Wednesday, June 29, 2016

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး


နေပြည်တော် ဇွန် ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံသံအမတ်ကြီး မစ္စတာ စတီဖင်မာရှယ်အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့်အခြေအနေများ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်း၊ အစားအသောက်လုံခြုံမှုဆိုင်ရာများ၊ တိရ္ဆာန်ဆေးကုသမှုဆိုင်ရာများနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် လုပ်ဆောင်နိုင်မှုအခြေအနေများကို ဆွေးနွေးကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညနေ ၃ နာရီခွဲတွင် အဆိုပါခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ယူဂျယ်ဂျောင်းအား လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ အပါအဝင် ဆက်ဆံမှုပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်လုပ်ဆောင်နိုင်မှုအခြေအနေများနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်မည့် အခွင့် အလမ်းများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)


No comments:

Post a Comment