Monday, May 30, 2016

အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်မှု ကန်ဒေါ်လာ ၁၂၁ ဒသမ ၈ သန်း ကုန်ကျမည်



 
 
 
 
ဘားအံ မေ ၂၉

ကရင်ပြည်နယ်အတွင်း မဟာမဲခေါင်ဒေသခွဲ၏ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းအဖြစ် ၄၁ ဒသမ ၂၅ မိုင်ခန့် (၆၆ ဒသမ ၄ ကီလိုမီတာ)ရှိသော အိန္ဒု-ကော့ကရိတ်လမ်းပိုင်းကို အာဆီယံ စံချိန် စံနှုန်းအဆင့်(၂)နှင့်အညီ ယာဉ်အမျိုးမျိုးအတွက်သင့်လျော်သော လမ်းအကျယ် ၅ ဒသမ ၅ မီတာရှိ နှစ်လမ်းသွားလမ်းမကြီးကို ယခုနှစ် စက်တင်ဘာလမှစတင်၍ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအတွင်းပြီးစီးအောင် အဆင့်မြှင့်တင်ဆောင်ရွက်ရန် လျာထား ရာ အကြိုလုပ်ငန်းများ ယခုလအတွင်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အကြိုလုပ်ငန်းဆောင်ရွက်မှုများအဖြစ် မေ ၂၃ ရက်မှ စတင်၍ NGO/CSO အဖွဲ့များနှင့် အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ သတင်းအဖွဲ့ များ၊ မီဒီယာအဖွဲ့များ၊ မြို့နယ်ဖွံ့ထောက်အဖွဲ့များနှင့်တွေ့ဆုံခြင်း၊ ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင် ဒေသခံပြည်သူများနှင့်တွေ့ဆုံခြင်းများ ဆောင်ရွက် လျက်ရှိပြီး လမ်းနယ်နှင့်မလွတ်ကင်းသည့်
ဒေသခံများ၏ ဥယျာဉ်ခြံမြေလယ်ယာ များအတွက် လျော်ကြေးကိစ္စနှင့်ပတ် သက်၍ ရှင်းလင်းပွဲများ ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ လမ်းအပိုင်းအဆင့်မြှင့်တင် ခြင်းသည် အာရှဖွံ့ဖြိုးရေးရန်ပုံငွေ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁ဝဝ ၊ အာဆီယံအခြေခံအဆောက်အအုံ ရန်ပုံ ငွေ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂ဝ၊ နိုင်ငံတော်အစိုးရမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၁၂၁ ဒသမ ၈ သန်း လျာထားကုန်ကျမည်ဖြစ် သည်။

အိန္ဒု-ကော့ကရိတ် လမ်းအပိုင်း အဆင့်မြင့်တင်ခြင်း စီမံကိန်းတွင် မြို့ရွာများအပြင်ဘက်၌ ၁ နာရီလျှင် ၈ဝ ကီလိုမီတာနှုန်းဖြင့် မောင်းနှင် နိုင်မည်ဖြစ်ပြီး ကျားကလေးနှင့် ဂျိုင်း ကြား နှစ်စဉ်ရေနစ်မြုပ်ခြင်းမှ ရှောင်ရှား နိုင်ရန် ၁၈ ကီလိုမီတာ လမ်းအပိုင်း တာပေါင်မြှင့်တင်ခြင်း၊ အိန္ဒု၊ ကော့ကဒါ၊ သာယာကုန်း၊ ကျုံဒိုးတို့တွင် လမ်းဆုံ များကို အဆင့်မြှင့်တင်တည်ဆောက် ခြင်း၊ လမ်းကိုအ္တရာယ်ကင်းစွာ အသုံးပြု နိုင်ရန် တိုးချဲ့ခြင်း၊ ကုန်တင်ယာဉ်များနှင့် လူစီးကားများအပြင် မော်တော်ဆိုင်ကယ် များသွားရန် သီးသန့်တည်ဆောက် ခြင်း၊ ကျုံဒိုးဆိပ်ကမ်းပတ်လမ်း တည် ဆောက်ခြင်း၊ လမ်းသွားလမ်းလာများ နှင့်အနှေးယာဉ်များအတွက် လမ်းပခုံး တည်ဆောက်ခြင်း အဆိုပါလမ်းပေါ်ရှိ ဂျိုင်း(ကော့ကရိတ်တံတား)အား ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီJICA ချေးငွေထောက်ပံ့ မှုဖြင့် ဂျိုင်းတံတား တည်ဆောက်ခြင်း များ ပါဝင်မည်ဖြစ်သည်။

အဆိုပါလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းပြီးစီးပါက ထိုင်းနိုင်ငံနှင့် ဆက်သွယ်မှု တိုးတက်ကောင်းမွန်လာ မည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း ခရီးသွားလာချိန်လျော့နည်းစေ၍ စရိတ် သက်သာလာခြင်း၊ ရေကြီးနစ်မြုပ်မှု ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ် တောက်မှုမှ ကင်းဝေးခြင်း၊ လမ်းအ္တရာယ် ကင်းရှင်းခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

ထို့အပြင် ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များအတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်ကာ ကရင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment