Sunday, May 1, 2016

တရားမဝင်သစ်တင်ဆောင်လာသော လိုက်ထရပ်ယာဉ်တစ်စီး ဖမ်းဆီးရမိ



The Mirror Daily's photo.



စစ်ကိုင်း ဧပြီ ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် စကားပင်ကျေးရွာအနီးတွင် တမလန်းတုံးများ တရားမဝင် တင်ဆောင်လာသော လိုက်ထရပ်ယာဉ် တစ်စီးအား ဧပြီ ၂၉ ရက် နံနက်ပိုင်း က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တရားမဝင်သစ်များသယ် ဆောင်လာကြောင်း သတင်းအရ တိုင်းဦးစီး(၁)မုံရွာမြို့မှရဲအုပ်သောင်း ထက်အောင်၊ ကသာခရိုင်မှုခင်းနှိမ်နင်း ရေးမှ ဒုရဲအုပ်ဝေဖြိုး၊ မဲဇာရဲကင်း စခန်းမှူးဒုတပ်ကြပ်ဝင်းလှိုင်ဦးတို့ ပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က အင်းတော် မြို့နယ် စကားပင်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် နေသူအောင်မောင်းနှင် လာသော 8F /-----လိုက်ထရပ်အဖြူ ရောင်ယာဉ်အား မသင်္ကာဖွယ်တွေ့ ရှိသဖြင့် ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ဇင်မောင်မောင်၊ မောင်မောင်ချစ်တို့နှင့်အတူ သိုဝှက် သယ်ဆောင်လာသော တမလန်း ဓားရွေတုံးသုံးတုံး (သုည ဒသမ၆၇၉၈ တန်) တန်ဖိုးငွေကျပ် ၁၃၅၉၆ဝ တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တမလန်း သစ်များ တရားမဝင်သယ်ဆောင်လာသူ မတ္တရာမြို့နယ် ဘုရင့်နောင် တောင်ရပ်ကွက်နေ နေသူအောင် (၂၉)နှစ်၊ ဇင်မောင်မောင်(၃၂)နှစ်နှင့် မောင်မောင်ချစ်(၂၅)နှစ်တို့အား အင်းတော်မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ချစ်လင်း

No comments:

Post a Comment