Wednesday, June 1, 2016

ရွှေ့ပြောင်းအလုပ်သမားများအရေး အပါအဝင် ပြည်သူ့အကျိုးကို တိုက်ရိုက် ဖော်ဆောင်မည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ရက် ၁ဝဝ


 
 


အလုပ်သမား ၊  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရက် ၁ဝဝ စီမံချက်

သတင်းဆောင်းပါး-သီသီမင်း၊ ဓာတ်ပုံ-နေလင်း

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအခြေအနေပြောင်းလဲလာမှုများနှင့်အတူ  နိုင်ငံတစ်နိုင်ငံချင်းစီ၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊  ပိုမို ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိမှုစသည့် လူနေမှုအဆင့်အတန်း ကွာဟမှုများကြောင့် တစ်နိုင်ငံမှ အခြား နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ် သမားများ  အရေအတွက်သည်  တစ်နေ့တခြားတိုးပွား  လာ နေသည်။

မြန်မာနိုင်ငံတွင် ၁၉၉ဝ ပြည့်နှစ်မှစ၍ ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ  တရားဝင်လမ်းကြောင်းမှ  စေလွှတ် ပေးခဲ့ပြီး ဥပဒေနှင့်အညီ စနစ်တကျဖြစ်စေရန် ၁၉၉၉ ခုနှစ်တွင်  ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြဌာန်းပေးခဲ့သည်။

သို့ရာတွင် ကျေးလက်ဒေသတွင် အများဆုံးနေထိုင်ကြသူ အများစုသည် လုပ်ငန်းခွင်ကျွမ်းကျင်မှုမရှိခြင်း၊  အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ ပညာရေးအခြေခံအားနည်းခြင်း၊ ဗဟုသုတဆိုင်ရာ အားနည်းမှုများ စသည့်အကြောင်းအချက် များကြောင့် ပြည်ပနိုင်ငံများသို့ ပွဲစားများမှတစ်ဆင့် တရားမဝင် လမ်းကြောင်းဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေကြရာ ထိုက်သင့် သော လုပ်ခလစာများ မရရှိခြင်း၊ အလုပ်သမား အခွင့်အရေး အ ပြည့်အဝမရရှိခြင်းတို့ကို ရင်ဆိုင်ခံစားနေရဆဲဖြစ်သည်။ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့်  ပြည်ထောင်စု  အစိုးရသစ်ကာလ၏ ပထမရက်  ၁ဝဝ  သစ္စာစီမံချက်ကာလအတွင်း  ရွှေ့ပြောင်း အလုပ်သမားများအရေး အပါအဝင်  ပြည်သူ့အကျိုးကို တိုက်ရိုက် ဖော်ဆောင်နိုင်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
''ဝန်ကြီးဌာနအနေနဲ့  ရက်ပေါင်း  ၁ဝဝ   သစ္စာစီမံချက် ကာလအတွင်းမှာ ပြည်သူကို တိုက်ရိုက် အကျိုးပြုနိုင်မယ့် လုပ်ငန်း တွေ ဆောင်ရွက်သွားဖို့ရှိတယ်။

အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့တွေ၊  အလုပ်သမားတွေ  ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်သမားရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ၊ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးဖို့ကိစ္စတွေနဲ့ အခြေခံပညာကျောင်းတွေမှာရှိတဲ့ အသက် ၁ဝ နှစ်ပြည့် ကျောင်း သားကျောင်းသူတွေကို နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေး သွားဖို့ ဆောင်ရွက်သွားမှာဖြစ်ပါ''တယ် ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနစသည့် ဌာနလေးခုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ပြည်သူ့ အင်အားဦးစီးဌာန စသည့်ဌာန သုံးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာ တွင် ရွှေ့ပြောင်းလုပ်သားများ  လုံခြုံစွာ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရေးအတွက် သိသင့်သိထိုက်သော အချက်အလက် များ ပြည်သူများကြား တိကျမြန်ဆန်စွာ ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ ကူညီရေးဗဟိုဌာန နှစ်ခုကို ရွှေ့ပြောင်းလုပ်သားများအများဆုံးနေထိုင်ရာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်များတွင် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း (IOM) တို့ ပူးပေါင်း၍ ၂ဝ၁၆ခုနှစ် ဇွန်လနှင့် ဇူလိုင်လများ အတွင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်အတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် နိုင်ငံအဆင့် ကျွမ်းကျင်မှု  အသိအမှတ်ပြု  လက်မှတ်ထုတ်ပေးခြင်းတို့ကို ပြုလုပ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် တွင် နေထိုင်သော တိုင်းရင်းသားများအား လုပ်ငန်းကျွမ်းကျင်မှုများရှိစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် သက်မွေး ပညာသင်တန်းများကို ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့်  မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြဝတီ၊ တာချီလိတ်နှင့် ထားဝယ်ဒေသများတွင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၂ ဦးခန့် အား ထိုင်းနိုင်ငံရှိ အသက်မွေးပညာရပ်ဆိုင်ရာ သင်တန်းကျောင်း များမှ နည်းပြများ၊ ပညာရှင်များက သင်တန်းများ လက်ရောက်ပို့ချပေးသွားမည်ဖြစ်ပြီး  ထိုင်းနိုင်ငံ အသက်မွေးပညာ အသိအမှတ် ပြု လက်မှတ်များရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်များအား မေလနှင့် ဇွန်လအတွင်း အကောင် အထည်ဖော်သွားမည်ဖြစ်သည်။

အလုပ်သမားရေးရာ ကိစ္စရပ်များ လျော့နည်းကျဆင်းစေရန် အတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဥပဒေ ၁၈ ခုပြဋ္ဌာန်းကျင့်သုံးပြီး စည်းကြပ်ဆောင်ရွက် လျက်ရှိရာ အဆိုပါ ဥပဒေများမှ အတည်ပြုပြဋ္ဌာန်းပြီးဥပဒေ ကိုး ခု ဖြစ်သည့် အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ ၂ဝ၁၂ ခုနှစ် လူမှုဖူလုံးရေးဥပဒေ၊  ၂ဝ၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ၂ဝ၁၆ ခုနှစ် အခကြေးငွေပေးချေရေးဥပဒေ၊  ၂ဝ၁၆  ခုနှစ်  ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတို့ဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် အပြင် လိုအပ်ချက်ရှိသည့် ဥပဒေများလည်း ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့  ဝန်ကြီးဌာနမှ ပြင်ဆင်ရေးဆွဲ အသစ်ထုတ်ပြန်ပြီး ဖြစ်သည့် ဥပဒေများကို အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများ၊ Stakeholderများကောင်းမွန်သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီး၊ မော်လမြိုင်၊ ဘားအံ၊ စစ်တွေ၊  ထားဝယ်၊  မြိတ်မြို့တို့တွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က ဦးဆောင် ကြီးကြပ်၍ ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ ပါဝင်ကာ အလုပ်သမားရေးရာ  ကိစ္စရပ်များ  အသိပညာပေးဆွေးနွေး ပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
''အလုပ်သမားရေးရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ လျော့နည်းကျဆင်းဖို့ဆိုရင် အလုပ်ရှင်ရော အလုပ်သမားတွေရော သူတို့နဲ့သက်ဆိုင်တဲ့ဥပဒေတွေကို ကောင်းစွာသိရှိဖို့လိုတယ်။ ဒါ့ကြောင့် အခုရက် ၁ဝဝ အတွင်းမှာ သက်ဆိုင်ရာ စက်မှုဇုန်တွေ မှာရှိတဲ့ စက်ရုံအလုပ်ရုံတွေသွားပြီး ဟောပြောမှုတွေ၊ ပညာပေးမှု တွေဆောင်ရွက်မယ်။  အဲဒီလို  အသိပညာပေးခြင်းအားဖြင့် အလုပ်သမားတွေက ဘယ်ကိစ္စ ဆောင်ရွက်ရင်တော့မှန်တယ်၊ ဘယ်ကိစ္စကတော့ ဥပဒေနဲ့ မညီဘူး၊ စတာတွေသိရှိပြီးတော့မှ သူတို့အခွင့်အရေးတွေတောင်းခံတဲ့အခါမှ ညှိနှိုင်းတောင်းခံလို့ရတယ် ဆိုတာသိလာပြီး အလုပ်ရှင်၊ အလုပ်သမား၊ ပြီးရင် နိုင်ငံတော် အစိုးရတို့ ညှိနှိုင်းပြီး နားလည်မှုရှိရှိ ဆောင်ရွက်သွားမယ်ဆိုရင် အလုပ်ရှင်  အလုပ်သမားကြား  အငြင်းပွားမှုပြဿနာတွေဟာ လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အလုပ်သမား ရေးရာ ကိစ္စရပ်တွေ အသိပညာပေးဆွေးနွေးရေးကိစ္စရပ်တွေကိုလည်း ဦးစားပေးဆောင်ရွက်ရခြင်းဖြစ်ပါတယ်''ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ပြဿနာများဖြစ်ပေါ်လာ ပါက အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့၊  ခုံသမာဓိအဖွဲ့၊  ခုံသမာဓိကောင်စီများဖြင့် အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။
''မြန်မာနိုင်ငံမှာ  လူဦးရေက သန်း ၅ဝ ကျော် ရှိတယ်။

