Monday, May 30, 2016

ဗင်နီဇွဲလားအစိုးရ၊ အတိုက်ခံအုပ်စုများနှင့် စေ့စပ်ညှိနှိုင်းသူများ ဒိုမီနီကန် သမ္မတနိုင်ငံ၌ တွေ့ဆုံ



 
 
 
 
ကရာကတ် မေ ၂၉

ဗင်နီဇွဲလားအစိုးရ ထိပ်ပိုင်းခေါင်း ဆောင်များနှင့် အတိုက်အခံအုပ်စုများက ¤င်းတို့သည် ဒိုမီနီကန်သမ္မတနိုင်ငံ၌ ကြား ဝင်စေ့စပ်ပေးသော အုပ်စုများနှင့်အတူ ဗင်နီဇွဲလားနိုင်ငံအတွင်း လတ်တလော ပေါ်ပေါက်နေသော စီးပွားရေးအကျပ် အတည်းများ၊ နိုင်ငံရေးပဋိပက္ခများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း ပြောသည်။

ရေနံဈေးကျဆင်းမှုနှင့် ဆိုရှယ်လစ် ပုံစံ စီးပွားရေးပြိုလဲပြီးနောက် အိုပက် အဖွဲ့ဝင်နိုင်ငံသည် စီးပွားရေး ကျဆင်း မှုများနှင့် ရင်ဆိုင်နေရသည်။ လွန်ခဲ့ သောနှစ်က အတိုက်အခံအုပ်စုများ သည် အဓိကနေရာများ၌ အောင်မြင်မှုများ ရရှိပြီးနောက် သမ္မတနီကိုးလပ် မက်ဒူရို သည် နိုင်ငံတော်၏ ဥပဒေပြုအဖွဲ့ နှင့် ဝေးကွာလာကာ မလှုပ်သာမရှားသာ ဖြစ်လာသည်။

အဖွဲ့နှစ်ဖွဲ့စလုံးဘက်မှ ၄င်းတို့သည် ယခင် စပိန်ဝန်ကြီးချုပ်ဟောင်း လူးဝစ် ရိုဒရီ ဇက်ပတာရို၊ ပနားမားသမ္မတ ဟောင်း မာတင်တိုရီဂျို့စ်၊ ဒိုမီနီကန် သမ္မတနိုင်ငံမှလီယိုနယ် ဖာနန်ဒတ်စ်တို့ နှင့် တွေ့ဆုံခဲ့သည်ဟု ပြောသည်။ သော ကြာနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် စပိန်ဝန်ကြီး ချုပ်ဟောင်း ဇက်ပတာရိုနှင့် စကားပြော ခဲ့ပြီး အမေရိကန် ပြည်ထောင်စုအနေဖြင့် ယခုပြုလုပ် လျက်ရှိသော စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းများကို ကြိုဆိုကြောင်း၊ စေ့စပ် ညှိနှိုင်းမှု ပြုလုပ်သူများကို လိုအပ်သည့် အကူအညီ များပေးရန် အသင့်ရှိကြောင်း ပြောခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

အတိုက်အခံဘက်မှ ဒီမိုကရက်တစ် အင်အားစု မဟာမိတ်အဖွဲ့က အစည်း အဝေးသို့ တက်ရောက်လာသော ၄င်းတို့ အဖွဲ့၏ ကိုယ်စားလှယ်များသည် သမ္မတ မက်ဒူရိုနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန်အစိုးရနှင့် ညှိနှိုင်းပြောဆိုခြင်း များ မရှိကြောင်းနှင့် ဖမ်းဆီးခံထားရသည့် အတိုက်အခံခေါင်းဆောင်များကို ပြန် လွှတ်ပေးရန်နှင့် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေရသည့် အခြေခံစားသောက် ကုန်များ ပြတ်တောက်မှုကိုဖြေရှင်းရန် နိုင်ငံတကာမှ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများနှင့် ပတ်သက်၍ ကြားဝင်ညှိနှိုင်းစေ့စပ်သူများ နှင့် ဆွေးနွေးခဲ့ကြောင်း ပြောသည်။
(ရိုက်တာ)

No comments:

Post a Comment