နေပြည်တော် ဇွန် ၂၈
ASEAN MRA အစီအစဉ်အရ မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်း များ၏ စံချိန်စံòန်းများ သတ်မှတ်နိုင် ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃ဝ) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားအစီအစဉ်အရ စက်မှု ဝန်ကြီးဌာန အမှတ်(၁)အကြီးစား စက်မှု လုပ်ငန်းမှ ဦးဆောင်òန်ကြားရေးမှူးက အမှာစကားပြောကြားသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက MRAအရ လိုက်ပါ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှ မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်း များ၏ စံချိန်စံòန်းများသတ်မှတ်နိုင်ရေး အတွက် အာဆီယံအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ လည်းကောင်း၊ အာဆီယံနိုင်ငံများအကြား ယေဘုယျ သဘောတူညီထားပြီးဖြစ်သည့် UN Regulation 19 ခုတွင် ပါဝင်သည့် Emission Regulation & Fuel Properties များနှင့်ပတ်သက်၍လည်း ကောင်း၊ အာဆီယံနိုင်ငံများမှ သဘောတူ လက်မှတ်ရေးထိုးရမည့် ASEAN MRA on Type Approval of Automotive Products နှင့်ပတ် သက်၍လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူ များက မော်တော်ယာဉ်ဆိုင်ရာ Emission Standard သတ်မှတ်ရေး၊ မော်တော်ယာဉ်များအတွက် လောင်စာ အဖြစ် အသုံးပြုမည့်ရေနံနှင့် ရေနံထွက် ပစ္စည်းများ၏အရည်အသွေးနှင့် စံနှုန်း သတ်မှတ်ရေး၊ အရည်အသွေးနှင့် စံချိန် စံòန်းများစစ်ဆေးအတည်ပြု၍ အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးမည့် Accreditation Body များထူထောင် ရေး၊ သက်တမ်းလွန် ယာဉ်အို၊ ယာဉ် ဟောင်းများ ဖျက်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး နှင့် စံချိန်စံòန်းတစ်ပြေးညီဖြစ်စေရေး အတွက် လိုအပ်သောနည်းပညာဆိုင်ရာ အကူအညီများရရှိရန် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး၊ မော်တော်ယာဉ် တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့်စပ်လျဉ်း သည့် မူဝါဒရေးရာကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment