Monday, May 30, 2016

Miss Contest Grand Final ပြိုင်ပွဲမှ သရုပ်ဆောင်ငယ်နှစ်ဦးရွေးချယ်

သတင်း-မင်းခေတ်၊ ဓာတ်ပုံ-မိုးမခ

ရန်ကုန် မေ ၂၉

ယနေ့ ညနေ ၃နာရီတွင် လှည်းတန်းစင်တာ၌ ပထမဆုံးအကြိမ်ပြုလုပ်သည့်Miss Contest Grand Finalပြိုင်ပွဲကြီးတွင် ပဏာမရွေးချယ်ခဲ့သော ပြိုင်ပွဲဝင်အမျိုး သမီး ၂ဝ ထဲမှ ၂ဝ၁၆ ခုနှစ်အတွက် အမျိုးသမီးသရုပ်ဆောင်ငယ်နှစ်ဦးကို စတင် ရွေးချယ်ခဲ့သည်။
ယခုရွေးချယ်ခဲ့သော အမျိုးသမီးငယ်သရုပ်ဆောင်နှစ်ဦးသည် ယခင် ပဏာမ ရွေးချယ်ခဲ့သော ပြိုင်ပွဲဝင် အမျိုးသမီး ၂ဝ ထဲမှ အဆင့်ဆင့်ရွေးချယ်ခဲ့ခြင်း ဖြစ် သည်။ ပဏာမရွေးချယ်ခဲ့သော ပြိုင်ပွဲဝင် အမျိုးသမီး ၂ဝ တွင် ယနေ့နောက်ဆုံးပြိုင်ပွဲ၌ အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲဝင်သုံးဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော ကြောင့် နောက်ဆုံးရွေးချယ်ခဲ့သည့် အမျိုးသမီးငယ်သရုပ်ဆောင်နှစ်ဦးကို ပြိုင်ပွဲဝင် ၁၇ ဦးထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယနေ့ကျင်းပသည့်Miss Sofy နှင့်Miss Sofy Eva Contest Grand Final ပြိုင်ပွဲကြီးမှ ၂ဝ၁၆ ခုနှစ်အတွက် အမျိုးသမီး သရုပ်ဆောင်ငယ်နှစ်ဦးအဖြစ် ခါးနံပါတ်(၁) နန်းစံ နှင့် ခါးနံပါတ် (၁ဝ) မြတ်နိုး အလှ မယ် နှစ်ဦးရွေးချယ်ခံခဲ့ရသည်။ ရွေးချယ်ခံခဲ့ရသော အမျိုးသမီးနှစ်ဦးသည် ယခု ၂ဝ၁၆ ခုနှစ်အတွက်Sofy နှင့် Sofy Eva အတွက် ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်း၊ ပိုစတာ စသည့်ကြော်ငြာတို့တွင် သရုပ်ဆောင်ရိုက်ကူးပေးရမည်ဖြစ်သည်။ ယခုပြိုင်ပွဲကြီး တွင် ရရှိခဲ့သောMiss Sofy နှင့် Miss Sofy Eva ဆုရရှိသူနှစ်ဦးအား တစ်ဦးလျှင် ငွေ$ကျပ် ၁ဝ သိန်းစီ ဆုချီးမြှင့် ပေးခဲ့သည်။

Miss Sofy နှင့် Miss Sofy Eva Contest Grand Final ပြိုင်ပွဲကြီးသို့ ယနေ့ နောက်ဆုံးဆန်ခါတင်ရွေးချယ်မှုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အလှမယ် များမှာ ခါးနံပါတ်(၁) နန်းစံ၊ ခါးနံပါတ်(၂) ဂျူလိုင်မို့မို့၊ ခါးနံပါတ် (၃) စုမြတ်စန္ဒီ၊ ခါးနံပါတ်(၄) ထက်ထက်အိမ့်၊ ခါးနံပါတ်(၅) မီမီဝင်းဇော်၊ ခါးနံပါတ်(၇)သိမ့်ရတနာလှိုင်၊ ခါးနံပါတ် (၈) ဝင့်ဝင့်မြတ်၊ ခါးနံပါတ်(၉) စုရီထွန်း၊ ခါးနံပါတ်(၁ဝ) မြတ်နိုး၊ ခါးနံပါတ်(၁၂) နွေသီရိနိုင်၊ ခါးနံပါတ်(၁၃) နွဲ့စိုးလှိုင်၊ ခါးနံပါတ်(၁၄) ခိုင်ရွှေဇင်ဦး၊ ခါးနံပါတ်(၁၆) ထက်ထက်ကျော်၊ ခါးနံပါတ် (၁၇) နေရီနွေးနွေး၊ ခါး နံပါတ် ( ၁၈) ယမုံ၊ ခါးနံပါတ်(၁၉) ဝင်းမော်လွင်နှင့် ခါးနံပါတ် (၂ဝ) လီလီအယ်လီနာ တို့ ဖြစ်ကြသည်။
ပြိုင်ပွဲဝင် ခါးနံပါတ် (၆)၊ (၁၁) နှင့် (၁၅) တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။
အဆိုပါMiss Sofy နှင့်Miss Sofy Eva Contest Grand Final ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်များအနေဖြင့် Photo Shooting၊ Mini Game၊ Performance တို့နှင့်Talk Show အနေဖြင့်Alice Ong နှင့် Teresa Khing ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့သည်။
Miss Sofy နှင့် Miss Sofy Eva Contest Grand Final ပြိုင်ပွဲကြီး သည် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးဖြစ်သော်လည်း မျက်နှာသစ် သရုပ်ဆောင် ကြယ်ပွင့်လေးများပေါ်ထွက်လာစေရန် ရည်ရွယ်စီစဉ်သော အစီအစဉ်တစ်ရပ်ဖြစ် ကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment