Wednesday, June 29, 2016

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ ပြည်ထောင်စုဝန်ကြီးများနှင့် သီးခြားစီ သွားရောက်တွေ့ဆုံ


 
 
 
 
နေပြည်တော် ဇွန် ၂၈

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီသည် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင် ခံရုံး ဝန်ကြီးဌာနဧည့်ခန်းမ၌ လည်း ကောင်း ၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ယနေ့နံနက် ၁၁ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လည်းကောင်း သီးခြားစီတွေ့ဆုံသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေနှင့် တွေ့ဆုံစဉ် လူ့အခွင့်အရေးအစီရင် ခံစာတင်သွင်းသူ၏ လုပ်ငန်းတာဝန်များ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်မှုအခြေအနေ များကို ဆွေးနွေးကြသည်။
ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် တွေ့ဆုံစဉ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေးလုပ်ငန်း စဉ် များ၊ လူ့အခွင့်အရးဆိုင်ရာကိစ္စရပ်များ၊ အရွယ်မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး ကိစ္စရပ်များ၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကိစ္စ များနှင့် တိုက်ပွဲရှောင်ဒုက္ခသည်များ အရေးကိစ္စတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အလားတူ မစ္စယန်ဟီလီသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နယ်စပ် ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် ယနေ့ညနေ ၃ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ယနေ့ညနေ ၅ နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လည်းကောင်း သီးခြားစီတွေ့ဆုံသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်တွေ့ဆုံစဉ် နိုင်ငံတော်၏ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရေး၊IDPs များနှင့် ပတ်သက်၍ စားဝတ်နေရေးနှင့် ပြန်လည်ထူထောင် ရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ကာလတို၊ ကာလရှည် လုပ်ငန်း စီမံချက် များနှင့် အကောင်အထည်ဖော် ဆောင် ရွက်နေမှုဆိုင်ရာများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများနှင့် လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးစွာ ဆွေးနွေးကြသည်။

အလားတူ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်တွေ့ဆုံစဉ် အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ပဋိပက္ခလျော့ပါးစေရေး အတွက် အလုပ်သမားများ၏ ဥပဒေ ကြောင်းအရ အခွင့်အရေးနှင့် ရပိုင်ခွင့် များ ရရှိစေရေးအတွက် ဆောင်ရွက်ချက် များ၊ အလုပ်သမားများအတွက် လူမှုဖူလုံ ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ပြည်ပ ရောက် အလုပ်သမားများအတွက် ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာများတွင် ဥပဒေနှင့်အညီ ထိရောက်စွာအကူအညီ ပေးသွားရေးဆိုင်ရာများ၊ ကလေးသူငယ် အလုပ်သမားများပပျောက်ရေး လုပ်ငန်း စီမံ ချက်များ ပေါ်ပေါက်လာစေရန်အတွက် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံနှင့် ဆောင် ရွက်ချက်ဆိုင်ရာများအပေါ် ရင်းနှီးစွာ ဆွေးနွေးကြသည်။

ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံစဉ် ဝန်ကြီးဌာန၏ ကာလတို/ကာလရှည် စီမံကိန်းဆိုင်ရာများ၊ သက်ကြီးရွယ်အို၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက် ရေးနှင့် ခိုကိုးရာမဲ့ကလေးသူငယ်များ ပြန်လည်ပြုစုပျိုးထောင်ရေး၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများ၊ သဘာဝဘေးကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှု နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များအတွက် ဆောင်ရွက်ထားရှိမှုများ၊ ကလေးသူငယ်နှင့် အမျိုးသမီးအခွင့် အရေး ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးစွာဆွေးနွေး ကြသည်။ (သတင်းစဉ်)



No comments:

Post a Comment