သတ်မှတ်ခဲ့သည်။
(ပညာရေး)

No comments:

Post a Comment