အလုပ်လုပ်နိုင်တဲ့အရွယ်  အင်အားက ၃၂ သန်းကျော်ရှိတယ်။ အဲ့ဒီထဲမှာမှ တကယ်အလုပ်လုပ်နိုင်တာ ၂၂ သန်းလောက်ရှိတယ်။ ကျွန်တော်တို့ဆီမှာရတဲ့  စာရင်းက  ၁၁  သန်းပဲစာရင်းရှိတယ်။ အလုပ်သမားဆိုတာ တိုင်းပြည်တည်ဆောက်ရေးအတွက် တကယ့် ကို အရေးပါတဲ့လူတွေဖြစ်တယ်။ လုပ်ငန်းခွင်ပျော်ဖို့၊ ထိုက်တန်တဲ့ လုပ်ခလစာရရှိဖို့ ဒါတွေရဖို့လိုတယ်။ အလုပ်ရှင်တွေနဲ့ အလုပ် သမားတွေ နားလည်မှုရှိဖို့ကလည်းအရေးကြီးပါတယ်''ဟု အလုပ် သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က သုံးသပ်ပြောကြားသည်။

လူမှုဖူလုံရေးအကျုံးဝင်သည့် အာမခံအလုပ်သမားများ အတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန်အတွက်  လူမှုဖူလုံရေးအဖွဲ့နှင့်  သုခမင်္ဂလာ အထွေထွေရောဂါကုဆေးခန်းတို့ ပူးပေါင်း၍ ရွေ့လျားဆေးကုသ ယာဉ်ဖြင့် ကွင်းဆင်းဆေးကုသခြင်း၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) တွင် ဓာတ်ခွဲခန်းဝန်ဆောင်မှုကိုလည်းကောင်း၊ ကဲ ဝဲလ်မက်ဒီကယ် ကုမ္ပဏီနှင့် ပူးပေါင်း၍ လှိုင်သာယာမြို့နယ်တွင် လူမှုဖူလုံရေး - ကဲဝဲလ်ဆေးခန်းကို ဖွင့်လှစ်ပေးထားသည့်အပြင် ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် တိုးချဲ့ဖွင့်လှစ်နိုင် ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြားသား အလုပ်သမားဥပဒေ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်  ကင်းရှင်းရေးနှင့်  ကျန်းမာရေး  ဥပဒေတို့အား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေးကိစ္စရပ်များ၊ ထိုင်း နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့ အကြား အလုပ်သမားများ ခန့်ထားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ MoUကို နှစ်နိုင်ငံ ညှိ နှိုင်းလက်မှတ်ရေးထိုးဆောင်ရွက်မည့် ကိစ္စများအပြင် အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု ဆွေးနွေးပွဲများကိုလည်း ရက် ၁ဝဝ အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

''နိုင်ငံခြားသားအလုပ်သမားဥပဒေ(မူကြမ်း)က တော်တော် များများ ပြီးသွားပြီ၊ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက တင်ဖို့ ကြိုးစားခဲ့တာ။ နောက်ပိုင်း ထပ်ဖြည့်တာတွေရှိတယ်။ ဝန်ကြီးဌာန အနေနဲ့ ထပ်ပြီးအသေးစိတ် ဆွေးနွေးနေတယ်။ ပြီးရင်အလုပ်ရှင်၊ အလုပ်ရှင်ဆိုတာ နိုင်ငံခြားသားကို ခေါ်ခိုင်းမယ့် လူတွေပြောတာပါ။ သူတို့နဲ့ဆွေးနွေးမယ်။ အတွေ့အကြုံရှိတဲ့လူတွေခေါ်မယ်။ ခေါ်ပြီး တော့မှ ဒါလေးကို ဆွေးနွေးပြီးတော့မှ လွှတ်တော်ကိုတင်ဖို့ ကြိုးစားနေပါတယ်။  ဘေးအ္တရာယ်  ကင်းရှင်းရေးကလည်း တော်တော်များများပြီးပြီ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ လုပ်တာ နိုင်ငံတော်သမ္မတရုံးထိတောင် တင်ပြီးတဲ့ အခြေအနေထိ ရောက် ပြီးပြီ။ ရက် ၁ဝဝ အတွင်းမှာတော့ လွှတ်တော်ကို တင်ပြနိုင်ဖို့ အတွက်တော့ပြင်နေပါတယ်''ဟု ဦးမျိုးအောင်က ဆက်လက် ပြောသည်။
ထို့အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမြဲတမ်းအတွင်းဝန်ရုံးမှလည်း    သစ္စာစီမံချက် အဖြစ် ရက် ၁ဝဝ အတွင်း  ပြည်သူများနေ့စဉ် ဖြေရှင်းဆောင်ရွက်နေသည့် ပြည်သူ များအတွက် အလွန်အရေးပါသည့်  လုပ်ငန်းများကို  အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

လဝကဌာနက တိုင်းပြည်အတွက်    အမှန်တကယ်အရေး ကြီးပါတယ်။ ရှေးခေတ် ပြန်ပြီးပြောရမယ်ဆိုရင်  တံခါးမှူးတွေ ပါပဲ။ တစ်ဖက်က နိုင်ငံထဲကို ဝင်လာမယ်ဆိုရင် ဘက်ပေါင်းစုံ စစ်ဆေးမှာက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းတွေပါပဲ။ သူတို့ကနေ နိုင်ငံတော်ထဲကို အ္တရာယ်ဖြစ်စေမယ့် အ္တရာယ် ပြုနိုင်မယ့် အကျိုးမပြုတဲ့သူတွေဝင်မလာစေဖို့   တားဆီးရမယ့် တာဝန်ရှိတယ်။ ဒီလိုပဲ နိုင်ငံတော်ကို အကျိုးပြုမယ့် ကိုယ့်နိုင်ငံ သားတွေဝင်လာရင်လည်း ချောချောမွေ့မွေ့နဲ့ လူဝင်မှုကြီးကြပ် ရေး လုပ်ငန်းတွေအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့တာဝန် ရှိတယ်။ ဒါ့ကြောင့် တံခါးမှူးလုပ်ငန်းတွေကို ဆောင်ရွက်နေ တာဖြစ်လို့  ဒီဌာနက အင်မတန်အရေးကြီးတဲ့  ဌာနတစ်ခု ဖြစ်ပါတယ်''ဟု လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အား ဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

''နိုင်ငံကို ဝင်လာမယ်ဆိုရင် နယ်စပ်တံခါးတွေမှာ အားလုံး ကို စောင့်ရှောက်ထားတယ်။ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မည်သည့် နိုင်ငံခြားသားကိုမဆို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များဥပဒေအရ ဒီဟာတွေကို ဖောက်ဖျက်တယ်ဆိုရင် ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိတယ်။ သင်္ကာမကင်းဘူး။ နောက်ပြီး  လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ကျူးလွန်တယ်လို့ ယူဆရင် ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်  ရှိတယ်။ ပြစ်ဒဏ်အနေနဲ့ အနည်းဆုံး ထောင်ဒဏ် ခြောက်လ ကနေ ငါးနှစ်အထိ သို့မဟုတ် ဒဏ်ငွေ ၁၅ဝဝ နှစ်ရပ်လုံးကို ကျခံစေရမယ်လို့ ပြဋ္ဌာန်းထားတာရှိပါတယ်''ဟု ဦးမြင့်ကြိုင်က ဆက်ပြောသည်။

