Friday, June 3, 2016

ဗွက်အိုင်ဖြတ်၍သွားလာနေရသည့် ကျောင်းလမ်းအား အမြန်ဆုံးပြုပြင်ပေးရန် ကျောင်းသားမိဘများက လိုလား

ထင်သာမြင်သာပြုပြင်စရာ
မုံရွာမြို့ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့တည့်တည့်တွင် မိုးရွာပြီဆိုလျှင် ဗွက်ထရေအိုင်ကာ လမ်းမှာလည်း ဆိုးဆိုးရွားရွားပျက်စီး နေပြီဖြစ်သောကြောင့် ကျောင်းတက် ကလေးငယ်များ၊ နေ့စဉ်သွားလာနေသူ များ များစွာအခက်တွေ့နေသည်။
ရေအိုင်၍ ပျက်နေသောလမ်း သည် တရုတ်တန်းလမ်းဖြစ်ပြီး အမှတ် (၁) ကျောင်းပေါက်နှင့် တည့်တည့်တွင် ရှိသော ကျောင်းတက်ကျောင်းဆင်းတွင် အဓိကအသုံးပြုသော လမ်းဖြစ်ပြီး ကျောင်းရှေ့ကန့်လန့် တောင်နှင့်မြောက် ဖောက်ထားသော ဓမ္မာရုံလမ်းကို အဆင့်မြှင့်တင်ထားရာလမ်းမှာ ချောမွေ့ သလို မြင့်လည်းမြင့်နေသောကြောင့် ကျောင်း၏ ရှေ့တည့်တည့်
လမ်းဖြစ်သော တရုတ်တန်းလမ်းသို့ မိုးရွာလျှင်သော် လည်းကောင်း အနီးဝန်းကျင်မှ တစ်ခါ တစ်ရံ ရေအသုံးပြုလျှင်သော်လည်း ကောင်း ရေမှာရက်ပေါင်းကြာရှည်စွာ တင်ကျန်ဝပ်နေတတ်သည်။
ယခုလိုဖြစ်နေသည်မှာ ကာလ အတန်ကြာနေပြီ ဖြစ်သော်လည်း ပြင်ဆင်မှုကို မည်သူကမျှ တာဝန်ယူ ဆောင်ရွက်ခြင်း မရှိသောကြောင့် သက်ဆိုင်ရာက အမြန်ဆုံးအဆင့်မြှင့် တင်ပေးရန် ဒေသခံများက လိုလားနေ ကြသည်။
မျိုးဝင်းထွန်း ( မုံရွာ )

No comments:

Post a Comment