Sunday, May 1, 2016

ထန်းသားတံတားနေရာတွင် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် ထောက်ပံ့ငွေဖြင့် သံပေါင်ရက်မနှင့် သစ်သားတံတားသစ်ပြန်လည်ဆောက်လုပ်


The Mirror Daily's photo.
တပ်ကုန်း ဧပြီ ၃ဝ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်
ဆောင်ရွက် လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်ထောက်ပံ့ငွေဖြင့် နေပြည်တော်တပ်ကုန်းမြို့နယ် ကြက်သွန်ခင်းကျေးရွာအုပ်စု ဥယျာဉ်ကျေး
ရွာပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေးသွားလာမှု အဆင်
ပြေချောမွေ့စေရန်အတွက် ရိုးကူးတံတားသစ်တည်ဆောက်ခြင်းလုပ်ငန်း
များကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
''ကျွန်တော်တို့ကျေးရွာ ဒေသခံတွေ မြို့ပေါ်ကို ဈေးရောင်း၊ ဈေးဝယ်၊
ပညာသင်ကြားရေးအစရှိတဲ့ လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင် ထန်း
သားတံတားကို ဖြတ်ကျော်သွားရပါ တယ်။ ထန်းသားတွေဆိုတော့ နေပူ၊
မိုးရွာဒဏ်ခံရတဲ့အခါ အပျက်မြန်ပြီး တစ်နှစ်တစ်ခါ ပြုပြင်ခြင်းအလုပ် တွေ လုပ်ကိုင်ရပါတယ်။ ထန်းသား များ ဆွေးလာတော့မယ်ဆိုရင် ထန်း
ပင်ပိုင်ရှင်တွေထံကနေ ထန်းပင်တွေ အလှူခံပြီး ဒေသခံလုပ်အား
တွေနဲ့ မိုးမကျမီ ပြန်လည်ပြုပြင်ရပါ တယ်။ အခုဒီတံတားကို အလျား၂၅
ပေ၊ အကျယ် ၁၂ ပေ နှင့် သံပေါင်ရက်မ၊ သစ်သားခင်း အမျိုးအစားအဖြစ်
အဆင့်မြှင့်တင်လိုက်ပါတယ်။ ယင်းရိုးကူးတံတားပြီးစီးပါက ဥယျာဉ်ကျေး
ရွာပြည်သူများ သွားလာရေး အဆင် ပြေတဲ့အပြင် ပညာရေး၊ ကျန်းမာ
ရေး၊ လူမှုရေးနှင့်ဒေသထွက်ကုန် များ ယခင်ကထက်ပိုမိုဖွံ့ဖြိုးလာ
တော့မယ်'' ဟု ဥယျာဉ်ကျေးရွာမှ ကိုနိုင်ဝင်းက ပြောသည်။
ယင်းတံတား ဆောက်လုပ်ရာ ချောင်းသည် ကျေးရွာမှမြို့ပေါ်သို့
သွားရာလမ်းတွင် နဝင်းချောင်းထဲစီးဝင်လျက်ရှိသော ရွာ၏ တောင်ဘက်
တွင်ကပ်လျက်ရှိသည့် တောင်ကျ ရေစီးဆင်းသည့်ချောင်း ဖြစ်သည်။
တင်စိုးလွင်

No comments:

Post a Comment