 ရွှေ့ပြောင်းလုပ်သားများအတွက် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနအနေဖြင့် ရက်ပေါင်း ၁ဝဝ  သစ္စာစီမံချက် ကာလအတွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမား များအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုးထုတ်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် အခြေခံပညာကျောင်းများရှိ  အသက် (၁ဝ)နှစ် ပြည့်ပြီး ကျောင်းသား  ကျောင်းသူများအား ဇွန်လ ၁ ရက် နေ့မှစတင်ကာ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး  ကိုင် ဆောင်သင့်သော   မှတ်ပုံတင်တစ်မျိုးမျိုးထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် အညီသက်ဆိုင်သည့် စိစစ်ရေးကတ်ပြားတစ်မျိုးမျိုး စိစစ်ထုတ်ပေးရာတွင် တိုင်းရင်း သားများနှင့် ၄င်းတို့မှ  မွေးဖွားလာသူများ၊   နိုင်ငံသားအရည် အချင်း   လိုအပ်ချက်အထောက်အထား   ပြည့်စုံခိုင်လုံသူ သွေးနှောကပြားများအား     နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။ ၄-၁-၁၉၄၈  မတိုင်မီက   ရောက်ရှိ နေထိုင်ပြီး   နိုင်ငံခြားသားမှတ်ပုံတင်   လက်မှတ်ကိုင်ဆောင် ထားသူများနှင့် ၄င်းတို့မှ မွေးဖွားလာသူများအား ပုဒ်မ ၂၃၊ ၂၅၊ ၄၂၊ ၄၃ ၊ ၄၅၊ ၄၇  တို့အရ ဗဟိုအဖွဲ့သို့တင်ပြ၍ နိုင်ငံသား လက်မှတ်နှင့် နိုင်ငံသားပြုခွင့်လက်မှတ်များ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ သက်ဆိုင်တဲ့  ကတ်ပြားတစ်မျိုးမျိုးကို စိစစ်ထုတ်ပေးနိုင်ဖို့အတွက် လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းများအပေါ် အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ပြန်လည်ဖွဲ့စည်း ပြီးတော့ အမြန်ဆုံးစိစစ်နိုင်အောင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူလူထုအနေနဲ့ ဒီလိုစိစစ်ဆောင်ရွက်ပေးနေတာ တွေကို သိရှိနားလည်အောင်နဲ့ ပါဝင်ပူးပေါင်းလာစေဖို့ကိုလည်း စည်းရုံးဆောင်ရွက်လျက်ရှိပါတယ်''ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေဖြင့် ရက်  ၁ဝဝ သစ္စာ စီမံချက်ဆောင်ရွက်ရာတွင် အမည်မည်း (Black-List)  စာရင်းရေးသွင်းသူများအား ဖြေလျှော့ဆောင်ရွက်ပေးခြင်းနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များ လွယ်ကူစေရေးအတွက် ဖြေလျှော့ ဆောင်ရွက်ပေးခြင်းတို့ကို   ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
အမည်မည်းစာရင်းရေးသွင်းထားသူများအား ဖြေလျှော့ ဆောင်ရွက်ခြင်းလုပ်ငန်းမှာ ဝန်ကြီးဌာနအသီးသီးမှ ၄င်းတို့၏ ဌာနဆိုင်ရာပြစ်မှုများအရ    အမည်မည်းစာရင်းရေးသွင်းရန် ညှိနှိုင်းအကြောင်းကြားလာခြင်းကြောင့် ရေးသွင်းထားသည့် စာရင်းများအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့၍ သဘောထားမှတ်ချက်ရယူပြီး  ရရှိလာသည့် သဘောထား မှတ်ချက်များအရ  လိုအပ်ပါက  ထပ်မံပေါင်းစပ်ညှိနှိုင်းကာ စိစစ်ဖြေလျှော့ခြင်းလုပ်ငန်းကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ သို့ရာတွင်  အင်တာပိုမှ  နိုင်ငံတကာအကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှုများ နှင့် အမည်မည်းစာရင်းရေးသွင်းထားသူများ၊    မြန်မာနိုင်ငံ အတွင်း ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံခဲ့ရသဖြင့်   အမည် မည်းစာရင်းရေးသွင်းခံရသည့် နိုင်ငံခြားသားများ၊ နိုင်ငံကူး လက်မှတ် (Passport) စာအုပ်များ ပျောက်ဆုံး၊ ပျက်စီးကြောင်း အကြောင်းကြားသဖြင့် အမည်မည်းစာရင်း   ရေးသွင်းထား သူများကို ဖြေလျှော့ပေးရန် မရှိကြောင်းသိရသည်။

ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များ ဖြေလျှော့ဆောင်ရွက်ရာ၌ ပြည်ဝင် ဗီဇာ ၁၂ မျိုး လျှောက်ထားရာတွင်  အချို့ဗီဇာများအတွက် လိုအပ်သော အထောက်အထားများ အခက်အခဲရှိခြင်းကြောင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များ ရယူ၍ ဖြေလျှော့သင့်သည်များကို     ဖြေလျှော့ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။  ထိုကဲ့သို့    ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံသို့   လာရောက်သော    နိုင်ငံခြားသားများ ဗီဇာ လျှောက်ထားမှုအတွက် ပိုမိုအဆင်ပြေလွယ်ကူချောမွေ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့အင်အားဦးစီးဌာနမှလည်း သန်းခေါင်စာရင်းနှင့် စစ်တမ်းများကောက်ယူခြင်း၊ လူဦးရေ စာရင်းများ တွက်ချက်ခြင်းနှင့် ပြည်တွင်းပြည်ပ လူဦးရေဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ပြည်သူ့အင်အားဦးစီးဌာနသည် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၁ဝ  ရက်နေ့အထိ    တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကောက်ယူခဲ့သည်။

မြန်မာနိုင်ငံ ဒေသအသီးသီးတွင် အလုပ်အကိုင်နှင့် စားဝတ် နေရေးပေါ်မူတည်ပြီး အခြေတကျ နေထိုင်သူများနှင့် တစ်နေရာမှ တစ်နေရာသို့   ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်သူ များလည်းရှိရာ ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ  ၅၁၄၈၆၂၅၃  ဦး ရှိသည့်အနက် ရွှေ့ပြောင်းနေထိုင်သူ  လူဦးရေ    ၁၁၆၂၅၄၄    ဦးရှိကြောင်း သိရသည်။

နိုင်ငံတော်၏ စီမံခန့်ခွဲရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး များအတွက် စီမံကိန်းများကို    ရေးဆွဲအကောင်အထည်ဖော် ရာတွင် လူဦးရေဆိုင်ရာ သတင်းအချက်အလက်များရရှိရန် လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ၊ လူနေအစိတ်အကျဲ၊ လူဦးရေတိုးနှုန်း၊ လူဦးရေဆိုင်ရာ မူဝါဒများသည် ယင်းနိုင်ငံ လုံခြုံရေးကို အကျိုးသက်ရောက်စေနိုင်သလို လူဦးရေစိမ့်ဝင်မှု များသည်လည်း လူမျိုးတည်တံ့ရေးနှင့်    နိုင်ငံတော်လုံခြုံရေး ကို ထိခိုက်စေနိုင်သည် ။

ထို့ကြောင့် လူဦးရေဆိုင်ရာ သတင်းအချက်အလက်များ သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊     စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူသားတို့၏ စွမ်းဆောင်ရည်မြှင့်တင် ရေးကိစ္စများတွင် အလွန်အရေးပါသည့်အတွက် နိုင်ငံတော်အစိုးရ သစ်ကို  လူဦးရေနှင့်စီးပွားရေးဆိုင်ရာ  အချက်အလက်များ ပံ့ပိုးပေးနိုင်ရန် ပြည်သူ့အင်အားဦးစီးဌာနမှ ဆက်လက်ဆောင် ရွက်မည့် ရက် ၁ဝဝ  သစ္စာစီမံချက်ကာလတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်မှာ ၂ဝ၁၄ ခုနှစ် လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ဘာသာရေးဆိုင်ရာ အချက်အလက် ထုတ်ပြန်ခြင်းပင်ဖြစ်သည်။

၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှ ရရှိသော ကိုးကွယ်သည့် ဘာသာရပ်ဆိုင်ရာ အချက် အလက်များသည် ထိရှလွယ်သော အချက်အလက်များဖြစ်သဖြင့် နိုင်ငံတကာ နည်းပညာအကြံပေးအဖွဲ့ဝင်များနှင့်  အမျိုးသား အဆင့်အကြံပေးအဖွဲ့ဝင်များဖြင့် ညှိနှိုင်းတိုင်ပင်၍  ကိုးကွယ် သည့် ဘာသာဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးသွား မည်ဖြစ်သည်။
ထိုသို့ထုတ်ပြန်ပေးရာတွင် UNFPA မှ ပဋိပက္ခတုံ့ပြန်ရေး နှင့်  ကြိုတင်ကာကွယ်ရေးအတွက်    လေ့လာဆန်းစစ်သည့်အဖွဲ့ (Conflict Sensitivity Team) များသည်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့သွားရောက်၍ ဒေသခံဘာသာရေးခေါင်း ဆောင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့ အစည်းများနှင့်  အကြိမ်ကြိမ်  တွေ့ဆုံဆွေးနွေးပွဲများပြုလုပ် ကာ အကြံÓဏ်များ ရယူခဲ့ကြသည်။ ထို့အပြင် အစိုးရဝန်ကြီး ဌာနများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊  လူမှုရေးအဖွဲ့ အစည်း များမှ  ကိုယ်စားလှယ်များပါဝင်သည့်     သန်းခေါင်စာရင်း နည်းပညာအကြံပေးကော်မတီ   (National Advisory Committee-NAC)အစည်းအဝေးကို   ယခုလအတွင်း ကျင်းပရန်စီစဉ်ထားပြီးဖြစ်သည်။

