Thursday, June 30, 2016

မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးတွင် အကောင်းဆုံးအခြေအနေမှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုပင်ဖြစ်


Myanmaalinn's photo.
 နေပြည်တော် ဇွန် ၂၉

အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ၊ မျိုးနွယ်ချင်း တူညီကြသဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ပြီး နှစ်နိုင်ငံဆက်ဆံရေး တွင် အကောင်းဆုံးအခြေအနေမှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်)ဝုန်ဆူဝန် ဦးဆောင်သောအဖွဲ့အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌တွေ့ဆုံစဉ် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ဆက်လက်၍ တပ်မတော်နှစ်ရပ်အကြား ကြည်း၊ ရေ၊ လေ ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား ဆောင်ရွက် နေသည့် TBC၊ RBC နှင့် HLC အစည်းအဝေးဆောင်ရွက်နေမှုအခြေအနေ များ၊ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေးနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ဖြန့်ဖြူးမှုများကို တူညီသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထိထိရောက်ရောက်တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံနယ်နိမိတ် ကိစ္စရပ်များ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဖြစ်စေရေးအတွက် အစိုးရအဖွဲ့အစည်း များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသတွင် နှစ်နိုင်ငံပူးပေါင်းသစ်ပင် စိုက်ပျိုးရေးအား ဒေသတွင်းစံပြု Model တစ်ခုအဖြစ် အောင်မြင်အောင် ကြိုးပမ်း လုပ်ဆောင်ရေး၊ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏အရေးကိစ္စများအား ထိုင်းနိုင်ငံ၏ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အလားတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ဝုန်ဆူဝန်နှင့်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌တွေ့ဆုံပြီး နယ်စပ်ရေးရာကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲရှောင်ဒုက္ခသည်များ အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment