Sunday, May 1, 2016

ကန်းစ်ရုပ်ရှင်ပွဲတော်၌ ဖိတ်ခေါ်ယှဉ်ပြိုင်စေခြင်းခံခဲ့ရသည့် Train to Busan ဇာတ်ကား


The Mirror Daily's photo.
(၆၉)ကြိမ်မြောက် ကန်းစ်ရုပ်ရှင်ပွဲတော်ကို မေ ၁၁ ရက်မှ ၂၂ ရက်ထိ ပြင်သစ် နိုင်ငံ ကန်းစ်မြို့တွင် ကျင်းပသွားမည်ဖြစ်ရာ တောင်ကိုရီးယားနိုင်ငံမှ Train to Busan ဇာတ်ကားအပါအဝင် ဇာတ်ကားသုံးကား ပါဝင်ယှဉ်ပြိုင်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရုပ်ရှင်ပွဲတော်သို့ Train to Busanဇာတ်ကားမှ ဒါရိုက်တာ၊ အခြားသရုပ်ဆောင်များနှင့်အတူ အသက်(၁ဝ)နှစ်အရွယ်ရှိ ကလေးသရုပ်ဆောင် ကင်မ်ဆူအန်လည်း တက်ရောက်မည်ဖြစ်သည်။
ကန်းစ်ရုပ်ရှင်ပွဲတော်တွင် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည့် အဆိုပါ ဇာတ်ကားသည် ကိုရီးယားနိုင်ငံတစ်ဝန်းတွင် မကောင်းဆိုးဝါးဗိုင်းရပ်စ်များ ကူးစက်ပျံ့နှံ့လာသဖြင့် ဘူဆန်မြို့မှ ဆိုးလ်မြို့သို့KTX Express ရထားဖြင့် အသက်ရှင်ရေးထွက်ပြေးတိမ်းရှောင်လာကြရသည့် လူအချို့အကြောင်း ရေးဖွဲ့ ရိုက်ကူးထားသော ဇာတ်ကားတစ်ကားလည်းဖြစ်သည်။
Train to Busan ဇာတ်ကားမှ ဒါရိုက်တာ ယောင်ဆန်ဟူအား ကန်းစ် ရုပ်ရှင်ပွဲတော်သို့ ဖိတ်ကြားခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ¤င်းဖန်တီးထားသည့် အန်နီမေးရှင်းလက်ရာများကြောင့် (၆၅)ကြိမ်မြောက် ရုပ်ရှင်ပွဲတော်တုန်းကလည်း ဖိတ်ကြားခံခဲ့ရကြောင်း သိရသည်။
ဒါရိုက်တာ ယောင်ဆန်ဟူ ဖန်တီးရိုက်ကူးခဲ့သည့် ၂ဝဝ၆ ခုနှစ်ကThe Hell: Two Kinds of Life ဇာတ်ကားနှင့် ၂ဝဝ၈ ခုနှစ်ကLove is Protein ဇာတ်ကားများသည် လက်ရာပြောင်မြောက်လှပြီး ရုပ်ရှင်ပွဲတော်နှင့် အန်နီမေး ရှင်းပွဲတော်အများအပြားတွင် ဖိတ်ခေါ်ပြသခြင်းခံခဲ့ရသည်။
ထို့အပြင် ၂ဝ၁ဝ ခုနှစ်တွင်King of Pigsဇာတ်ကားကို ဘူဆန် ရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသခဲ့ရာ အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ သည့်အပြင် The Fake ကိုရီးယားအန်နီမေးရှင်းဇာတ်ကားဖြင့် Wildflower Film Awardsဆုပေးပွဲ၏ အကောင်းဆုံးဒါရိုက်တာဆုကို ရရှိဆွတ်ခူးခဲ့သူ လည်းဖြစ်သည်။
ဖြိုးစန္ဒာမြင့် - စုစည်းသည်

No comments:

Post a Comment