''NAC အစည်းအဝေးမှာ ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်အလက်တွေကို ပြည်သူလူထုထံသို့ လုံခြုံစိတ်ချမှုရှိစွာ ဖြင့် ထုတ်ပြန်ပေးနိုင်မယ့်   နည်းလမ်းတွေကို ရှာဖွေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာပါ။ ပဋိပက္ခတုံ့ပြန်ရေးနဲ့   ကြိုတင် ကာကွယ်ရေးအတွက် လေ့လာဆန်းစစ်ချက်များမှ   တင်ပြခဲ့တဲ့  အကြံပြုချက်တွေ၊ နည်းပညာအကြံပေးကော်မတီ အဖွဲ့ဝင်များ ရဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားပြီး ဘာသာရေးဆိုင်ရာ အချက်အလက်တွေ ထုတ်ပြန်ရေးကို စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု    အမြဲတမ်းအတွင်းဝန်      ဦးမြင့်ကြိုင်က   ဆက်လက်ပြောသည်။

ကိုးကွယ်သည့်   ဘာသာဆိုင်ရာ  အချက်အလက်များ ထုတ်ပြန်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက်စာရင်း များကို  ထုတ်ပြန်ရာတွင်   အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ပြန်သွားမည်ဖြစ်သည်။
၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှရရှိသော  ဘာသာရေးဆိုင်ရာ  အချက်အလက်များ ထုတ်ပြန်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ကိုးကွယ်သည့် ဘာသာ အလိုက် လူဦးရေကို   ပြည်သူများ    တိတိကျကျသိနိုင်ပြီး  မလိုလားအပ်သော စိုးရိမ်ပူပန်မှုများကို လျှော့ချနိုင်မည်ဖြစ် သည်။
 အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံနှင့်  ရုံးများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ရုံးအဆောက်အအုံသစ်များနှင့် ဝန်ထမ်းအိမ်ရာများ ဆောက် လုပ်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အာဆီယံ အလုပ် သမားရေးရာကိစ္စများ ဆောင်ရွက်ခြင်း၊  အလုပ်သမားရေးရာ အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊    အလုပ်သမားများ၏  အနည်းဆုံး နေ့တွက်လုပ်ခသတ်မှတ်ဆောင်ရွက်ခြင်း၊  အလုပ် သမားရေးရာ  ဥပဒေသစ်များ ရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်း၊  အလုပ်ရှင်အလုပ်သမား၊   အစိုးရဆက်ဆံရေးကောင်းမွန်စေ ရန် ဆောင်ရွက်ခြင်း၊ အလုပ်သမားရေးရာ   စာရင်းကောက်ယူ ပြုစုခြင်းနှင့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပြုစုထုတ် ဝေခြင်း၊ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ၊ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ခြင်း၊ ရွှေ့ပြောင်းလုပ်သားများ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်ခြင်း၊ လူမှုဖူလုံရေးအာမခံလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက် မှုတိုးမြှင့်ဆောင်ရွက်ခြင်း၊ စက်ရုံအလုပ်ရုံများရှိ အလုပ်သမား များ၏ လုပ်ငန်းခွင် ဘေးအ္တရာယ် ကင်းရှင်းရေးနှင့်  အလုပ် သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ လူအင်အားစီမံကိန်းများကို အကောင်အထည်ဖော်မည့် လုပ်ငန်းများသည် ငါးနှစ်တာကာလအတွင်း   ဝန်ကြီးဌာန၏ အနာဂတ်စီမံကိန်းများပင်ဖြစ်သည်။

No comments:

Post a Comment